အမျိုးသမီးငယ် တစ်ဦးကို အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံထားရသော ဒုတပ်ကြပ်ကို စစ်ခုံရုံးက အမှုသုံးခုဖြင့် စွဲချက်တင်ထားဟုဆို

စံမောင်သန်း
စစ်တွေ၊ အောက်တို ၁၁



စက်တင်ဘာလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ ဓည၀တီ က ရပ်ကွက်နေ နာမကျန်းဖြစ်နေသည့် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံထားရသော တပ်ရင်း ၃၅၄ မှ ဒုတပ်ကြပ် နေ၀င်းအောင်ကို မူးယစ်သောက်စားမှု၊ တာဝန်ပျက်ကွက်မှု၊ တပ်မတော်ကို ပြည်သူကြားထဲ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုတို့ဖြင့် စစ်ခုံရုံးတွင် စွဲချက်တင်ထားသည်ဟု စစ်တွေအခြေစိုက် ရခိုင်လူမှုအဖွဲ့အစည်းများ ညှိနှိုင်းရေးကော်မတီက ဒစက မှူးကို ကိုးကားပြီး ပြောဆိုသည်။

၎င်းအမျိုးသမီးငယ် အမှုကိစ္စနှင့် ပတ်သက်ပြီး ရခိုင်လူမှုအဖွဲ့အစည်းများ ညှိနှိုင်းရေးကော်မတီက အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတွင် ရှင်းလင်း ပွဲ တစ်ရပ် ပြုလုပ်စဉ် ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဒုတပ်ကြပ်နေ၀င်းအောင်သည် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်သည်ဟု စက်တင်ဘာလ ၂၃ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် ၁ ရဲစခန်းတွင် ပ-၂၀၃/၃၇၆ ဖြင့် အမှုဖွင့်ထားသော်လည်း စက်တင်လာလ ၂၅ ရက်နေ့က စစ်ခုံရုံးဖြင့် စစ်ဆေးမည်ဟုဆိုကာ တပ်မတော်မှ ဒေသဆိုင်ရာ အရာရှိများက ရဲစခန်းမှ ထုတ်ယူသွားသည်ဟု သိရသည်။

ယင်းနောက်ပိုင်း တပ်မတော်အနေဖြင့် အမှုကို ဖျောက်ဖျက်ပစ်ရန် ကြိုးစားနေသည်ဟု ပြည်သူကြားထဲတွင် သတင်းများ ထွက်ပေါ်နေခဲ့၍ အဖြစ်အမှန်အတိအကျကို သိရှိရန် ရခိုင်ပြည်နယ် လှုမှုအဖွဲ့အစည်းများ ညှိနှိုင်းရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အဆိုပါညှိနှိုင်းရေးကော်မတီက အမှတ် ၁ ရဲစခန်း၊ စစ်တွေဆေးရုံကြီး ၊ ဖြစ်ပွားသည့် ရပ်ကွက်ကို သွားရောက်လေ့လာပြီး အောက်တိုဘာလ ၇ ရက်နေ့က ဒစကမှူးနှင့်တွေ့ဆုံပြီး ဒုတပ်ကြပ်နေ၀င်းအောင် ကိစ္စနှင့် ပတ်သက်ပြီးမေးမြန်းရာ သူ့အား တပ်မတော် စစ်ခုံရုံးက မူးယစ်သောက်စားမှု၊ တာဝန်ပျက်ကွက်မှု၊ ပြည်သူကြားထဲ တပ်မတော် ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုတို့ဖြင့် တရားစွဲထားသည်ဟု ပြောဆိုကြောင်း အဆိုပါကိစ္စကို လိုက်ပါဆောင်ရွက်ခဲ့သူ မြို့မိမြို့ဖ ဦးသာပွင့်ကပြောသည်။

___Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။