မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ


၁။ ဥက္ကဋ္ဌ - ဦးနေမျိုးဝေ။

၂။ ပါတီဝင်အရေအတွက် - တစ်သောင်းကျော်။

၃။ မဲဆန္ဒနယ် - ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ သာကေတ၊ လှည်းကူး၊ မှော်ဘီ၊ ရှမ်းပြည်နယ် နောင်ချိုအပါအ၀င်
               ဒေသများတွင် ကိုယ်စားလှယ်လောင်း ၁၅ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်။

၎။ ပါတီမူဝါဒ - နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍအရပ်ရပ်တွင် ရန်သူဟူ၍မရှိ၊ မိတ်ဆွေသာရှိသည်။

၅။ ပါတီဆောင်ပုဒ် - သီးခြားသတ်မှတ်ထားခြင်းမရှိ။

၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - မတရားမှုများကို တွန်းလှန်နိုင်မည့် ပညာအရည်အချင်း အသင့်အတင့်ရှိ ပြည်သူများ။

၇။ ပါတီရန်ပုံငွေ - ပါတီဝင်များတွင် ကောက်ခံခြင်းမရှိဘဲ ကိုယ်စားလှယ်လောင်းများ မိမိရန်ပုံငွေဖြင့် ဆောင်ရွက်သည်။

၈။ ပါတီနောက်ခံသမိုင်း - ၂၀၁၀ ပြည့်နှစ်တွင် ပါတီစတင်ထူထောင်ခဲ့ပြီး ယင်းနှစ်တွင်ကျင်းပသော အထွေထွေရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။


ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ခဲ့ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်း ဆောင်နိုင်မလဲ။
    အခြေခံဥပဒေကိုပြင်ဖို့ အင်အားကြီးတဲ့ ပါတီတွေအပေါ် မူတည် တယ်။ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးက နိုင်ရင်ပြင်ချင်မှပြင် မယ်။ NLD နိုင်ရင် ပြင်ဆင်ကြလိမ့်မယ်။ ဒါပေမဲ့ ပြည်သူလူထုတွေက အဲဒီအခြေခံဥပဒေနဲ့ ဘယ်လောက်ထိ ရင်းနှီးနေပြီဆိုတာ မသိသေးဘူး။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး မှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
    ငြိမ်းချမ်းရေးက အပေးအယူသဘောရှိတယ်။ ငြိမ်းချမ်းရေးကို မငြိမ်းချမ်းသေးတဲ့သူတွေနဲ့ ငြိမ်းချမ်းနေတဲ့သူတွေက လုပ်ကြရတာ။ မငြိမ်းချမ်းသေးတဲ့ သူတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ၊ ငြိမ်း ချမ်းနေတဲ့သူတွေက လက်နက်မကိုင်တဲ့သူတွေဆိုတော့ အပေးအယူ ရှိဖို့လိုတယ်။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထား သလား။
    ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေဆိုတာထက် နိုင်ငံတော်ရဲ့ GDP ဆိုတာတွေကို သိတာကျတော့ ၀န်ထမ်းတွေပဲရှိတယ်။ ပြည်သူတွေက မသိကြဘူး။ ဒါကြောင့် ပြည်သူတွေက ကိုယ့်ဘာသာကိုယ် ဘယ်လို ရပ်တည်နိုင်မလဲဆိုတာပဲ အရေးကြီးတယ်။

ပြည်သူတွေက မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
    ဒီပါတီက ပြည်သူတွေကို ဘယ်လိုတွေ လုပ်ဆောင်ပေးမယ်ဆိုပြီး မစည်းရုံးဘူး။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
    အခြေခံဥပဒေမှာက အရပ်သားအစိုးရဖြစ်ရမယ်ဆိုတော့ အရပ်သားစစ်စစ်ကိုပဲ သမ္မတအဖြစ် ထောက်ခံသွားမယ်။

ဦးအောင်မျိုး၏ ကိုယ်ရေးအကျဉ်း
အသက် - (၄၀) နှစ်

ပညာအရည်အချင်း - န၀မတန်း။

လက်ရှိအလုပ်အကိုင် - ကားပြင်ဆင်မှုလုပ်ငန်း။

နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ - ၁၉၈၈ ခုနှစ်တွင် အခြေခံပညာ ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့ပြီး နိုင်ငံရေးလောကအတွင်းသို့ ၀င် ရောက်လာခဲ့သည်။

စံပြပုဂ္ဂိုလ် - ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်။

ဆက်သွယ်ရန် လိပ်စာ  -  အမှတ် (၂/၂၃၂)၊ မဟော်ဂနီလမ်း၊ထောက်ကြန့် တိုးချဲ့ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။