ကမ္ဘာ့အဆင့် ကာရာအိုကေချန်ပီယံပြိုင်ပွဲသို့ မြန်မာအမျိုးသမီးတစ်ဦး ယှဉ်ပြိုင်ခွင့်ရ

SU Htet Hlaing

အင်ဒိုနီးရှားနိုင်ငံဘာလီ ကျွန်းတွင်ကျင်းပခဲ့သည့် Karaoke World Championships ပြိုင်ပွဲကြီးတွင် အာရှအဆင့် ၌ မြန်မာနိုင်ငံမှ သွားရောက်ယှဉ် ပြိုင်ခဲ့သည့် မဆုထက်လှိုင်သည် တတိယဆုဆွတ်ခူးခဲ့၍ ကမ္ဘာ့ အဆင့်သို့ တက်ရောက်ယှဉ်ပြိုင် ခွင့်ရခဲ့ကြောင်း သတင်းရရှိသည်။

KWC သည် အာရှအဆင့် ပြိုင်ပွဲကို    ပထမဦးဆုံးအကြိမ် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ရှိ Boshe VVIP Club ၌ အောက် တိုဘာ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ အမျိုးသားအဆိုတော် R ၀ါလင်း နှင့် အမျိုးသမီးအဆိုရှင် ဆုထက် လှိုင်တို့က သွားရောက်ယှဉ်ပြိုင်ခဲ့ ခြင်းဖြစ်သည်။

‘‘ကမ္ဘာ့အဆင့်သီချင်းဆိုပြိုင် ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ သီဆိုယှဉ်ပြိုင်ခွင့်ရတဲ့အ တွက် အရမ်းဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ KWC ပြိုင်ပွဲ တွေမှာ ၀င်ရောက်ယှဉ်ပြိုင်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး အခုလို Asia Final ပြိုင်ပွဲကြီးမှာ 2nd Runner-Up ဆုရတဲ့အတွက် ပြောမပြတတ်အောင်   ၀မ်းသာ တယ်။ သမီးအနေနဲ့ ဒီပြိုင်ပွဲကြီးမှာ အခုလိုယှဉ်ပြိုင်နိုင်အောင် သမီးကို ပြုစုစောင့်ရှောက်ခဲ့တဲ့ မိဘနှစ်ပါး၊ သမီးကို အဆိုလေ့ကျင့်ပေးခဲ့ကြတဲ့ သမီးရဲ့ဆရာ၊ ဆရာမများနဲ့ အခုလိုယှဉ်ပြိုင်နိုင်ခွင့်ရအောင် မြန်မာနိုင်ငံကို အခွင့် အလမ်းတွေ သယ်လာပေးခဲ့တဲ့ MSM Co.,Ltd တို့ကိုလည်း ကျေးဇူးတင်ပါတယ်’’ ဟု မဆုထက်လှိုင်ကပြောသည်။

အဆိုပါပြိုင်ပွဲကို ၂၀၀၃တွင် ဖင်လန်နိုင်ငံက စတင်ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် (၁၃) ကြိမ်မြောက် KWC World Championships ပြိုင်ပွဲကို အာရှ၌ ပြန်လည်ကျင်းပရန် စီစဉ် ဆောင်ရွက်ခြင်းဖြစ်၍ လာမည့် နိုဝင်ဘာ ၁၉ ရက်မှ ၂၂ ရက် ထိ စင်ကာပူနိုင်ငံတွင်   ကျင်းပပြု လုပ်မည်ဖြစ်သည်။

အဆိုပါအာရှအဆင့်ကာရာ အိုကေသီချင်းဆိုပြိုင်ပွဲကြီး၌ မြန် မာနိုင်ငံအပါအ၀င် စင်ကာပူ၊မ လေးရှား၊ အင်ဒိုနီးရှား၊ တရုတ်၊ မကာအို၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်း၊ ဗီယက် နမ်၊ ဂျပန်နှင့် ဖိလစ်ပိုင် စသည့် နိုင်ငံ ၁၃ နိုင်ငံမှ ရွေးချယ်ထား သည့် ချန်ပီယံများ  ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် 1st Runner-UP ဆုကို ဂျပန်နိုင်ငံမှ အမျိုးသမီးအဆိုရှင် Rena Saito နှင့် စင်ကာပူနိုင်ငံမှ အမျိုးသမီး အဆိုရှင် Fairus Adam တို့ကရရှိ ကာ KWC Asia Final Champion ဆုကိုအင်ဒိုနီးရှားနိုင်ငံမှအမျိုးသမီး အဆိုရှင် Angeline Marcellina နှင့်အမျိုးသားအဆိုရှင် Aang Widodo တို့က အသီးသီးရရှိခဲ့ သည်။

____7days News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။