တစညပါတီ စစ်တွေမြို့နယ်တွင် စကားဝိုင်းလုပ်ပြီး မဲဆွယ်စည်းရုံး

စံမောင်သန်း
စစ်တွေ၊ အောက်တိုဘာ ၁၁


တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၌ မဲဆွယ် စည်းရုံးရေး လုပ်ရာတွင် လူထုဟောပြောပွဲ ပုံစံမျိုးမဟုတ်ဘဲ စကားဝိုင်းလုပ်ကာ မဲဆွယ်စည်းရုံးလျက်ရှိသည်ဟု စစ်တွေမြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာ၌ ၀င်ရောက်အရွေးခံမည့် ရခိုင်ပြည်နယ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်လှအေးကပြောသည်။

“မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာ လူထုဟောပြောပွဲ ပုံစံမျိုးမဟုတ်ဘဲ စကားဝိုင်းလုပ်ပြီးတော့ စည်းရုံးပါတယ်။ ရွေးကောက်ပွဲပညာပေးလည်း လုပ်ပေးပါတယ်။ ရွေးကောက်ပွဲ ပညာပေးနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ရဲ့ လက်ကမ်းစာစောင်မှာလည်း ဖေါ်ပြပေးထားပါတယ်”ဟု ဒေါ်လှအေးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် စစ်တွေမြို့နယ်၌ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်လုပ်ဆောင်ခဲ့ပြီး ဂျောဘဂျာ၊ ကျက်တောပြင်၊ ရေချမ်းပြင်၊ ၀ါဘိုနှင့် ကံ့ကော်ကျွန်းအပါအ၀င် ကျေးရွာပေါင်း ၂၀ ကျော်တွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်ပြီးပြီဟု သိရသည်။


ဒေါ်လှအေးအနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိနေပြီး သူမယှဉ်ပြိုင်မည့် ပြည်သူ့ လွှတ်တော်နေရာတွင် နိုင်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိသည်ဟု ပြောသည်။

မဲဆွယ်စည်းရုံးရေးလုပ်ရာတွင် အခက်အခဲတစ်စုံတစ်ရာမရှိသော်လည်း ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါမပါ မသိရှိသူများပြားနေသည်ဟု ဒေါ်လှအေးကပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် ရခိုင်ပြည်နယ် တွင် မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဂွ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ် မြို့နယ်များ တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ၀င်ရောက်အရွေးခံမည်ဟု သိရသည်။

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။