မြောက်ဦးခရိုင်တွင် မဲစာရင်း ပြင်ဆင် ဖြည့်စွက် ပယ်ဖျက်မှု ၄ ရာနှုန်းကျော်ရှိ

အခြေခံမဲဆန္ဒရှင်စာ ရင်းနောက်ဆုံးအကြိမ် ကြေညာခဲ့ ပြီးနောက် မြောက်ဦးခရိုင်အတွင်း မဲစာရင်းပြင်ဆင်၊ ဖြည့်စွက်၊ ပယ် ဖျက်မှု ၄ ရာခိုင်နှုန်းကျော်ရှိခဲ့ကာ ပထမအကြိမ် ထုတ်ပြန်ခဲ့သည့် အရေအတွက်ထက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်သူ ပိုမိုများ ပြားခဲ့ကြောင်း သတင်းရရှိသည်။

‘‘ပထမအကြိမ် ကြေညာ တုန်းက မြောက်ဦးခရိုင်မှာ မဲစာ ရင်းပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်သူဦးရေ ၁၂,၀၀၀ ကျော်ရှိခဲ့ပြီး အ ခုနောက်ဆုံးအကြိမ် ကြေညာချိန် မှာတော့  မဲစာရင်းပြင်ဆင်၊ ဖြည့် စွက်၊ ပယ်ဖျက်သူ ၁၈,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် တော့ ၄ ရာခိုင်နှုန်းကျော်ရှိခဲ့ပါ တယ်’’ ဟု မြောက်ဦးခရိုင်ရွေး ကောက်ပွဲကော်မရှင်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

  မြောက်ဦးခရိုင်တွင် ကျောက်တော်၊မြောက်ဦး၊ မင်း ပြားနှင့် မြေပုံမြို့နယ်တို့တွင် အ  ခြေခံမဲဆန္ဒရှင်စာရင်း လေးသိန်း ခြောက်သောင်းကျော်ရှိနေပြီး မဲ စာရင်းများ ထုတ်ပြန်ကြေညာ သော်လည်း မိမိအမည်စာရင်းပါ၊ မပါသွားရောက်ကြည့်ရှုသူမရှိ သလောက် နည်းပါးခဲ့ကြောင်း ရွေးကောက်ပွဲဝင်ရန် အမည်စာ ရင်းတင်သွင်းထားသည့် လွှတ် တော်ကိုယ်စားလှယ်လောင်းများ ကပြောသည်။

‘‘ရွေးကောက်ပွဲနဲ့ ပတ်သက် ပြီး မဲဆန္ဒရှင်တွေက အရင်က တည်းက စိတ်ဝင်စားမှုအားနည်း ခဲ့ပါတယ်။ ဒီကြားထဲ သဘာဝ ဘေးက ၀င်မွှေလိုက်တော့ ဒေသ ခံတွေပိုပြီး စိတ်ဝင်စားမှုအား နည်းသွားပါတယ်’’ ဟု မြောက်ဦး မြို့နယ် ရခိုင်အမျိုးသားပါတီမှ ပါ တီဝင်တစ်ဦးက ပြောသည်။

မဲစာရင်း လာရောက်ပြင် ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်သူ နည်းနေခဲ့သည်မှာ မဲစာရင်းမှန် ကန်နေခြင်းကြောင့် မဟုတ်ဘဲ မဲစာရင်း သွားရောက်ကြည့်ရှုသူ နည်းပါးနေခြင်းကြောင့်ဖြစ် ကြောင်း လွှတ်တော်ကိုယ်စား လှယ်လောင်းများက ပြောကြား သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။