ရွေးကောက်ပွဲနီးကပ်ချိန် တိုင်းပြည်မငြိမ်မသက်ဖြစ်စေသည့်အရာများကို မဘသဆရာတော်များမပြုလုပ်စေရေးထိန်းသိမ်းမည်ဟု မဘသဗဟိုမှ မိန့်ကြား


မဘသ(ဗဟို)မှသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ−ဇေနွေထွန်း)

 ရွေးကောက်ပွဲနီးကပ် လာချိန် တိုင်းပြည်မငြိမ်မသက် ဖြစ်ပေါ်စေသော အရာမျိုးကို မဘသ ဆရာတော်များ  ပြုလုပ် မည်ဆိုပါက မဘသ (ဗဟို)အဖွဲ့ က ထိန်းသိမ်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘သိပ်ဆိုးရွားလာရင်၊ တိုင်း ပြည်ကိုလှုပ်လာရင် ကိုယ့်ဘက် ကိုယ်ထိန်းမယ်။ ဒါပေမဲ့ တိုင်းပြည်လှုပ်လာတာက မဘသကြောင့် မဟုတ်ဘူး။ တိုင်းပြည်မငြိမ်သက် ဖြစ်စေတဲ့အရာမျိုးဆို မဘသ ကြောင့်ဖြစ်ပေါ်မယ်ဆို မဘသက ထိန်းမယ်။ တခြားပါတီတွေ ကြောင့်ဖြစ်ရင်လည်း ပါတီက ထိန်းရမယ်။ လက်ရှိအစိုးရက ဖြစ်ပေါ်ခဲ့တဲ့ အရာတွေဆို အစိုးရက ထိန်းရမယ်။ ဒါပေမဲ့ တစ်သင်း တစ်ဖွဲ့ကို ပြဿနာရှာပြီး တစ် သင်းတစ်ဖွဲ့ကိုပဲ အလေးပေးဖော် ပြတာကျတော့ မျှတစေချင်တယ်။ ညီညွတ်စေချင်တယ်။ နားလည် ပေးစေချင်တယ်’’ဟု မဘသ၏ ဗဟိုဦးဆောင်ဆရာတော် ဒေါက်တာ အရှင်ဓမ္မပီယက မိန့်ကြား သည်။

ရန်ကုန်မြို့ အင်းစိန်ရွာမပရိ ယတ္တိစာသင်တိုက်တွင် အောက် တိုဘာ ၂ ရက်က ပြုလုပ်သော မဘသ (ဗဟို)၏ မျိုးစောင့်ဥပ ဒေပေါ်ပေါက်လာခြင်းအထိမ်းအ မှတ်ဂုဏ်ပြုကြိုဆိုပွဲပြုလုပ်မည့် အစီအစဉ်နှင့် ပတ်သက်၍ သ တင်းစာရှင်းလင်းပွဲ၌ ဆရာတော် က အထက်ပါအတိုင်း မိန့်ကြားခဲ့ ခြင်း ဖြစ်သည်။

ပြည်တွင်းသတင်းမီဒီယာအ ချို့က အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့၏ ဆရာတော်အချို့သည် အတိုက်အခံပါတီကြီးတစ်ခုအပေါ် အထင်အမြင်လွဲစေသော ဟောပြောချက်များ၊ စာရွက်များဝေငှခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ယင်းသို့ပြုလုပ်သူနှင့်သာ သက်ဆိုင်ပြီး မဘသအဖွဲ့အစည်း၏ လုပ်ရပ်မဟုတ်ကြောင်းဆရာတော်က ဆက်လက်မိန့်ကြားသည်။ အဆိုပါရှင်းလင်းပွဲကို ပြည် တွင်း၊ ပြည်ပသတင်းမီဒီယာများ တက်ရောက်မေးမြန်းခဲ့ပြီး ဆရာ တော်တစ်ပါးတည်းက အင်္ဂလိပ်၊ မြန်မာဘာသာစကားနှစ်မျိုးဖြင့် ပြန်လည်ရှင်းလင်းမိန့်ကြားခဲ့ခြင်း ဖြစ်သည်။

မန္တလေးတိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ အား  မဘသ (အထက်ဗမာပြည်) ဦးဆောင်ဆရာတော်ဦးဝီရသူ ဦး ဆောင်၍ အင်တာဗျူးအစီအစဉ် များစတင်နေပြီး ကိုယ်စားလှယ် လောင်းများနှင့် ပတ်သက်၍ တစ် အိမ်တက်ဆင်းလိုက်လံရှင်းပြမှု များ ပြုလုပ်ခဲ့သည်။

သြဂုတ်လကုန်ပိုင်းက နေ ပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူ သီရိမြို့နယ်တွင် NLD ပါတီအား  ဆန္ဒပြမှု၌ ပါဝင်ပတ်သက်မှုလုံးဝမရှိသော်လည်း အဆိုပါဆန္ဒပြပွဲကို  ထောက်ခံမည်ဟု ဆရာတော် ဦးဝီရသူက မိန့်ကြားဖူးသည်။

NLD ပါတီကို ပုတ်ခတ် ထားသည့် မဘသအဖွဲ့လက်ကမ်းစာများဖြန့်ဝေခြင်းသည် မဘသ အဖွဲ့နှင့် မသက်ဆိုင်ဟု မျိုးစောင့် ဥပဒေပေါ်ပေါက်လာခြင်း      အ ထိမ်းအမှတ်ဂုဏ်ပြုကြိုဆိုပွဲအ စီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းသော သတင်းစာရှင်းလင်းပွဲ၌ ဒေါက်တာ အရှင်ဓမ္မပီယက မိန့် ကြားခဲ့သည်။

ညီညွတ်မျှတငြိမ်းချမ်းမှုကို ဖော်ဆောင်သည့် မျိုးစောင့် ဥပဒေပေါ်ပေါက်လာခြင်းအထိမ်း အမှတ်ဂုဏ်ပြုကြိုဆိုပွဲအစီအစဉ် ကို အောက်တိုဘာ ၄ ရက်တွင် သုဝဏ္ဏအားကစားရုံ (၁)၌  နေ့လယ်၁၂ နာရီမှစတင်၍ ခမ်းခမ်းနားနား ကျင်းပမည်ဖြစ်သည်။

မဘသ (ဗဟို)မှ ဂုဏ်ပြုပွဲ ဖိတ်စာများကို သက်ဆိုင်ရာဌာန များဖြစ်ကြသည့် နိုင်ငံရေးပါတီ များ၊ သံတမန်များ (သံရုံးများ)၊ ဘာသာပေါင်းစုံအဖွဲ့အစည်း များ၊ သတင်းမီဒီယာဌာနများ၊ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ရဟန်းရှင်လူပြည်သူများ၊ ဒေသ အာဏာပိုင်အစိုးရအဖွဲ့အစည်း  များ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ (NGO/INGO) များ စသည့်အဖွဲ့အစည်းပေါင်းစုံတို့ အား ဖိတ်ကြားထားသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။