ရန်ကုန်၊ အောက်တိုဘာ ၁၀

(ယနေ့ဖမ်းမိသော ရွှေချောင်းများကိုတွေ့ရစဉ်/ ဓာတ်ပုံ- The Star)
မလေးရှားနိုင်ငံသား သုံးဦးကို ရွှေ ၄၅ ကီလိုဂရမ် (Kilograms) နှင့် အတူ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားနိုင်ငံတကာ လေဆိပ်တွင် ဖမ်းမိသည်ဟု The Daily Star သတင်းစာတွင် ရေးသားဖော်ပြသည်။
ဖမ်းဆီခံရသူများမှာ Hee Wooi Khong (၂၈) နှစ်၊ Johari Bin Harun (၄၁) နှစ်နှင့် Mohd Azwan Bin Salihin (၂၁) နှစ်တို့ ဖြစ်ကြသည်။
သူတို့ သုံးဦးအား ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မလေးရှား လေကြောင်းလိုင်းဖြင့် ဒက္ကားလေဆိပ်သို့ ရောက်ရှိလာစဉ် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ရှာဖွေတွေ့ရှိသည်ဟု သိရသည်။
သူတို့ကိုစစ်ဆေးရာ အငှားသယ်ဆောင်သူများ ဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသည်။
______Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။