ဒေါက်တာ အေးမောင်နှင့် ဦးဇော်အေးမောင် တို့အား လေးဝတီကုလရက္ခိတအသင်းမှ အမျိုးသား ဂုဏ်ထူးဆောင်ဆု ချီးမြှင့်

ကောင်းမြတ်နိုင်(မောင်တော)
ရန်ကုန်၊အောက်တိုဘာ ၎


လေးဝတီ ကုလရက္ခိတ ပရဟိတအသင်းမှ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ရန်ကုန်တိုင်း ဒေသကြိံး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြိံး ဦးဇော်အေးမောင်တို့အား အမျိုးသား ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်လိုက်ကြောင်း သတင်း ရရှိသည်။

အောက်တိုဘာလ ၃ရက်နေ့က ဒုတိယ အကြိမ်မြောက် ကျင်းပသည့် ကလေးသူငယ်များ ပညာရေးရံပုံငွေ ရခိုင်လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲတွင် ၎င်းဆုများကို ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

“ ၂၀၁၀ မြန်မာ့အပြောင်းအလဲကနေ ဒီနေ့ထိ ရခိုင်လူမျိုးနဲ့ ရခိုင်ပြည်နယ် အကျိုးစီးပွားအတွက် ဆောင်ရွက် ခဲ့တဲ့ သူတွေပါ။ အားလုံးထဲမှာ ထင်ထင်ပေါ်ပေါ် နဲ့ လူအများက လက်ခံယုံကြည့်သူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသား ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်ရတာပါ” ဟု ရခိုင်လူမှုရေး လုပ်နေသည့် လေးဝတီ ကုလရက္ခိတ ပရဟိတ အသင်း (ဗဟို) ဥက္ကဋ္ဌ ကိုဗျာလ ကဆိုသည်။



ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြိံးဦးဇော်အေးမောင်မှလည်း “ အမျိုးသား ဂုဏ်ထူးဆောင်ဆု ချီးမြှင့် ခံရတယ် ဆိုတာ ဝမ်းသားဂုဏ်ယူစရာပါ။ ဒါကြောင့် ရခိုင်လူမျိုးနဲ့ ရခိုင်ပြည်နယ် အကျိုးစီးပွား အတွက် ပိုပြီးတော့ ဆောင်ရွက်ပေးရတော့ မယ်လို့ ပြောချင်ပါတယ်။ဒီအခမ်းအနားမှာ ဒီလို ဆုမျိုးချီးမြှင့်ခံရလိမ့်မယ်လို့ ကြို မသိခဲ့ပါဘူး။တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်တွေ ရဲ့ ထောက်ခံမှု ကြောင့် ဒီဆုကို ရရှိတာ ဖြစ်တဲ့ အတွက် ပိုပြီးတန်ဖိုးရှိ ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ရခိုင်အမျိုးသားကွန်ရက်(ANN) ဥက္ကဋ္ဌ ကိုတင်ထူးအောင်ကလည်း ယခုကဲ့သို့ ရခိုင်ခေါင်းဆောင်နှစ်ဦး ဆုချီးမြှင့်ခံရသဖြင့် အမျိုးသားအကျိုးစီးပွားကို ပိုပြီးဆောင်ရွက်လာနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း နိရဉ္စရာသို့ ပြောဆိုသည်။

"အမျိုးသား ပြန်လည်သင့်မြတ် ရေးနဲ့ အမျိုးသား အကျိုးစီးပွားကို ဆောင် ရွက်နိုင်လို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်ခံရတာပါ။နောက်ထပ်လည်း အမျိုးသားအကျိုးစီးပွားကို ပိုပြီးဆောင်ရွက် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကိုတင်ထူးအောင်က ပြောသည်။

ဆုအား ရခိုင် တိုင်းရင်းသားရေးရာဝန်ကြိံး ဦးဇော်အေးမောင်မှာ ကိုယ်တိုင် လက်ခံ ရယူခဲ့သော်လည်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ပါတီအောင်နိုင် ရေး မဲဆွယ်ဟောပြောပွဲအတွက် ရခိုင်ပြည်နယ် တွင်ရောက်ရှိနေ၍ သူ့ကိုယ်စား ရမ်းဗြဲမြို့နယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးစိုးဝင်းက လက်ခံရယူခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ အောက်တိုဘာလ ၃ ရက်နေ့လယ် ၂ နာရီတွင် ကျင်းပရာ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြိံး ဦးဇော်အေးမောင်၊ ရခိုင်ယူနိုက်တက် ဘောလုံး အသင်းပိုင်ရှင် ဦးဇော်မြင့်သိန်း တက်ရောက်ပြီး ပွဲအတွက် အလှူငွေ ၁၅သိန်းပေးအပ်ခဲ့ သည်။

ရခိုင်လူမျိုး အဆိုတော်များဖြစ်သည့် မိုင်၊ ရတနာမိုင်၊ ဆုမြတ်ထက်၊ မိချောတို့ တက်ရောက် အားပေး တေးသီချင်း များဖြင့် သီဆို ဖြေဖျော်ခဲ့ကြောင်းလည်းသိရသည်။

ဘောလုံးပြိုင်ပွဲတွင် အသင်း ၂၄သင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြိံး ၊တောင်ဥက္ကလာပ မြို့နယ်ရှိ ပဒေသာတိုင်းအားကစားကွင်းတွင် အောက်တိုဘာလ ၂၅ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။