မေယူတောင် အရှေ့ခြမ်း စေတီပြင်-မော်ထက်ချောင်းကို ဖြတ်ပြီး ကြိုးတံတားတည်ဆောက်မည်



ရန်ကုန်၊ စက်တင်ဘာ ၂၀

ဆွစ်ဇာလန်နိုင်ငံသား လူမှုရေး ကူညီနေသူ မစ္စတာတော်နီ ဆိုသူ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယူတောင် အရှေ့ဘက်ခြမ်းရှိ စေတီပြင်နှင့် မော်ထက်ချောင်းကို ဖြတ်ပြီး ကြိုးတံတား တစ်စင်း တည်ဆောက်သွားမည်ဟု သိရသည်။

ယင်းတံတားအတွက် ရန်ကုန် ဆင်မလိုက် သင်္ဘောကျင်းတွင် မစ္စတာတိုနီကိုယ်တိုင် တည်ဆောက်နေသော လက်ကိုင် သံထည်ဘောင်များ၊ တိုင်များ၊ သံထည် အခင်းများမှာ ပြီးစီးသွားပြီ ဖြစ်သဖြင့် ရန်ကုန်မှ တံတား တည်ဆောက်မည့် နေရာသို့ သင်္ဘောဖြင့် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကြံ့ခိုင်ရေးကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဗိုလ်မှူးကြီး (ငြိမ်း) မောင်မောင်ကျော်မှ ပြောသည်။

“ ကျွန်တော်က စက်မှုဝန်ကြီး ဦးမောင်မြင့်နဲ့ မြောက်ဦးမှာ အတူတူ ကျခဲ့ကြတဲ့ တပ်ရင်းမှူးတွေ ဖြစ်ကြပြီး သူ့ဆီကတဆင့် မစ္စတာတိုနီနဲ့ အဆက်အသွယ်ရရှိခဲ့ပါတယ်။ အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ ညွှန်ကြားချက်နဲ့ စေတီပြင်နဲ့ မော်ထက်ရွာ ချောင်းကို ဖြတ်ပြီး ကြိုးတံတား တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ယင်းတံတားကြောင့် နှစ်ပေါင်းများစွာ ကုတိုးလှေငယ်ဖြင့် ချောင်းကို ဖြတ်ကူးပြီး ခရီးသွားလာနေကြရသော ပြည်သူများ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ကြတော့မည်ဟု ဆိုသည်။

မစ္စတာတိုနီသည် တစ်ကမ္ဘာလုံး ပတ်ပြီး တံတား အသေးစားများကို လှူလာခဲ့သည်မှာ အစင်း(၆၀၀) ကျော်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လှူတန်းထားသော ကြိုးတံတားမှာ အစင်း(၈၀) ကျော်သွားပြီ ဖြစ်ကြောင်း သိရှိရသည်။

___Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။