မြန်မာကလေးငယ်တွေအတွက် အပြောင်းအလဲလုပ်နိုင်ခဲ့တယ်လို့ ယုံကြည်တဲ့ ကုလညီလာခံရောက် ချစ်သုဝေ



ကမ္ဘာ့ကုလသမဂ္ဂ အ ထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း မြန်မာ နိုင်ငံမှ ကလေးငယ်များအတွက် အပြောင်းအလဲများ လုပ်ဆောင် နိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း ချစ်သုဝေက ပြောသည်။

သရုပ်ဆောင် ချစ်သုဝေ သည် စက်တင်ဘာအတွင်းက နယူးယောက်မြို့တွင် ပြုလုပ်ခဲ့ သော ကမ္ဘာ့ကုလသမဂ္ဂ အထွေ ထွေညီလာခံ (United Nations General Assembly)သို့ မြန်မာ နိုင်ငံကိုယ်စားပြုတက်ရောက်ခဲ့ သည်။ အဆိုပါခရီးမှာ ‘ကလေးတစ်ယောက် (၅)နှစ်ရောက်ဖို့ တို့တွေကူညီစို့’ အစီအစဉ်၏ သံတမန်အနေဖြင့် ပထမဆုံးအ ကြိမ်   တက်ရောက်ခဲ့ခြင်းဖြစ် သည်။

ယင်းညီလာခံတွင် ချစ်သုဝေက လက်ဆေးခြင်း အကျိုးကျေး ဇူးနှင့်ပတ်သက်သော အသိပညာ မြှင့်တင်မှုအကြောင်း   အဓိက ဆွေးနွေးခဲ့ပြီး ယင်းအစီအစဉ်များကို အဖွဲ့အစည်းအသီးသီးမှ ရာထူး ကြီးပုဂ္ဂိုလ်များအပါအဝင် ကမ္ဘာ့ ခေါင်းဆောင်များ၏ ထောက်ခံမှုရရှိခဲ့သည်ဟု ၎င်းက  ပြောသည်။

‘‘နေ့စဉ်နေ့တိုင်းမှာ ကာ ကွယ်ကုသနိုင်တဲ့ ဝမ်းပျက်ဝမ်း လျှောနဲ့ အဆုတ်ရောင်ရောဂါတွေ ကြောင့် ၁၅ စက္ကန့်တိုင်းမှာ ကမ္ဘာ ပေါ်မှာရှိတဲ့ ကလေးတစ်ယောက် သေဆုံးနေတာကို သိရှိရတော့ လူတော်တော်များများက အံ့အား ထိတ်လန့်ရပါတယ်။ ဒါကြောင့်မို့ လက်ဆေးခြင်းရဲ့ အရေးကြီးပုံနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းမှာ ကြီးမား တဲ့ သက်ရောက်မှုရှိနိုင်တယ်ဆို တာကိုလည်း နားလည်သွားကြ တယ်။ အနုပညာရှင်တွေအပါ အဝင် ကမ္ဘာ့ခေါင်းဆောင်ကြီးများ ကပါ ‘ကလေးအသက် (၅)နှစ် ရောက်ဖို့ တို့တွေကူညီစို့’ လှုပ်ရှားမှုကို ထောက်ခံအားပေးပြီး သူတို့ကိုယ်တိုင်လည်း ကတိသစ္စာပြုကြတာကို တွေ့ရပါတယ်’’ဟု ချစ်သုဝေက ပြောသည်။

ယင်းခရီးစဉ်တွင် ချစ်သုဝေ သည် ကမ္ဘာ့ခေါင်းဆောင်များ၊ အနုပညာရှင်များနှင့် တွေ့ဆုံခဲ့ပြီး စက်တင်ဘာ ၂၇ ရက်က ပြုလုပ် ခဲ့သော Unilever Hygiene and Nutrition Launch တွင် အမှာ စကားပြောကြားခွင့်ရရှိခဲ့သည်။

‘‘ကလေးသေပျောက်မှုနှုန်း လျှော့ချဖို့အတွက် Hand Wash-ing သည် လွယ်ကူပြီး ရိုးရှင်းပေ မယ့် လူတိုင်းလုပ်ရမယ့်အရာဆို တာကို အကောင်းဆုံးပြောပြနိုင် ခဲ့ပါတယ်။ အဲဒီပွဲလေးမှာ ထရီဇာ ပြောတော့ ထရီဇာပြောတဲ့ အ ကြောင်းအရာတွေကို အားလုံးနှစ် သက်သဘောကျတယ်လို့ ယုံ ကြည်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ထရီဇာ စကားတစ်ခွန်းပြော လိုက်တော့ တက်ရောက်လာတဲ့ သူတွေက လက်ခုပ်ထတီးပါ တယ်’’ဟု ချစ်သုဝေက ပြော သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။