၂၀၁၈ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင် အမေရိက ခြေစစ်ပွဲများ စတင် နေပြီဖြစ်ရာ နေမာမပါသော ဘ ရာဇီးက ချီလီကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး မက်ဆီမပါဝင်သော အာဂျင်တီးနားမှာလည်း အိမ်ကွင်းတွင် အီကွေဒေါကို နှစ်ဂိုးပြတ်နှင့်ပင် ရှုံးနိမ့်ခဲ့သည်။
ချီလီအသင်းမှ အလက်ဆစ် ဆန်းချက်ဇ်နှင့် ဖာဂတ်စ်တို့၏ နောက်ကျဂိုးများဖြင့် ဘရာဇီးကို အနိုင်ရခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော သုံးလက ကိုပါ အမေရိကပြိုင်ပွဲတွင် လေးပွဲပယ် ပြစ်ဒဏ်မပြည့်သေးသော နေမာ မှာ ဘရာဇီးအသင်းတွင် မပါဝင် ခဲ့ပေ။ လာမည့်သီတင်းပတ် ဗင်နီ ဇွဲလားနှင့်ပွဲတွင်လည်း နေမာပါ ၀င်နိုင်မည်မဟုတ်သေးပေ။
ဘယ်ဘက်ဒူးဒဏ်ရာကြောင့် အနားယူနေရသော ဘာကာ ကြယ်ပွင့် မက်ဆီ မပါသော အာ ဂျင်တီးနားမှာလည်း အီရာဇိုနှင့် ဆိုင်စီဒိုတို့၏ ၈၁ မိနစ်၊ ၈၂ မိနစ် ဂိုးများဖြင့် အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ သည်။
အာဂျင်တီးနားတွင် အခြား နာမည်ကျော်များဖြစ်သော ဒီမာ ရီယာ၊ အဂူရိုနှင့် မာရှေယာနိုတို့ ပါဝင်ခဲ့သည်။
အခြားပွဲစဉ်များတွင် ဥရုဂွေး က ဘိုလီးဗီးယားကို ၂-၀ ဂိုး၊ ကို လံဘီယာက ပီရူးကို ၂-၀ ဂိုး၊ ပါရာဂွေးက ဗင်နီဇွဲလားကို ၁-၀ ဂိုးဖြင့် အောင်ပွဲခံခဲ့ကြသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။