အထွေထွေရွေးကောက် ပွဲအတွက် အောက်တိုဘာ ၁၈ ရက်အထိ ပြည်ပရောက်မြန်မာ နိုင်ငံသားများမှာ ကြိုတင်မဲပေးသူ ဦးရေ ၁၇,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
ထိုင်း၊စင်ကာပူ၊တောင်ကိုရီး ယား၊ ဂျပန်၊ ဘရူနိုင်း၊ အမေရိ ကန်စသည့် နိုင်ငံများသို့ ရောက်ရှိ နေသော မြန်မာနိုင်ငံသားများ သည် အောက်တိုဘာ ၁၃ ရက်မှ စတင်၍ ကြိုတင်မဲပေးနေခြင်းဖြစ် ပြီး အောက်တိုဘာ ၁၈ ရက်အထိ ခြောက်ရက်အတွင်း မဲပေးသူ ၁၇,၄၃၈ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံ ပိုင်မီဒီယာများက ထုတ်ပြန်သည်။
ပြည်ပနိုင်ငံများရှိ မြန်မာသံ ရုံး၊ မြန်မာအမြဲတမ်းကိုယ်စား လှယ်အဖွဲ့ရုံးနှင့် ကောင်စစ်ဝန် ချုပ်ရုံး ၁၈ ခုတွင် ကြိုတင်မဲများ ပေးနေခြင်းဖြစ်သည်။
ကြိုတင်မဲပေးနေသည့် ပြည် ပနိုင်ငံအများစုတွင် မဲစာရင်းအမည်မပါခြင်း၊ မဲလက်မှတ်ပေါ် တွင် မဲရုံတာဝန်ရှိသူ၏ လက်မှတ် မပါဝင်ခြင်းနှင့် သတ်မှတ်ထား သည့် မဲပြားအရေအတွက်အပြည့် မဲပေးနိုင်မှုမရှိခြင်း စသည့်ပြဿနာ များ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
စင်ကာပူနှင့် ဂျပန်နိုင်ငံတို့ တွင် မဲဆန္ဒနယ်အချို့အတွက် မဲ လက်မှတ်များပါမလာ၍ မဲဆန္ဒရှင်များ မဲပေးခွင့်မရခဲ့ကြောင်း အဆိုပါနိုင်ငံများတွင် ကြိုတင်မဲပေးသူများထံမှ သတင်းရရှိသည်။
ယင်းပြဿနာများဖြစ်ပွား နေမှုကြောင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ မဲပေး ခွင့်ရရှိသူစာရင်းတွင်ပါဝင်ပြီး မဲ ပေးခွင့်မရရှိသူများ၊ မဲလက်မှတ် စုံလင်စွာ မပေးနိုင်သေးသူများ မဲ လက်မှတ်ပြည့်စုံစွာရရှိရန် ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း ကိုရီးယားနှင့် စင်ကာပူရှိ မြန်မာသံရုံးများက အောက်တို ဘာ ၁၉ ရက်၌ ထုတ်ပြန်ထား သည်။
ပြည်ပရောက် မြန်မာနိုင်ငံ သားများ ကြိုတင်မဲပေးသည့်ကာ လကို အောက်တိုဘာ ၁၃ ရက်မှ ၂၃ ရက်အတွင်း သံရုံးတစ်ခုချင်းစီ အလိုက် သတ်မှတ်ထားသည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။