ရခိုင်အမျိုးသားပါတီ


၁။ ဥက္ကဋ္ဌ- ဒေါက်တာအေးမောင်။

၂။ ပါတီဝင်အရေအတွက်- တစ်သိန်းခွဲနှင့်နှစ်သိန်းကြား။

၃။ မဲဆန္ဒနယ်- ရခိုင်ပြည်နယ်တစ်ဝန်းလုံးနှင့် ရန်ကုန်နှင့်ဧရာဝတီတိုင်းအတွင်းနယ်မြေအချို့။

၎။ ပါတီမူဝါဒ- စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန်၊ ရခိုင်တိုင်းရင်းသားများအကျိုးစီးပွားနှင့် ဗမာအပါအဝင် အခြားတိုင်းရင်းသားများ၏ အကျိုးစီးပွား ကိုဖော်ဆောင်နိုင်ရေး၊ ဒီမိုကရေစီစနစ်ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်ရန်။

၅။ ပါတီဆောင်ပုဒ်- ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးသည် ရခိုင်တစ်မျိုးသားလုံး၏တာဝန်ဖြစ်သည်။

၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်- လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေး စည်းမျဉ်းများနှင့်အညီ ပါတီတွင်းရွေးကောက်ပွဲဖြင့် ရွေးချယ်သည်။

၇။ ပါတီရန်ပုံငွေ− ပါတီဝင်များထည့်ဝင်ငွေနှင့် အများပြည်သူလှူဒါန်းငွေဖြင့်ရပ်တည်သည်။

၈။ ပါတီနောက်ခံသမိုင်း- ၁၉၉၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး တတိယနေရာအများဆုံးနိုင်ခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံ လုံး၌ စတုတ္ထနေရာအများဆုံးနိုင်ခဲ့သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့သည် ရခိုင်ပြည်သူတို့၏ဆန္ဒကို အလေးအနက်ပြုကာ ၂၀၁၃ မေလ ၁၇ ရက်တွင် နှစ်ပါတီပူးပေါင်းရန် သဘောတူခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၄ မတ်လ ၆ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့သည်။


ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေကိုပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
အခြေခံဥပဒေရဲ့ ပြည်ထောင်စုစစ်စစ်နဲ့မကိုက်ညီတဲ့ပုဒ်မတွေကို ပြင်မယ်။ ဒီမိုကရေစီအခြေခံမူနဲ့မကိုက်ညီတဲ့ပုဒ်မတွေကိုပြင်မယ်။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါသလဲ။
စစ်မှန်တဲ့ဖက်ဒရယ်စနစ်ပေါ်ပေါက်ပြီး တိုင်းရင်းသားတွေအာဏာ ခွဲဝေမှု၊ အရင်းအမြစ်ခွဲဝေမှုသာရမယ်ဆိုရင် ပြည်တွင်းစစ်က ရပ်ဆိုင်း သွားမှာပါ။ ဒီအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရပါမယ်။ ပြည်ထောင်စုလွှတ်တော်ထဲရောက်သွားမယ့် ကျွန်တော်တို့အမတ်တွေက အဲဒီအခန်း ကဏ္ဍကနေ ကူညီမှာပါ။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
ရခိုင်ပြည်နယ်မှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကရလာမယ့် အကျိုး စီးပွားတွေကို ချမှတ်ထားတဲ့မူဝါဒတွေနဲ့အညီ ရခိုင်ပြည်သူတွေ ရယူခံ စားနိုင်ဖို့ ဆောင်ရွက်သွားမယ်။ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းကြီးတွေမှာ ရခိုင်အမျိုးသားလုပ်ငန်းရှင်တွေ ပါဝင်လုပ်ကိုင်နိုင် ခွင့်ရအောင် ဆောင်ရွက်ပေးသွားမယ်။

ပြည်သူတွေက ရခိုင်အမျိုးသားပါတီိုကို ဘာကြောင့် မဲပေးသင့်သလဲ။
လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၇ နှစ်ကြာတင်ခဲ့တဲ့အကြွေးကိုဆပ် နိုင်ဖို့ ရခိုင်အမျိုးသားပါတီကို မဲပေးကြပါ။ ၆၇ နှစ်လုံးလုံး အစိုးရအဆက် ဆက်က တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရေးဆိုတဲ့ပင်လုံကတိကဝတ်ကို မဖော်ဆောင်ပေးနိုင်ခဲ့ကြဘူး။ အကြွေး တင်နေတဲ့ပင်လုံကတိကဝတ်ကို ဖော်ဆောင်ပေးဖို့ လာမယ့်ရွေးကောက် ပွဲကတက်လာမယ့် ပြည်ထောင်စုအစိုးရကို ထိန်းကျောင်းသွားမှာဖြစ်ပါ တယ်။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရေးကိုဖော်ဆောင်ပေးနိုင်မယ့်ပုဂ္ဂိုလ်မျိုး။ အဲဒီအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ တပ်ကိုစည်းရုံးနိုင်မယ့်ပုဂ္ဂိုလ်မျိုးကိုရွေးချယ်မယ်။

ဥက္ကဋ္ဌ ကိုယ်ရေးအကျဉ်း

အသက်- (၅၈) နှစ်။

ပညာအရည်အချင်း- B.V.S(Yangon)

နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင် ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှဝင်ရောက်ယှဉ် ပြိုင်အနိုင်ရခဲ့။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် လွှတ် တော်တွင်း၌ မေးခွန်းများ၊ အဆိုများတင်သွင်းခြင်းနှင့် ဥပဒေပြုရေးကို တက်တက်ကြွကြွဆောင်ရွက်ခဲ့။ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော် ကာကွယ်ရးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ပါဝင်သည့် သမိုင်းဝင် ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ၌ လွှတ်တော်တွင်းမှ တိုင်းရင်းသားကိုယ်စားလှယ်များ၏ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့။ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌဖြစ်လာ။

လက်ရှိအလုပ်အကိုင်- အမျိုးသားလွှတ်တော်ကိုယ်စားလှယ်။

စံပြပုဂ္ဂိုလ်- ဒေးဗစ်ဘင်ဂူရီယန်(အစ္စရေးနိုင်ငံတည်ထောင်သူ)၊ တိန့်ရှောင်ဖိန်  (တရုတ်နိုင်ငံကို တံခါးဖွင့်ဝါဒကျင့်သုံးစေခဲ့သူ)

ဆက်သွယ်ရန် လိပ်စာ -  အမှတ်(၃၉၃)၊ လမ်းမကြီး၊ လမ်းမတော် တောင်ရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်။

ဖုန်းနံပါတ်- ၀၉-၄၃၀၃၄၁၁၁

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။