ကောင်းမြတ်နိုင်(မောင်တော)
ရန်ကုန်၊အောက်တိုဘာ ၁၀

တန်းဆင်းဇုန်အန္တရာယ်ရှိသည့် ရခိုင်ူယနိုက်တက် အသင်းအနေဖြင့် ဟံသာဝတီအသင်းနှင့်ကစားမည့်ပွဲစဉ် တွင် နိုင်ပွဲသေချာစေရန်အတွင် ရခိုင် ပရိတ်သတ်များ လာရောက်အားပေး ကြစေလိုကြောင်း ရခိုင်အသင်း၏ မီဒီယာတာဝန်ခံ ကိုသက်ထူးနိုင်ဦးက နိရဉ္စရာ ရခိုင်သတင်းဌာန သို့ ပြောသည်။
"ဒီပွဲစဉ်ဟာ နှစ်သင်းစလုံး အတွက် အလွန်အရေးကြိံးပါတယ်။ ဒါကြောင့် နိုင်ပွဲသေချာအောင် ပရိသတ်ရဲ့ အားလည်း လိုအပ်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ရခိုင်ပရိသတ်တွေကို အမျိုးသားရေး စိတ်ဓာတ်နဲ့ လာရောက် အားပေးကြ ပါလို့ ဖိတ်ခေါ်ပါတယ် "ဟု ကိုသက်ထူးနိုင်ဦးက ဆိုသည်။
"ဒီပွဲစဉ်ကို လာရောက်အားပေး တဲ့ ပရိသတ် အယောက် ၁၀၀ ဦးအ တွက် လက်မှတ် အခမဲ့ကြည့်ရှုခွင့်ပြု ဖို့ စီစဉ်ထား ပါတယ်။ နောက်ထပ် အစီအစဉ်တွေ ရှိသေး သလို ရခိုင်စည် တီးခတ်အားပေးဖို့လည်း ရှိပါတယ်" ဟု ၎င်းက ဆက်ဆိုသည်။
ရခိုင်အသင်းနှင့် ဟံသာဝတီ အသင်း၏ ပထမတွေ့ဆုံပွဲတွင် တစ်ဖက် တစ်ဂိုးစီ သရေကျထားသည်။
အောက်တိုဘာလ ၁၈ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ အောင်ဆန်းကွင်း ၌ ရခိုင်အသင်းနှင့် ဟံသာဝတီ အသင်း ပွဲစဉ်သည် တန်းဆင်းဇုန် အန္တရာယ် အတွက် အဓိက အကြိတ်အနယ် ကစားကြမည့် ပွဲတစ်ပွဲ
ဖြစ်သည်။
မြန်မာနယ်ရှင်နယ်လိဂ်ပွဲစဉ် ၁၉ပွဲ ကစားပြီးချိန်တွင် ရခိုင်အသင်း က ရမှတ် ၁၈မှတ်၊ဟံဟာဝတီအသင်းက ရမှတ် ၁၈မှတ် တူညီနေပြီး ယခု ပွဲစဉ်အား အနိုင်ရရှိသည့်အသင်းသည် တန်းမဆင်းရန် သေချာမည် ဖြစ်သည်။

___Narinjara News
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။