အိုက်စလန် - လတ်ဗီးယား
နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု
လတ်ဗီးယား ၀-၃ အိုက်စလန်
အိုက်စလန် ၂ -၄ လတ်ဗီးယား
လတ်ဗီးယား ၄-၀ အိုက်စလန်
အိုက်စလန်တို့ ဒီတစ်ခေါက်မှာ အုပ်စု (A) ထိပ်ဆုံးရောက်နေပေမယ့် ပြိုင်ဘက်ချက်က တူရကီကိုနောက်ရက်မှ ကစားပြီး နိုင်ခဲ့ရင်အုပ်စုဗိုလ်ကျိန်းသေဖြစ်မှာမို့ လတ်ဗီးယားကို အိမ်ကွင်းမှာ အနိုင်ကစားထားတာအကောင်းဆုံးဖြစ်ပါတယ်။ အိုက်စလန် အိမ်ကွင်းရလဒ်ပိုင်း သရေအနိမ့်ဆုံးရနိုင်ပြီး တစ်ဂိုးလောက်နဲ့ ဂိုး အနည်းကပ်နိုင်ခြေရှိပါတယ်။
ကာဇက်စတန် - နယ်သာလန်
နောက်ဆုံးတစ်ကြိမ်တွေ့ ဆုံမှု
နယ်သာလန် ၃-၁ ကာဇက်စတန်
ရော်ဘင်မပါနိုင်ပေမယ့်နယ်သာလန်တိုက်စစ်မှာ လူစုံခေါ်လာနိုင်ပြီး အုပ်စုတက်ဖို့ မရေမရာ ဖြစ်နေတဲ့ ဧည့်သည် အသင်းရုန်းကန်နိုင်ပါတယ်။ ဒါပေမဲ့ နယ်သာလန် ဂိုးနည်းနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ ကပ်နိုင်ခြေများ နေပါတယ်။
အဇာဘိုင်ဂျန် - အီတလီ
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
အီတလီ ၂-၁ အဇာဘိုင်ဂျန်
အီတလီ ၄-၀ အဇာဘိုင်ဂျန်
အဇာဘိုင်ဂျန် ၀-၂ အီတလီ
အီတလီတို့ ပေါ်တူဂီကို ရှုံးခဲ့ပြီးနောက် မော်လ်တာ၊ ဘူလ်ဂေးရီးယားတို့ကို ဆက်တိုက်နိုင်ခဲ့ပါ တယ်။ ခြေစစ်ပွဲအောင်ဖို့ နီးစပ်နေ တဲ့ အီတလီတို့ အနိုင်ကစားနိုင်ပြီး တစ်ဂိုးအသာလောက်နဲ့ပဲပွဲ ပြီးနိုင် တယ်။
နော်ဝေး - မော်လ်တာ
နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု
မော်လ်တာ ၀-၃ နော်ဝေး
မော်လ်တာ ၁-၄ နော်ဝေး
နော်ဝေး ၄-၀ မော်လ်တာ
နော်ဝေးတို့ မော်လ်တာကို သုံးကြိမ်ဆက်နိုင်ထားဖူးပြီး လက်ရှိမှာလည်း အုပ်စု (H) မှာ အီတလီတို့ နောက်ကနေ ဆက်ရှိနေပြီးကပ်လိုက်ဖို့ ကြိုးစားမှာဖြစ်ပါ တယ်။ နော်ဝေးနိုင်ဖို့ များပြီး နှစ်ဂိုးလောက် ရနိုင်ခြေရှိတယ်။
အန်ဒိုရာ - ဘယ်လ်ဂျီယံ
နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု
ဘယ်လ်ဂျီယံ ၆-၀ အန်ဒိုရာ
ဘယ်လ်ဂျီယံ ၃-၀ အန်ဒိုရာ
အန်ဒိုရာ ၀-၁ ဘယ်လ်ဂျီယံ
အန်ဒိုရာတို့ ထိပ်သီး ကစား သမားတွေ အများအပြားပါနေပြီး အသင်းလိုက်ကစားအားကောင်း တဲ့ ဘယ်လ်ဂျီယံကို သရေရဖို့တောင်မဖြစ်နိုင်ပါ။ ဘယ်လ်ဂျီ ယံနှစ်ဂိုးလောက်ရနိုင်တဲ့ ပွဲဖြစ်ပါ တယ်။ သွင်းဂိုးများနိုင်တဲ့ပွဲပါပဲ။
ဘော့စနီးယားဟာဇီဂိုးဗီးနား - ဝေးလ်စ်
နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု
ဝေးလ်စ် ၀-၀ ဘော့စနီးယား
ဝေးလ်စ် ၀-၂ ဘော့စနီးယား
ဝေးလ်စ် ၂-၂ ဘော့စနီးယား
ဘော့စနီးယားအနိုင်ရဖို့ အိမ်ကွင်းမှာ အနိုင်ကစားသွားနိုင်ပေမယ့် ကမ္ဘာ့အဆင့်တက်လာသလို ခြေစွမ်းပိုင်းအားကောင်းလာတဲ့ ဝေးလ်စ်ကို နိုင်ဖို့ မလွယ်ဘဲသရေလောက်ပဲရနိုင်မှာပါ။ ဝေးလ်စ် ခံစစ်နဲ့ တန်ပြန်တိုက်စစ်ကစားနိုင်တဲ့ ပွဲဖြစ်ပါတယ်။
ခရိုအေးရှား - ဘူလ်ဂေးရီးယား
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
ဘူလ်ဂေးရီးယား ၀-၁ ခရိုအေးရှား
ဘူလ်ဂေးရီးယား ၁-၃ ခရိုအေးရှား
ခရိုအေးရှား ၂-၂ ဘူလ်ဂေးရီးယား
ခရိုအေးရှားခြေစွမ်းကျနေပြီး အီတလီ၊ အဇာဘိုင်ဂျန်တို့နဲ့ ဆက်တိုက်သရေကျပြီး နော်ဝေးကို နှစ်ဂိုးပြတ်ရှုံးခဲ့တယ်။ အိမ်ကွင်းမှာ ခရိုအေးရှားနိုင်ခြေရှိနေပေမယ့် အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေပွဲလည်းဖြစ်သွားနိုင်တယ်။
ချက် - တူရကီ
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
တူရကီ ၁-၂ ချက်
တူရကီ ၀-၂ ချက်
တူရကီ ၂-၁ ချက်
တူရကီ အဝေးကွင်းမှာ ရုန်းကန်ရနိုင်ပြီး ချက်ကလည်း အုပ်စု (A) ထိပ်ဆုံးနေရာအတွက် အလျှော့ပေးကစားလို့ မရတဲ့ပွဲဖြစ်တယ်။ ချက်တို့ အနိမ့်ဆုံး သရေကစားမှာဖြစ်ပြီး တူရကီ နိုင်ခြေနည်းတယ်။ ဂိုးနည်းမယ့်ပွဲပါ။
အစ္စရေး - ဆိုက်ပရပ်စ်
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
ဆိုက်ပရပ်စ် ၁-၂ အစ္စရေး
ဆိုက်ပရပ်စ် ၁-၂ အစ္စရေး
အစ္စရေး ၂-၁ ဆိုက်ပရပ်စ်
အစ္စရေးတို့ အိမ်ကွင်းမှာ ဖိကစားနိုင်ပြီး ခြေစွမ်းအရလည်း အနည်းငယ်သာနေပါတယ်။ ဒါပေမဲ့ ဆိုက်ပရပ်စ်သရေရနိုင်ခြေ ပါးပါးရှိနေပြီး ပုံမှန်အတိုင်းကတော့ အစ္စရေးတစ်ဂိုးအသာနဲ့ နိုင်ခြေများတယ်။
ဆားဘီးယား - ပေါ်တူဂီ
နောက်ဆုံးသုံးကြိမ်တွေ့ ဆုံမှု
ပေါ်တူဂီ ၂-၁ ဆားဘီးယား
ပေါ်တူဂီ ၁-၁ ဆားဘီးယား
ဆားဘီးယား ၁-၁ ပေါ်တူဂီ
အုပ်စု (I) မှာ ဆားဘီးယားတို့ ဖျက်မျဉ်းလုပ်နိုင်တယ်။ ပေါ်တူဂီတို့ဆာဘီးယားကို ဂိုးပြတ်မနိုင်ဖူး တာကြာပါပြီ။ ဆားဘီးယားတို့ အိမ်ကွင်းမှာ ပေါ်တူဂီကို အုပ်စု ပထမ မဖြစ်အောင် ခံကစားနိုင်ပြီး ပေါ်တူဂီသရေရရင်ပဲ ခြေစစ်ပွဲအောင်မှာပါ။ သရေ(သို့မဟုတ်) ပေါ်တူဂီကပ်အနိုင်ပါ။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။