ပေါက်တောမြို့နယ်တွင် မဲဆန္ဒရှင်များ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းနေ

 ရွေးကောက်ပွဲ အ ကြောင်း ရှင်းပြသူ နည်းပါးနေ သည့်အတွက် စစ်တွေခရိုင်ပေါက် တောမြို့နယ်တွင် မဲဆန္ဒရှင်များ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးနေကြောင်း သတင်းရရှိ သည်။

‘‘ကျေးလက် ဒေသတွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မသိ တဲ့သူ အများကြီး တွေ့နေရပါ တယ်။ တချို့မဲဆန္ဒရှင်တွေက ပါ တီတွေများတဲ့အတွက် ရွေးချယ်ဖို့ ဇဝေဇ၀ါဖြစ်နေတာ တွေ့ရပါ တယ်’’ဟု ပြည်နယ်လွှတ်တော် သို့ ပေါက်တောမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ရခိုင်မျိုးချစ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ် လောင်း  ဦးမြတ်ထွန်းက  ပြော သည်။ ရခိုင်ပြည်နယ်တွင် ပေါက်တောမြို့နယ် အပါအ၀င် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင်များအပေါ် ရှင်းပြသည့် အဖွဲ့အစည်းမရှိသလောက် နည်းပါးပြီး ပါတီများ၏ ရှင်းပြမှုမှာလည်းအားနည်းနေကြောင်းနှင့်   ရွေးကောက်ပွဲနှင့်ပတ်သက်၍ လူငယ်အများစု စိတ်ဝင်စားမှု နည်းနေကြောင်း မြောက်ဦးမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအချို့က ပြောသည်။

 ‘‘မဲပေးရမယ့်   နေ့ကျရင် တော့ ကိုယ်ပေးရမယ့် နေရာမှာ သွားပြီး မဲပေးဖြစ်ပါမယ်။ အဓိက ကတော့ ပါတီစွဲတော့မရှိပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေထဲ မှာ လူငယ်ပိုင်းကို အဓိကဦးစား ပေးမဲပေးသွားမှာဖြစ်ပါတယ်’’ဟု ပထမအကြိမ် ဆန္ဒမဲပေးမည့် အသက် ၂၃ နှစ်အရွယ်မအေးစန္ဒာကပြောသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။