မယ်စကြဝဠာပြိုင်ပွဲအစအဆုံးကို ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသမည်


မယ်စကြဝဠာ ၂၀၁၅ နှင့် ၂၀၁၆ ပြိုင်ပွဲ၏ ပွဲစဉ်အစ အဆုံးကို mntv နှင့် Channel 9 ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ် လွှင့်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်လပိုင်းက ပြုလုပ်ခဲ့သော အလှမယ်ပြိုင်ပွဲတစ်ခု၏ ဖျော်ဖြေရေး အစီအစဉ်တွင် မြန်မာ့ယဉ်ကျေးမှုနှင့် မသင့်လျော် သည့် ဝတ်စားဆင်ယင်မှုများရှိခဲ့ သောကြောင့် မယ်စကြဝဠာ မြန်မာပြိုင်ပွဲ၏ ရေကူးဝတ်စုံနှင့် ယှဉ်ပြိုင်သည့် အစီအစဉ်ကို ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ် လွှင့်ပြသခွင့်ရရန် ညှိနှိုင်းမှုများပြု လုပ်ခဲ့ရသည်။

ယင်းပြိုင်ပွဲကို အောက်တို ဘာ ၃ ရက်ညနေတွင် ပြုလုပ်မည် ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသီး သီးမှ ရွေးချယ်ထားသည့် အလှ မယ်များအပါအဝင် ဆန်ခါတင် အလှမယ် စုစုပေါင်း ၂၀ ဦး ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။

ဖျော်ဖြေရေးအစီအစဉ် အနေဖြင့် စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး၊ အောင်ထက်၊ အောင်သီဟနှင့် Life & Dance အကအဖွဲ့တို့ဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။

‘‘အဖွင့်တင်ဆက်မှုကို ပရိ သတ်တွေနဲ့ တစ်သားတည်းဖြစ် အောင် စီစဉ်ထားပါတယ်’’ဟု မယ်စကြဝဠာမြန်မာပြိုင်ပွဲ၏ National Director ဒေါ်စိုးယုဝေ က ပြောသည်။

အလှမယ်များ၏ ယှဉ်ပြိုင်မှု အစီအစဉ်များကိုမူ ယခင်နှစ်များ က ပုံစံအတိုင်း Round သုံးခုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ပြီး ရေကူးဝတ်စုံ Round တွင် နောက်ဆုံးအဆင့် ဆန်ခါတင် ၁၀ ဦးကို ရွေးချယ် မည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို ဂန္ဓမာဟိုး ဆေးလ်တွင် ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်များကို ငွေကျပ်နှစ် သောင်း၊ သုံးသောင်း၊ ငါးသောင်း နှင့် တစ်သိန်းသတ်မှတ်ထား သည်။

ယခုနှစ်ပြိုင်ပွဲတွင် မယ်စကြ ဝဠာ မြန်မာ ၂၀၁၅ နှင့် ၂၀၁၆ အလှမယ်နှစ်ဦး ရွေးချယ်မည်ဖြစ် ပြီး ၂၀၁၆ ပြိုင်ပွဲအတွက် ဆုရရှိ သူသည် လာမည့်နှစ်တွင်ပြုလုပ် သော မယ်စကြဝဠာ ၂၀၁၆ ပြိုင် ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိ မည်ဖြစ်သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။