(၆၄)ကြိမ်မြောက် မယ် စကြဝဠာပြိုင်ပွဲကို ဒီဇင်ဘာတွင် ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲအတွက် လိုအပ်သည်များကို ကြိုးစားပြင် ဆင်နေကြောင်း မြန်မာနိုင်ငံကိုယ် စားပြုအလှမယ်အနေဖြင့် သွား ရောက်ယှဉ်ပြိုင်မည့် မယ်စကြ ဝဠာမြန်မာ မေဘရဏီသော်က ပြောသည်။
‘‘အချိန်ကလည်း နည်းနည်း ပဲလိုတော့တယ်ဆိုတော့ အဝတ် အစားပိုင်းတွေရော၊ ခန္ဓာကိုယ် ပိုင်းတွေရော နောက်ပြီး Catwalk ကတော့ ဘန်ကောက်မှာ ထရိန် နင်ဆင်းရမယ်။ နိုဝင်ဘာထဲမှာ ဖြစ်မှာပါ’’ဟု ပြိုင်ပွဲအတွက် ပြင် ဆင်မှုများအကြောင်းကို ပြော သည်။
ပြိုင်ပွဲအတွက် အမျိုးသား ဝတ်စုံနှင့် ညနေခင်းဝတ်စုံကို ဒီဇိုင်နာ မင်းသက်စံက တာဝန်ယူ ချုပ်ပေးမည်ဖြစ်ပြီး ဒီဇိုင်းများကို Miss Universe Myanmar အဖွဲ့ အစည်းနှင့် ညှိနှိုင်းနေကြောင်း ၎င်းက ဆိုသည်။
‘‘နိုဝင်ဘာ ၂၈၊ ၂၉ လောက် အရောက်လို့ ပြောပါတယ်။ Camp ကတော့ ဒီဇင်ဘာ ၁ ရက် မှာ စမယ်။ နောက်ဆုံးပြိုင်ပွဲက တော့ ဒီဇင်ဘာ ၂၀ ပါ’’ဟု မေဘ ရဏီသော်က ပြောသည်။
ကမ္ဘာ့အဆင့် အလှမယ်ပြိုင် ပွဲကြီးများတွင် ၂ နှစ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သော ကြောင့် တာဝန်ကြီးပြီး အကောင်း ဆုံးယှဉ်ပြိုင်မည်ဟု ၎င်းက ဆို သည်။
‘‘အရင် ၂ နှစ်ကထက်တော့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ယှဉ်ပြိုင်ရ မှာပါ။ လောလောဆယ်တော့ ညီမရဲ့ လိုအပ်ချက်တွေကိုပြော တဲ့ ပရိသတ်တွေ အများကြီးရှိပါ တယ်။ သူတို့အကြံဉာဏ်ပေးတာ တွေကို နားထောင်ပြီး ကိုယ့်ဘက် က လိုအပ်ချက်တွေကို ဖြည့်ဆည်းနေပါတယ်’’ဟု မေဘရဏီသော် က ပြောသည်။
မယ်စကြဝဠာ ၂၀၁၅ ဆုရရှိ ပြီးသည့်အချိန်ကတည်းက ယခင် ထက် အနုပညာအလုပ်များကမ်း လှမ်းမှုများရှိသော်လည်း ပြိုင်ပွဲနီး နေသဖြင့် အလုပ်များကိုလျှော့၍ ပြိုင်ပွဲအတွက်သာ အာရုံပိုစိုက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
(၆၄)ကြိမ်မြောက် မယ်စကြ ဝဠာပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ အတွင်း၌ အမေရိကန်နိုင်ငံ လာ့စ် ဗီးဂက်စ်မြို့တွင် ပြုလုပ်မည်ဖြစ် သည်။
မေဘရဏီသော်သည် ပြီးခဲ့ သည့်နှစ်က ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သော Miss International 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။