ဓားဖြင့်ထိုးခံရ၍ သေဆုံးသွားသော ယာဉ်ထိန်းရဲ၏ ဈာပနကျင်းပစဉ် (ဓာတ်ပုံ − ဖြိုးဖြိုးဇော်)
မန္တလေးမြို့အောင်မြေ သာစံမြို့နယ် ကျုံးအရှေ့ဘက်မီး ပွိုင့်တွင် ဆရာဝန်တစ်ဦးက ယာဉ် ထိန်းရဲကို ဓားဖြင့်ထိုးသတ်မှုနှင့် ပတ်သက်၍ ဖြစ်စဉ်မှန်ပေါ်ပေါက် စေရန် ခုံရုံးဖွဲ့စစ်ဆေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ကျုံးအရှေ့ဘက် ၁၉ လမ်း၊ ၆၆ လမ်းမီးပွိုင့်တွင် စက်တင်ဘာ ၂၄ ရက်နံနက်က ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းစစ်ဆေးနေ စဉ် ဆိုင်ကယ်စီးအမျိုးသားတစ်ဦး လိုင်စင်မပါ၍ ဒဏ်ကြေးဆောင် သည့်ဖြတ်ပိုင်းဖြတ်ရန် ပြောဆိုစဉ် ၎င်းအမျိုးသားသည် အစ်ကိုဖြစ်သူ ဆရာဝန်ကို သွားရောက်ခေါ် ဆောင်ခဲ့ပြီး စကားများကာ ယာဉ်ထိန်းရဲကို ဓားဖြင့်ထိုးသတ်မှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။
‘‘အမှုမှန်ပေါ်ပေါက်ဖို့အ တွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ လိုက်တယ်။ အဲဒီထဲမှာ သက်သေ တွေ၊ တာဝန်ကျယာဉ်ထိန်းတွေ လည်း ပါမယ်။ ဒီဖြစ်စဉ်နဲ့ပတ် သက်ပြီး အမှန်တကယ်သိတဲ့သူ တွေလည်း လာရောက်ထွက်ဆိုလို့ ရပါတယ်။ တာဝန်ချိန်မှာ ယူနီ ဖောင်းချွတ်တာမျိုးတို့ တကယ် စစ်ဆေးသိရရင်တော့ ဆက်ပြီး အရေးယူရမှာပေါ့။ အမှုဖြစ်စဉ် အမှန်သိရှိဖို့ပါပဲ’’ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အကြီး တန်းရဲအရာရှိတစ်ဦးက ပြော သည်။
ခုံရုံးဖွဲ့စစ်ဆေးရေးအဖွဲ့ တွင် ဒုတိယရဲမှူးကြီးအဆင့်က ဥက္ကဋ္ဌအဖြစ် ပါဝင်မည်ဖြစ်ကာ စစ်ဆေးရာ၌ အခင်းဖြစ်ပွားစဉ် တာဝန်အတူ ထမ်းဆောင်နေ သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မျက်မြင်သက်သေများ၊ အုပ်ချုပ် ရေးအဖွဲ့များကို စစ်ဆေးသွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံစုံ စမ်းသိရသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဆောင်ရွက်နေသည့် ယာဉ် ထိန်းရဲကို ဓားဖြင့် ထိုးခဲ့စဉ်က ကျူးလွန်သူ ဒေါက်တာလှစိုးထွန်း သည် မူးယစ်ဆေးဝါးသုံးစွဲထားမှု နှင့် စိတ်ကျန်းမာရေးကောင်းမွန်မှု ရှိ၊ မရှိ စစ်ဆေးထားပြီး တရား သူကြီး၏ချုပ်မိန့်တစ်လဖြင့် မန္တ လေးအိုးဘိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။
ယာဉ်ထိန်းရဲ အသတ်ခံရ မှုနှင့်ပတ်သက်၍ ကျူးလွန်သူ ဒေါက်တာလှစိုးထွန်းနှင့် ပြစ်မှု ကျူးလွန်ရာတွင် အားပေးကူညီ ခဲ့သည့် လှမျိုးထွန်းတို့ကို အောင် မြေသာစံမြို့နယ် အမှတ်(၁)နယ် မြေရဲတပ်ဖွဲ့စခန်း၌ ပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့်ထားသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။