တာချီလိတ်၌ လူသတ်ပြီး နေအိမ်မီးရှို့မှု ဖြစ်ပွားရာ လူ(၃)ဦး သေဆုံး



၂၀၁၅ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့ ည(၉)နာရီခွဲအချိန် ၀န်းကျင်တွင် တာချီလိတ်၌ မိုးရွာသွန်းနေစဉ် အတွင်း မီးလောင်မှုတစ်ခု ဖြစ်ပွားရာ၊ အဆိုပါ မီးလောင်မှု၏ နောက်ကွယ်တွင် တာချီလိတ်ဒေသခံများ တုန်လှုပ်ခြောက်ခြား ထိတ်လန့်စေခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေအိမ်သည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ပိတောက်(၉)လမ်းသွယ်ရှိ နေအိမ်အမှတ် (၉၂)တွင်ဖြစ်ပြီး နေအိမ်အတွင်း၌  အသက်(၅၁)နှစ်ရှိ မအားညွှန့်၏ အိပ်ခန်းအတွင်း၌ ကုတင်နှင့် မွေ့ယာ အပြင် မျက်နှာကျက်များ မီးလောင်ကျွမ်းခဲ့ပြီး ကုတင်ပေါ်တွင် အသက်(၃၉)နှစ်ရှိ စိုင်းတစ်သည် ပက်လက် အနေအထားဖြင့် မီးလောင်ကျွမ်းကာ သေဆုံးနေပြီး၊ မအားညွှန့်မှာ ကုတင်ခြေရင်းတွင် မီးလောင်ကျွမ်းပြီး မှောက်လျက် သေဆုံးနေသည်ကို တွေ့ရှိရကြောင်းနှင့် သေဆုံးသူ စိုင်းတစ်၏ ဦးခေါင်းအနီး မီးလောင်ထားသည့် ကုတင်ပေါ်မှ မီးလောင်ကျွမ်းထားသည့် အရိုးအသွား (၁၂)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းအား တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။



ဆက်လက်၍ အသက်(၈၆)နှစ်ရှိ ဒေါ်အားဆု အခန်းအတွင်းရှိ ကုတင်ပေါ်တွင် ဒေါ်အားဆု၏ လည်ပင်း ၀ဲဘက်ဘေးတွင် (၄)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ခုရရှိကာ မှောက်လျက်အနေအထားတွေ့ရှိရပြီး အခန်းအတွင်း၌ ဓါတ်ဆီထည့်သည့် ပလပ်စတစ်ဗူး ခွံ(၁)ဗူးအား တွေ့ရှိရသဖြင့် ဒေါ်အားဆုအား ဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံအရောက်တွင် ကွယ်လွန်သွားသည့်အတွက် လူသတ်ပြီး နေအိမ်မီးရှို့သွားသူအား စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် အတွက် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၁၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂/၄၃၆ ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း တာချီလိတ်မြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်း ထံမှ သိရသည်။

"အခန်းထဲမှာ ပေါက်ကွဲသံလိုမျိုး အသံတချက်ကြားလိုက်သေးတယ်၊ သိပ်မကြာဘူး၊ မီးခိုးတွေ ထွက်လာလို့ ၀ိုင်းပြီး ငြိမ်းကြတဲ့အခါ ခြံတံခါးကို သော့ခလောက်ခတ်ထားလို့ရိုက်ဖျက်ပြီး ၀င်ရတယ်.."ဟု မီးအားဝိုင်းဝန်းငြှိမ်းသတ်ကြသည့် အိမ်နီးချင်းတစ်ဦးမှ ပြောပြသည်။

http://www.tachileik.net/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။