ဂျာမနီ - ဂျော်ဂျီယာ
နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု
ဂျော်ဂျီယာ ၀-၂ ဂျာမနီ
ဂျာမနီ ၂-၀ ဂျော်ဂျီယာ
ဂျာမနီ ၄-၁ ဂျော်ဂျီယာ
ဂျာမနီတို့ အုပ်စု (D) မှာ ခြေ စစ်ပွဲတိုက်ရိုက်အောင်ဖို့ သေချာသလောက်ရှိပြီး ဒီပွဲကို တစ်ဂိုးအသာလောက်နဲ့ နိုင်အောင်ကန်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဂျာမနီ လက်ရှိမှာ သွင်းဂိုးများနိုင်ရှိတာမို့ နှစ်ဂိုးလောက်လည်း ရနိုင်တယ်။
ပိုလန် - အိုင်ယာလန်
နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု
အိုင်ယာလန် ၁-၁ ပိုလန်
ပိုလန် ၀-၀ အိုင်ယာလန်
အိုင်ယာလန် ၂-၀ ပိုလန်
ပိုလန်နိုင်ဖို့ လိုတဲ့ပွဲဖြစ်ပြီး အကြိတ်အနယ်ဖြစ်နိုင်တယ်။အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲအောင်ဖို့ အဆုံးအဖြတ်ဖြစ်ပြီး အိုင်ယာလန် ကလည်း ပိုလန်ကို တစ်ခါမှ မရှုံးဖူးသေးတာမို့ ခံကစားနိုင်တယ်။ သရေပွဲဆီဦးတည်ပြီး တိုက်စစ်မှူး လီဝမ်ဒေါစကီးပါဝင်တဲ့ ပိုလန်နိုင် ခြေများပါတယ်။
ရုရှား - မွန်တီနီဂရိုး
နောက်ဆုံးတစ်ကြိမ်တွေ့ဆုံမှု
မွန်တီနီဂရိုး ၀-၃ ရုရှား
ရုရှားတို့ အုပ်စုဒုတိယနေရာရဖို့ ကြိုးစားမှာဖြစ်ပြီး ပထမအကျော့ရလဒ်အတိုင်းဖြစ်မလာ တောင်မှ နှစ်ဂိုးလောက်တော့ သွင်းနိုင်တယ်။ ဆွီဒင်ကိုနောက် ကောက်ချဖို့ ရုရှားတို့ အနိုင် ကစားရမယ့်ပွဲဖြစ်ပါတယ်။
ဆွီဒင် - မော်လ်ဒိုဗာ
နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု
မော်လ်ဒိုဗာ ၀-၂ ဆွီဒင်
မော်လ်ဒိုဗာ ၁-၂ ဆွီဒင်
မော်လ်ဒိုဗာ ၁-၄ ဆွီဒင်
ဆွီဒင်အုပ်စုတတိယကနေ နောက်ဆုံးနှစ်ပွဲဆက်အနိုင်ရဖို့ လိုပါတယ်။ ဒီပွဲကတော့ လစ်က်စတိန်းကိုနိုင်ပြီးနောက် ကစားရတဲ့ ပွဲဖြစ်ပါတယ်။ ဆွီဒင်တို့ မော်လ်ဒိုဗာကို အရင်ရလဒ်တွေအတိုင်း နိုင်ခြေများပြီး ဂိုးနည်းပါမယ်။
လူဇင်ဘတ် - ဆလိုဗက်ကီးယား
နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု
ဆလိုဗက်ကီးယား ၃-၀ လူဇင်ဘတ်
လူဇင်ဘတ် ၂-၁ ဆလိုဗက်ကီးယား
လူဇင်ဘတ် ၀-၄ ဆလိုဗက်ကီးယား
လူဇင်ဘတ် ပြီးခဲ့တဲ့နောက်ဆုံးအိမ်ကွင်းမှာ မက်ဆီဒိုးနီးယားကိုနိုင်ပြီး တောင့်တင်းတဲ့အသင်းဖြစ်ကြောင်း သက်သေပြထားပါ တယ်။ ဒါပေမဲ့ ဆလိုဗက်ကီးယားနိုင်ဖို့ များပြီး ဂိုးနည်းမယ်လို့ ထင် ရပါတယ်။
ယူကရိန်း - စပိန်
နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု
စပိန် ၁-၀ ယူကရိန်း
စပိန် ၄-၀ ယူကရိန်း
စပိန် ၂-၁ ယူကရိန်း
ယူကရိန်းတို့ စပိန်ကို တစ်ခါမှ မနိုင်ဖူးသေးပါ။ လက်ရှိမှာ ဥရောပထိပ်သီးစပိန်တို့ အုပ်စု (C)မှာ ထိပ်ဆုံးကရှိနေပေမယ့် ဆလိုဗက်ကီးယားနိုင်ပွဲတွေ ရလာရင်ပထမနေရာဖယ်ပေးရမှာ ဖြစ်ပါတယ်။ စပိန်တို့ ဂိုးအနည်းနဲ့ နိုင်ခြေရှိပါတယ်။ အမြင့်ဆုံးနှစ်ဂိုးလောက်ပဲ သွင်းနိုင်ပါလိမ့်မယ်။
အက်စတိုးနီးယား - ဆွစ်ဇာလန်
နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု
ဆွစ်ဇာလန် ၃-၀ အက်စတိုးနီးယား
ဆွစ်ဇာလန် ၄-၀ အက်စတိုးနီးယား
အက်စတိုးနီးယား ၀-၆ ဆွစ်ဇာလန်
အက်စတိုးနီးယားနိုင်ဖို့ မဖြစ်နိုင်သလောက်ရှိပြီး ဆွစ်ဇာလန် အုပ်စုဒုတိယနဲ့ တက်နိုင်ဖို့ အိမ်ကွင်းမှာ နှစ်ဂိုးလောက်နဲ့ အနိုင် ကစားသွားမှာ ဖြစ်ပါတယ်။
လစ်သူယေးနီးယား - အင်္ဂလန်
နောက်ဆုံးတစ်ကြိမ်တွေ့ ဆုံမှု
အင်္ဂလန် ၄-၀ လစ်သူယေးနီးယား
အင်္ဂလန်တို့ အဝေးကွင်းမှာ ခြေစွမ်းအကောင်းဆုံးနဲ့ ကစား နိုင်ပြီး ခြေစစ်ပွဲအောင်ဖို့ သေချာ ပြီမို့ လူငယ်ကစားသမားတွေနဲ့စမ်းသပ်တာမျိုး လုပ်နိုင်ပါတယ်။ အင်္ဂလန် နှစ်ဂိုးလောက်ရနိုင်ပြီး ဂိုးလည်းပြန်ပေးရနိုင်တယ်။
အီတလီ - နော်ဝေး
နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု
နော်ဝေး ၀-၂ အီတလီ
နော်ဝေး ၀-၀ အီတလီ
အီတလီ ၂-၁ နော်ဝေး
အီတလီတို့ အသင်းလိုက်ကစားပုံ ကောင်းမွန်ပေမယ့်နောက်ဆုံးပွဲမှာ နိုင်ပွဲရဖို့ လိုအပ်ဆဲဖြစ်ပါတယ်။ နော်ဝေးတန်ပြန်တိုက်စစ်ကစားနိုင်ပြီး အီတလီခံစစ်အသေကစားနိုင်တယ်။ ဂိုးနည်းတဲ့ ပွဲဖြစ်ပြီး အိမ်ရှင်အီတလီတို့ ကပ်အနိုင်(သို့မဟုတ်) သရေ ရှိပါတယ်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။