ဦးရွှေမန်း ဖြူမြို့နယ်အတွင်းမဲဆွယ်စည်းရုံးနေစဉ် (ဓာတ်ပုံ - ရဲနိုင်)
ဘာသာရေးကို နိုင်ငံရေးတွင်အသုံးချကာ မဲဆွယ် သည့်မူဝါဒကို ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ချ မှတ်ထားခြင်းမရှိဘဲ ထိုသို့အသုံး ပြုမဲဆွယ်ပါက ပါတီကိုသစ္စာ ဖောက်ရာရောက်ကြောင်း သူရ ဦးရွှေမန်းက ပြောကြားလိုက် သည်။
‘‘ပါတီမှာတော့ ဒီလိုမူဝါဒ မရှိဘူး။ မူဝါဒမရှိဘဲနဲ့ ဆောင် ရွက်တယ်ဆိုလို့ရှိရင် ပါတီအပေါ် သစ္စာမရှိရာရောက်တယ်။ အဲဒီ အတိုင်းပဲ ဥပဒေကိုမလေးစားရာ ရောက်တယ်။ မည်သူမဆိုပါ’’ဟု ဘာသာရေးကို အသုံးချကာ မဲဆွယ်ခြင်းနှင့်ပတ်သက်၍ အထက်ပါအတိုင်း ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၁၀ ရက်က ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် ဖြူး မဲဆန္ဒနယ်စည်းရုံးရေးခရီးစဉ် ခေတ္တနားချိန်တွင် 7Day Daily ကပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်အချို့အနေဖြင့် အမျိုးဘာသာ သာသနာကို စောင့်ရှောက်မည်ဟုကတိပေးကာ မဲဆွယ်နေခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုအား အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘ဘာသာရေးကို နိုင်ငံရေး မှာအလွဲသုံးစားလုပ်တာကို လုံးဝ မနှစ်မြို့ဘူး။ ဒါဖွဲ့စည်းပုံအခြေခံ ဥပဒေအရပဲပြောပြော၊ ရွေး ကောက်ပွဲကော်မရှင်နဲ့သက်ဆိုင် တဲ့ ဥပဒေအရပဲပြောပြော လက်ခံ နိုင်တဲ့အနေအထားမရှိပါဘူး။ ဒါကြောင့် မည်သည့်ပါတီ၊ မည် သည့်အဖွဲ့အစည်းမဆို ဘာသာ ရေးကို အလွဲအသုံးပြုပြီးတော့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တာ ကတော့ လုံးဝလက်ခံလိုခြင်းမရှိ ပါဘူး’’ဟု သူရဦးရွှေမန်းကဆို သည်။
ပြည်ခိုင်ဖြိုးကိုယ်စားလှယ် လောင်းများ မဲဆွယ်စည်းရုံးရာ တွင်ပေးသည့်ကတိများသည် ပါတီ၏မူဝါဒနှင့်အညီ လုပ် ဆောင်ရခြင်းဖြစ်ပြီး ကိုယ်စား လှယ်လောင်း၏ ထူးခြားသည့် အခြေအနေနှင့် ဒေသအပေါ်မူ တည်ပြီး ပြောဆိုစည်းရုံးခွင့်ရှိ သည်ဟု သူရဦးရွှေမန်းကဆို သည်။
‘‘ဒါကြောင့်မို့ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ဥပဒေ သို့မဟုတ်လို့ရှိရင် မူဝါဒ တစ်ခုခုချမှတ်ထားတဲ့အတွက် အဲဒီမူဝါဒနဲ့အညီပဲ လုပ်ရမယ်။ အဲဒီလိုမူဝါဒနဲ့အညီလုပ်တာမှ သစ္စာရှိတယ်လို့ပြောလို့ရပါတယ်’’ ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းကပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ တရားဝင်ဖွင့်လှစ်ထားသည့် လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွင် အခြားပါတီဝင် ကိုယ်စားလှယ် အောင်နိုင်ရေး မဲဆွယ်စည်းရုံးမှုများကို ဖော်ပြသော်လည်း သူရဦးရွှေမန်း၏ မဲဆွယ်စည်းရုံးမှုကို လုံးဝဖော် ပြခြင်းမရှိပေ။
ယင်းကဲ့သို့ဖော်ပြမှုမရှိသည့် အပေါ် 7Day Daily က မေးမြန်းရာသူရဦးရွှေမန်းက ‘‘ကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေးပါတီရဲ့ အောင်နိုင်ရေး နဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ပုံ၊ ကိုယ့် ရဲ့အနေအထားကို ဖော်ပြခြင်းမရှိ တာကတော့ ကိုယ့်အပိုင်းမဟုတ် ပါဘူး။ သက်ဆိုင်ရာတာဝန်ရှိသူ တွေရဲ့ အပိုင်းဖြစ်ပါတယ်။ သို့ရာ တွင် အဲဒီလိုမပါလည်း ကိုယ့် အတွက်ကတော့ ဘာမှထိခိုက် စရာအကြောင်းမရှိပါဘူး’’ဟု ၎င်း ကဆိုသည်။
စက်တင်ဘာ ၁၀ ရက်တွင် သူရဦးရွှေမန်းသည် ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် ဖြူးမြို့နယ်ရှိ ကျေးရွာပေါင်း ၃၅ ရွာသို့ နံနက် ၈ နာရီမှစတင်ကာ စည်းရုံးရေးလုပ်ငန်းများပြုလုပ်ခဲ့သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။