ဆီးရီးယား စစ်မြေပြင်တွင် ဖျက်ဆီးအားပြင်းသည့် ဒုံးကျည်စနစ် ရုရှားအသုံးပြုနေဟု သတင်းများထွက်ပေါ်



ဆီးရီးယားတွင် ရုရှားအနေဖြင့် TOS-1A အမျိုးအစား ဒုံးကျည်လက်နက်များ ဖြန့်ကျက် အသုံးပြုသွားရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

တောက်ပသောကြယ်ဟု နာမည်ပြောင် ခေါ်ဝေါ်လေ့ရှိသည့် အဆိုပါ လက်နက်စနစ်တွင် ဒုံးကျည် အများအပြားကို ပစ်လွှတ်နိုင်ပြီး မြို့ကြီး တစ်မြို့၏ ရပ်ကွက်ရှစ်ခုစာမျှ အကျယ်အဝန်းကို ပြားပြားဝပ်သွားစေနိုင်သည်အထိ ဖျက်ဆီးအား ပြင်းထန်ကြောင်း သိရသည်။

ဆီးရီးယားတွင် သမ္မတ ဘာရှာအယ်လ်အာဆက်ဒ်ဘက်မှ ပါဝင်ကူညီပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့နှင့် အခြားသော သူပုန်များကို လေကြောင်းမှ တိုက်ခိုက်လျက် ရှိသည်။ ယခုအခါတွင်မူ ရုရှားသည် တင့်ကားပေါ် တင်ဆောင် ပစ်ခတ်နိုင်သည့် ဒုံးကျည်လက်နက်များကိုပါ ဆီးရီးယားတွင် ဖြန့်ကျက်သွားရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

စက်တင်ဘာ ၃၀ မှ စတင်ကာ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ရုရှားသည် အောက်တိုဘာ ၁၃ နှင့် ၁၄ ရက်များတွင် အိုင်အက်စ်ပစ်မှတ် ၄၀ ကျော်ကို ဗုံးကြဲခဲ့ပြီး ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။

TOS-1A ဒုံးကျည်လက်နက် စနစ်သည် T-72 တင့်ကားတစ်စီးပေါ်တွင် အထိုင်ချ တပ်ဆင်ထားပြီး ဒုံးကျည် ၂၄ စင်းမှ အစင်း ၃၀ ထိ တစ်ပြိုင်တည်း ပစ်ခတ်နိုင်စွမ်းရှိအောင် တည်ဆောက်ထားသည်။ မကြာသေးမီက ထွက်ပေါ်လာသည့် ဓာတ်ပုံ အထောက်အထားများအရ ရုရှားတို့သည် အနည်းဆုံး TOS-1A လက်နက်တင် တင့်ကား တစ်စီးကို ဆီးရီးယား စစ်မြေပြင်တွင် စတင်အသုံးပြုနေပြီဟု ယူဆရသည်။

IBTimes သတင်းစာက အောက်တိုဘာ လဆန်းတွင် အဆိုပါ လက်နက်စနစ်များ ဆီးရီးယားသို့ စတင်ရောက်ရှိခဲ့သည်ဟု ယုံကြည်ရကြောင်း ရေးသား ဖော်ပြခဲ့သည်။ ပြင်းပြင်းထန်ထန် မီးလောင်မှုများ ဖြစ်ပေါ်စေသည့် ဒုံးကျည်လက်နက်များ အသုံးပြုခြင်းသည် ဆီးရီးယား စစ်မြေပြင်တွင် တိကျမှု မရှိသည့် လက်နက်များ အသုံးပြုနေကြောင်း ရုရှားအပေါ် စွပ်စွဲမှုများကို ပိုမို အားကောင်းလာစေသည်။

အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများက ရုရှားသည် ဆီးရီးယား စစ်ပွဲတွင် တိကျသည့် ပစ်မှတ်ရှာစနစ် မပါဝင်သော စစ်လက်နက်များကို အသုံးပြုနေသဖြင့် အရပ်သားများပါ ထိခိုက်နေကြောင်း စွပ်စွဲထားသော်လည်း ရုရှားကမူ ယင်းကို ငြင်းဆိုထားသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။