လိပ်ကျွန်းလူသတ်မှု ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ်အမိန့်ချမည်


မြန်မာလုပ်သားနှစ်ဦးကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ−အီးပီအေ)

လိပ်ကျွန်းလူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံရသည့်   မြန်မာ လုပ်သားနှစ်ဦး၏အမှုကို စစ်ဆေး ပြီးပြီဖြစ်၍ ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ်အမိန့်ချမည်ဟု တရား စီရင်မှုပြုလုပ်နေသော ထိုင်းနိုင်ငံ ကော့စမွီတရားသူကြီးက ပြော ကြားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၁ ရက်က ဖမ်းဆီးခံမြန်မာလုပ်သားဝင်းဇော် ထွန်းအား ရုံးထုတ်စစ်ဆေးအပြီး တွင် ကော့စမွီတရားသူကြီးက အပြီးသတ်အမိန့်ချမှတ်မည့်ရက် ကို သတ်မှတ်လိုက်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့ရှေ့နေ ဦး အောင်မျိုးသန့်ကပြောသည်။

မြန်မာလုပ်သားနှစ်ဦးသည် လူသတ်မှုကျူးလွန်ခြင်းမရှိသော ကြောင့် ကွင်းလုံးကျွတ်လွတ်မည် ဟု ယုံကြည်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့က ပြောသည်။

ဖမ်းဆီးတရားစွဲခံရသော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရုံးထုတ်စစ်ဆေးရာ တရားလိုပြရှေ့နေများက စီစီတီဗီအကြောင်းအရာများ၊ ဒီအင်န်အေအကြောင်းအရာများမေးမြန်း ခြင်းမရှိဘဲ ဝန်ခံချက်များကိုသာ အဓိကထားပြီး မေးမြန်းသွားကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

‘‘ကလေးတွေမှာ အပြစ်မရှိ ဘူးဆိုတဲ့အကြောင်းကို တရားရုံး မှာလည်း စစ်ဆေးပြီးပါပြီ။ လွှတ် ပေးရမှာပါ’’ဟု ရှေ့နေ ဦးအောင် မျိုးသန့်က ပြောသည်။

ဝင်းဇော်ထွန်းအား ရုံးထုတ် စစ်ဆေးရာတွင် တရားလိုပြရှေ့ နေများက မလိုအပ်သောမေးခွန်း များကို အချိန်ဆွဲမေးမြန်းခဲ့ပြီး နံနက် ၉ နာရီက စတင်စစ်ဆေးရာည ၉ နာရီခွဲမှ စစ်ဆေးပြီးကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ဦးမင်းဦးက ပြောသည်။

တရားစွဲဆိုသည့်ထိုင်းရဲတပ် ဖွဲ့က ဇူလိုင် ၈ ရက်မှ စက်တင်ဘာ၁ ရက်အထိ တရားလိုပြသက်သေ များအား ၁၃ ကြိမ် ရုံးထုတ်ပြီး မြန်မာလုပ်သားနှစ်ဦးကို အပြစ် ရှိကြောင်း ရုံးတော်သို့ တင်သွင်းခဲ့ သည်။ ထိုသို့ တင်သွင်းသောအ ချက်များကို မြန်မာဘက်မှရှေ့နေ များက ချေဖျက်နိုင်ခဲ့ပြီး ထိုင်းရဲ တပ်ဖွဲ့က တင်သွင်းသောအချက် များသည် မှုခင်းသဘောသဘာဝ အတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိ သည်ကို ထပ်မံပေါ်လွင်စေခဲ့ သည်။

တရားခံပြ သက်သေများ အား စက်တင်ဘာ ၂ ရက်မှ ၂၅ ရက်အထိ ခြောက်ကြိမ် ရုံးထုတ် ၍ မြန်မာလုပ်သားနှစ်ဦးအပြစ် မရှိကြောင်း တင်ပြရာတွင် ထိုင်း ရဲတပ်ဖွဲ့၏ တရားလိုပြရှေ့နေများ က ချေဖျက်နိုင်ခြင်း မရှိကြောင်း ဦးအောင်မျိုးသန့်ကပြောသည်။

 မြန်မာလုပ်သားနှစ်ဦးအ တွက် သက်သာရာရစေသည့်အ ဓိကထွက်ဆိုချက်သည် စက်တင် ဘာ ၁၁ ရက်က နာမည်ကြီးထိုင်း အမျိုးသမီးမှုခင်းဆေးသိပ္ပံဌာန မှူး ဒေါက်တာပွန်တစ် ရုံးတော်သို့ လာရောက်ထွက်ဆိုပေးသော အ ချက်များဖြစ်သည်။

ဗြိတိန်နိုင်ငံသား ဒေးဗစ်မီ လာ (၂၄) နှစ်နှင့် ဟန်နာဝစ်သာ ရစ်ခ်ျ(၂၃)နှစ်တို့သည် ၂၀၁၄ စက်တင်ဘာ ၁၄ ရက်ညဥ့်သန်းခေါင် တွင် လိပ်ကျွန်း၌ အသတ်ခံခဲ့ရ ခြင်းဖြစ်သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။