ဥရောပသမဂ္ဂ၏ ရွေးကောက်ပွဲစောင့်ကြည့်ရေး ကိုယ်စားလှယ်များ နိုင်ငံတစ်ဝန်း စတင်ထွက်ခွာ

ရွေးကောက်ပွဲလွတ် လပ်တရားမျှတမှုရှိ၊မရှိကို လေ့လာစောင့်ကြည်ရန် ဥရောပသမဂ္ဂ၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့မှ ကိုယ်စားလှယ်၃၀ဦးသည် နိုင်ငံတစ်ဝန်းရှိနေရာများသို့ အောက်တိုဘာ ၁၁ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါကိုယ်စားလှယ်များ ၏ လေ့လာစောင့်ကြည်မှုသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အောက်ခြေကျေးရွာများအထိလွှမ်းခြုံနိုင်မည်ဖြစ်ကာ ရွေး ကောက်ပွဲမဲဆွယ်စည်းရုံးမှုများကို လေ့လာစောင့်ကြည့်မှု ပြုလုပ် မည်ဖြစ်သည်။

  ဥရောပသမဂ္ဂ၏ ရွေး ကောက်ပွဲစောင့်ကြည်လေ့လာ ရေးအဖွဲ့သည် ရွေးကောက်ပွဲနေ့ စောင့်ကြည့်ခြင်းအပြင် ရွေးကောက်ပွဲအကြိုမဲဆွယ်စည်းရုံးမှုများကိုလေ့လာစောင့်ကြည့်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အပတ်စဉ်တိုင်းတွေ့ဆုံဆွေးနွေးကာ အစီရင်ခံစာတင်ပြမည်ဖြစ်သည်။

ရွေးကောက်ပွဲတစ်ခုလုံးကို လေ့လာစောင့်ကြည့်သည့် အစီရင်ခံစာကိုမူ ရွေးကောက်ပွဲအပြီးတွင် ထုတ်ပြန်သွားမည်ဖြစ်သည်။ ဥရောပသမဂ္ဂ၏ ရွေး ကောက်ပွဲလေ့လာစောင့်ကြည့် ရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ ရွေး ကောက်ပွဲကို ကာလရှည်လေ့လာ စောင့်ကြည့်မည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။


 ဥရောပသမဂ္ဂ(EU)မှ စေလွှတ်မည့်ရွေးကောက်ပွဲလေ့ လာစောင့်ကြည့်ရေးအဖွဲ့(EOM) တွင် လူတစ်ရာကျော်ပါဝင်မည် ဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်စွဲဖြင့် ဥရောပသမဂ္ဂက သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)၏ ဖိတ်ကြား ချက်အရ နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကိုလေ့ လာစောင့်ကြည့်ရန် ဥရောပသမဂ္ဂ သည် EOMကို ဖွဲ့စည်းခဲ့ပြီး ထိုအ ဖွဲ့ကို ဥရောပပါလီမန်ဒုဥက္ကဋ္ဌအ လက်ဇန္ဒားဂရက်ဖ်လမ့်ဒေါ့ဖ်က ဦးဆောင်ထားသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။