ဆစ်ဒနီ ရဲအရာရှိ ပစ်သတ်ခံရမှု အကြမ်းဖက် အဖွဲ့များနှင့် ဆက်နွှယ်ဖွယ်ရှိ



ဆစ်ဒနီတွင် ရဲအရာရှိ တစ်ဦးကို ဆယ်ကျော်သက် လူငယ်တစ်ဦးက ပစ်သတ်မှုသည် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွှယ်မှု ရှိနိုင်ကြောင်း ဩစတြေးလျ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အသက် ၁၅ နှစ်သာ ရှိသေးသည့် လူငယ်တစ်ဦးသည် အောက်တိုဘာ ၂ ရက်က ပါရမ်မက်တာရှိ ရဲစခန်းရှေ့တွင် ရဲအရာရှိ တစ်ဦးကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ သေဆုံးသွားသည့် ရဲအရာရှိမှာ ကာတစ်ချန်း ဆိုသူဖြစ်ပြီး နယူးဆောက်သ်ဝေးလ်စ် ရဲတပ်ဖွဲ့တွင် ၁၇ နှစ်ကြာ အမှုထမ်းခဲ့သူ ဖြစ်သည်။

နယူးဆောက်သ်ဝေးလ်စ် ရဲတပ်ဖွဲ့က ယခုတိုက်ခိုက်မှုသည် ကြိုတင် ရည်ရွယ်ချက်ဖြင့် ကြံစည်ခြင်းဟု ပြောဆိုခဲ့ပြီး အကြမ်းဖက် ဂိုဏ်းဂဏများ၏ လွှမ်းမိုးမှု ရှိနိုင်ကြောင်း မှတ်ချက်ပေးထားသည်။ အမည်ထုတ်ပြန်ခြင်း မရှိသေးသည့် သေနတ်သမားသည် ချန်းကို ပစ်မသတ်မီတွင် ဘာသာရေး ကြွေးကြော်မှုဟု ယူဆရသည့် အော်ဟစ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ၎င်းကို အခြားရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းနှိမ်နင်း ပစ်ခတ် သုတ်သင်ခဲ့ရသည်။

နယူးဆောက်သ်ဝေးလ်စ် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သည့် လူငယ်သည် ဆစ်ဒနီ အနောက်ပိုင်း ဆင်ခြေဖုံး ရပ်ကွက်တွင် နေထိုင်သည့် အီရန်နွယ်ဖွား တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။ “သူ့လုပ်ရပ်မှာ မူဝါဒရေးရာ လှုံ့ဆော်မှုတွေ ဆက်နွှယ် ပါဝင်နေမယ်လို့ ယုံကြည်ရတယ်။ ဒီတော့ အကြမ်းဖက်မှုလို့ ယူဆရပါတယ်”ဟု နယူးဆောက်သ်ဝေးလ်စ် ရဲတပ်ဖွဲ့ ကော်မရှင်နာ အင်ဒရူး စီပီယိုနီက မှတ်ချက်ပေးခဲ့သည်။

ဩစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွမ် တန်ဘူးလ်က အဆိုပါ ဖြစ်ရပ်သည် တုန်လှုပ်ဖွယ် ရာဇဝတ်မှုတစ်ခု ဖြစ်ပြီး သွေးအေးစွာ ကျူးလွန်သည့် လူသတ်မှုမျိုးဟု ရှုတ်ချ ပြောကြားသွားသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။