ဌေးဌေး ၊ ရန်ကုန်
ရဲအရေးပိုင်မှု မပြီးပြတ်သေး သော အမှုတွဲတစ်ခုရှိနေသည့် အ ဆောက်အအုံတစ်လုံးအား လုပ်ငန်း လုပ်ကိုင်ခွင့်မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ဝင်းဗိုလ်က ပြောသည်။
ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပွား ထားပြီး ယခုအချိန်အထိ တရားခံဖမ်း ဆီးနိုင်ခြင်းမရှိသေးသော စိမ်းလဲ့ကန် သာလမ်းရှိ အမှတ်(၁၂၆) နေအိမ်ကို ယခုအခါ Royal Legacy အမည်ဖြင့် စားသောက်ဆိုင်ကြီးတစ်ခုအဖြစ် နို ဝင်ဘာပထမပတ်အတွင်း၌ ဖွင့်လှစ် တော့မည်ဖြစ်ကြောင်း သတင်းများထွက် ပေါ်နေခြင်းနှင့်ပတ်သက်ပြီး ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
''ကမာရွတ်မြို့နယ် စိမ်းလဲ့ကန် သာလမ်းမှာ ဖြစ်သွားတဲ့ ငါးလောင်း ပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး ရန်ကုန် တိုင်းဒေသကြီး အထူးရဲတပ်ဖွဲ့ရုံးအနေ နဲ့ စီအိုင်ဒီကို လွှဲပေးထားတာဖြစ်တဲ့ အတွက် ဒီအမှုနဲ့ပတ်သက်ပြီး ဆက် လုပ်ရမယ့်ကဏ္ဍက သူတို့နဲ့ပဲ ဆိုင်ပါ တယ်။ ရဲမှုခင်းအနေနဲ့ကတော့ ရဲမှု မပြတ်သေးတဲ့ အမှုတွဲတစ်ခုမှာဆိုရင် လုပ်ငန်းလုပ်ပိုင်ခွင့်မရှိဘူး''ဟု ယင်း က ဆိုသည်။
လက်ရှိအချိန်တွင် အဆိုပါအမှု မှာ စီအိုင်ဒီသို့ လွှဲပြောင်းထားပြီးဖြစ် ၍ အမှုပြီးပြတ်ခြင်းရှိမရှိကိုမူ မသိ ကြောင်း ယင်းကဆက်လက်ပြောသည်။
''ဒီနေရာမှာ တရားခံကို ရှာတာ က တစ်ကဏ္ဍ၊ ပိုင်ဆိုင်မှုက သူ့ရဲ့ ဆွေ မျိုးသားချင်းက ပိုင်ဆိုင်မှုရှိတယ်။ ဒီ အပေါ်မှာ ဆိုင်ဖွင့်တာ၊ မဖွင့်တာ ဆို တာ အမှုပေါ်ပဲမူတည်တယ်။အမှုက ဘယ်လိုအခြေအနေရှိသလဲ မသိဘဲနဲ့ ကျွန်တော်တို့ဘက်က ပြောလို့မရဘူး။ စီအိုင်ဒီကိုလွှဲထားတဲ့အတွက် စီအိုင်ဒီ ကိုပဲမေးတာ ပိုကောင်းတယ်။ သမားရိုး ကျတွေးရင်တော့ မရနိုင်ဘူး။ အမှုပြီး လား မပြီးလားဆိုတာလဲ ကျွန်တော် တို့မသိဘူး''ဟု ပြောသည်။
အဆိုပါနေအိမ်အား မြန်မာနိုင်ငံ သားလုပ်ငန်းရှင်တစ်ဦးက ၂ဝ၁၂ ခုနှစ် တွင် ဝယ်ယူခဲ့ပြီး ယခုအခါ ¤င်းနေ အိမ်အား အမေရိကန်ဒေါ်လာနှစ်သန်း ခန့် အကုန်အကျခံ မွမ်းမံပြင်ဆင်ခဲ့ ပြီး ထိုင်းအိန္ဒိယနှင့် ဥရောပအစားအစာ များ ရရှိနိုင်သော စားသောက်ဆိုင်တစ် ဆိုင်အဖြစ် နိုဝင်ဘာ ပထမပတ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကော်ဖီဆိုင်ကို လည်း ခြံ၏အဝင်ဝတွင် ဖွင့်လှစ်ထား ကာ ယခုဖွင့်လှစ်မည့်ဆိုင်မှာ Royal Legacy ၏ (၂၉) ဆိုင်မြောက် ဆိုင် လည်းဖြစ်သည်ဟု သိရသည်။
¤င်းစားသောက်ဆိုင်မဖွင့်မီ အ ကြို မိတ်ဆက်သောအနေဖြင့် အသိ မိတ်ဆွေများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား ဖိတ်ကြား ကာ အောက်တိုဘာ ၁၉ ရက်ညပိုင်း တွင် မိတ်ဆက်အခမ်းအနားကို ကျင်းပ ခဲ့ကြောင်းသိရသည်။
အဆိုပါ ငါးလောင်းပြိုင်လူသတ် မှုဖြစ်ပွားခဲ့သော နေအိမ်ကြီးတွင် ယခု အခါ စားသောက်ဆိုင်ဖွင့်လှစ်ရောင်း ချရန် လုပ်ကိုင်ခွင့်ပြုခြင်းမှာ ယင်းအမှု တွဲ ပြီးပြတ်၊မပြတ်နှင့် မပြီးပြတ်ပါက ရဲအရေးအရ လုပ်ကိုင်ခွင့်ရှိမရှိကို သိ ရှိနိုင်ရန် သက်ဆိုင်ရာ စီအိုင်ဒီဌာနသို့ မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေ ကြားခြင်းမရှိပါ။
_____YangonTimesJournal

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။