ကျောက်ဖြူ မင်းပြင် မိုးလေ၀သ ရေဒါစခန်း ဖွင့်လှစ်

ကျော်ဝင်း
ကျောက်ဖြူ၊ အောက်တိုဘာ ၁၀


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)အကူအညီဖြင့် တည်ဆောက်သော မိုးလေ၀သ မုန်တိုင်းပြ ရေဒါစခန်းကို အောက်တိုဘာလ ၉ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ရေဒါစခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ တက်ရောက်ဖွင့်လှစ်ခဲ့ပေးခဲ့သည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ် မိုးလေ၀သမုန်တိုင်းပြရေဒါစခန်းကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ဆောက်လုပ် ခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်လည်း ရာသီဥတုဆိုင်ရာ မုန်တိုင်းပြရေဒါ စခန်းများ တည်ဆောက် သွားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့ ရေဒါစခန်း၌ စက်ကိရိယာ တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၆ ခုနှစ်တွင် အပြီး ဆောင်ရွက် သွားမည်ဖြစ်ပြီး မန္တလေးမြို့ရှိ ရေဒါစခန်း တည်ဆောက်မှုမှာ ၂၀၁၇ တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ရေဒါစခန်းများမှ အချက်အလက်များ စုဆောင်းတွက်ချက်၍ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ထုတ်ပြန်နိုင်မည်ဟု သိရသည်။


၎င်းအပြင် နေပြည်တော်တွင်လည်း Date Center ကိုလည်း တည်ဆောက်နေပြီး ရေဒါစခန်းများ တည်ဆောက်ပြီးပါက လေတိုက်ခတ်နှုန်း အပါအ၀င် မုန်တိုင်းဝင်ရောက်လာနိုင်မည့် လမ်းကြောင်းတို့ကို ယခင်က ထက် တိတိကျကျ ကြိုတင်ပြီး မုန်တိုင်းသတင်းပေးပို့ချက်များကို အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်သွားနိုင်မည် ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

မင်းပြင်တွင် တပ်ဆင်ထားသော ဒေါများသည် တိမ်များ၏ရွေ့လျားမှု လမ်းကြောင်းနှင့် မုန်တိုင်းဖြစ်ပေါ်ခြေကို အဓိကဖော်ပြ ပေးနိုင်မည် ဖြစ်ပြီး ယခင်က ၆၀ ရာခိုင်နှုန်းခန့် ခန့်မှန်းနိုင်ရာမှ ယခုအခါ ၈၀ ရာခိုင်နှုန်းထိ ပျှမ်းမျှ ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာရှိ ရေဒါများတည်ဆောက်ရန် JICA မှ ယန်း သန်း၄၀၀၀ ကျော် ကူညီထောက်ပံ့ထားကြောင်း သိရသည်။


(ဓာတ်ပုံ- နိရဉ္စရာ/ ကျော်ဝင်း (ကျောက်ဖြူ)

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။