မြောက်ဦးမြို့ပေါ်တွင် စိုက်ထူထားသော တသီးပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆိုင်းဘုတ်၊ဗီနိုင်းများ ဖျက်ဆီးခံရ

ရန်ကုန်၊ အောက်တိုဘာ ၁၀



ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်တွင် စိုက်ထူထားသော တသီးပုဂ္ဂလ အမျိုးသား လွှတ်တော်ကိုယ်စား ဦးဦးကျော်သိန်း၏ ဆိုင်းဘုတ်များ၊ ဗိနိုင်းများဖျက်ဆီးခံခဲ့ရသည်ဟု သတင်း ရရှိသည်။

“ မနေ့ည အောက်တိုဘာလ ၉ ရက်နေ့မှာ ကြက်ဈီးခွဆုံမှာ စိုက်ထူထားတဲ့ ဗီနိုင်း ထွားထွားညက်ညက် ကြေအောင် ဖျက်ဆီးခံထားရပါတယ်။ လူတစ်ရပ်ကျော်အမြင့်မှာ ထောင်ထားတာပါ” ဟု အမျိုးသား လွှတ်တော်ကိုယ်စား ဦးဦးကျော်သိန်းက ပြောသည်။

အလားတူ မြောက်ဦးမြို့ အလယ်ဈီးလမ်းဆုံတွင် စိုက်ထူထားသော ၄ ပေ၊ ၃ ပေရှိ ဆိုင်းဘုတ်တစ်ခုလည်း အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၇ နာရီခွဲခန့် ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

“ ကျွန်တော်နဲ့ ပြိုင်မယ့် ကိုယ်စားလှယ် ၇ ဦးရှိပါတယ်။ အဲဒီအထဲက အင်အားကြီးပါတီ တစ်ခုက ကိုယ်စားလှယ် တစ်ဦးရဲ့ သွေးထိုး လုံဆော်မှုလို့ ယူဆပါတယ်။ အခုတော့ မြောက်ဦးခရိုင် ရွေးကောက်ပွဲ ကော်မရှင်ကိုရော၊ ရဲစခန်းကိုရော တိုင်ကြားထားပါတယ်” ဟု ဦးကျော်သိန်းက ပြောသည်။

ဦးဦးကျော်သိန်း၏ တိုင်ကြားစာကို လက်ခံရရှိကြောင်းနှင့် ယင်းစာအား ခရိုင်ကော်မရှင် ဥက္ကဋ္ဌထံသို့ တင်ပြ ထားကြောင်း မြောက်ဦးမြို့ နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးရွှေသန်းက နိရဉ္စရာသို့ ပြောဆိုသည်။
“ ဒီနေ့ မနက်ကဘဲ တိုင်ကြားစာကို ရပါတယ်။ မဲရုံးမှူး သင်တန်းလုပ်နေတဲ့ ဒီနေ့မနက်ကဘဲ ဦးဦးကျော်သိန်း ဆီက တိုင်စာကို ရပါတယ်။ အခု ခရိုင် ဥက္ကဋ္ဌကော်မရှင် တင်ပြလိုက်ပါပြီ။ ခရိုင်ကော်မရှင်ရဲ့ လမ်းညွှန်တဲ့ အတိုင်း ဆက်လုပ်မှာပါ” ဟု ဆိုသည်။

ယင်းပြင် ယခု လုပ်ရပ်မှာ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စား လှယ်လောင်းနှင့် သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူများ အကြား သဘောထား ကွဲလွဲ၍ ဖြစ်ပုံရကြောင်း၊ ယခု လုပ်ရပ်များကြောင့် ရွေးကောက်ပွဲကို ထိခိုက်မည် ဟု မထင်ကြောင်း မြောက်ဦးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးရွှေသန်းက ပြောဆိုသည်။

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။