ခူမီး (ခမီး) အမျိုးသားပါတီ


၁။ ဥက္ကဋ္ဌ - ဦးကျော်ထွန်း။

၂။ ပါတီဝင်အရေအတွက် - ရှစ်ထောင်ကျော်။

၃။ မဲဆန္ဒနယ်- ချင်းပြည်နယ် ပလက်ဝမြို့တွင် ကိုယ်စားလှယ်လောင်းငါးဦး ၀င်ရောက်ယှဉ်ပြိုင်မည်။

၎။ ပါတီမူဝါဒ- ခူမီးတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ ပလက်ဝဒေသရှိ တိုင်းရင်းသား လူမျိုးစုငယ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိစေရေး၊ စစ်မှန်သည့် ဒီမိုကရေစစနစ်အတွက် အခြားတိုင်းရင်းသားများနှင့် ပူးပေါင်းမည်။

၅။ ပါတီဆောင်ပုဒ်- မိမိကံကြမ္မာ မိမိဖန်တီးခွင့်ရရှိရေး။

၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ပါတီဝင်ဖြစ်ရမည်။ ပညာအရည်အချင်း အနည်းဆုံးအခြေခံပညာအထက်တန်းအဆင့်ရှိရမည်။ နိုင်ငံရေးအတွေ့ အကြုံရှိသူဖြစ်ရမည်။

၇။ ပါတီရန်ပုံငွေ− ပါတီဝင်များထည့်ဝင်ငွေနှင့် ကိုယ်စားလှယ်လောင်းများထည့်သွင်းငွေဖြင့် ရပ်တည်သည်။

၈။ ပါတီနောက်ခံသမိုင်း- ပါတီကို ၂၀၁၄ ဇူလိုင်အတွင်းက စတင်ဖွဲ့စည်းခဲ့သည်။


ပါတီဥက္ကဋ္ဌနှင့်အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုး စွမ်းဆောင်နိုင်မလဲ။
ဖွဲ့စည်းပုံပြင်ဖို့ လွှတ်တော်ထဲရောက်ရင်တော့ လိုအပ်တာပြင်နိုင်ရ မှာပေါ့။ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ပတ် သက်တဲ့ အခြေခံဥပဒေဖြစ်ဖို့ တိုင်းရင်းသား လူနည်းစုတွေ ကိုယ်ပိုင်စီမံ ခန့်ခွဲခွင့်ရှိမယ့် အချက်တွေပါဝင်နိုင်ဖို့ ကြိုးစားသွားမှာပါ။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားပြဿနာတွေ မရှိ တော့ဘဲ စစ်မှန်တဲ့ဒီမိုကရေစီထွန်းကားလာရင် ပြည်တွင်းစစ်တွေလည်း ငြိမ်းချမ်းလာမှာပါ။ ကျွန်တော်တို့အနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ တက်တက်ကြွကြွပါဝင်ဖို့ ဆုံးဖြတ်ထားတယ်။ နယ်စပ်ဒေသတွေ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လုပ်ရမယ်။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထား သလား။
ဝင်ငွေထွက်ငွေမျှတဖို့ နိုင်ငံတော်ဘတ်ဂျက်အကောင်းဆုံး တောင့် တင်းနေဖို့လိုတယ်။ အဲဒါဆောင်ရွက်ရမယ်။ ပြီးတော့ ပြည်သူတွေရဲ့အဓိကစီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍတွေမှာ နိုင်ငံတော်ကထောက်ပံ့ပံ့ပိုးမှုတွေ လုပ်ပေးရမယ်။ စိုက်ပျိုးရေးချေးငွေထုတ်ပေးရမယ်။ လမ်း၊ မီးနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးရ မယ်။ နည်းပညာအကူအညီတွေပေးရမယ်။ အဲဒါဆိုရင် စီးပွားရေး ချောင်လည်ပြီး ပြည်သူတွေ ၀င်ငွေပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါ တယ်။

ပြည်သူတွေက ခူမီးအမျိုးသားပါတီကို ဘာကြောင့်မဲပေးသင့်သလဲ။
မဲပေးသင့်တာက အဓိကက ကျွန်တော်တို့က တိုင်းရင်းသားအခွင့်အ ရေး တောင်းဆိုသွားမှာဖြစ်တယ်။ ခူမီးတိုင်းရင်းသားတွေက နိုင်ငံရေး လုပ်ပိုင်ခွင့်ဝေးနေတယ်။ နယ်စပ်ဒေသဖြစ်ပြီး ဖွံ့ဖြိုးမှုနည်းတော့ အမေ့ လျော့ခံဖြစ်နေတယ်။ အဆင်းရဲဆုံးဖြစ်နေတဲ့ ဒီဒေသတွေကို ဖွံ့ဖြိုးမှု ဆောင်ရွက်သွားနိုင်မှာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကြိုးစား သွားမှာဖြစ်လို့ မဲပေးသင့်တာပါ။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေးနဲ့ နိုင်ငံတကာရေးရာ ကိစ္စတွေ ဖော်ဆောင်နိုင်မယ့်သူကို ရွေးမယ်။ ပြီးတော့ တိုင်းရင်းသား ထဲကနေလည်း အလှည့်ကျသမ္မတဖြစ်ခွင့်အတွက်ကိုလည်း မျှော်လင့် တယ်။

ဥက္ကဋ္ဌကိုယ်ရေးအကျဉ်း။
အသက်-(၇၀) နှစ်

ပညာအရည်အချင်း - န၀မတန်းအောင်။

လက်ရှိအလုပ်အကိုင်- ပါတီဥက္ကဋ္ဌ။

နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၈၈ အရေးအခင်းတွင် ချင်းပြည် နယ်၌ တက်ကြွစွာပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ ပလက်ဝမြို့ ပြည်သူ့လွှတ်တော်နေရာအတွက် ၀င် ပြိုင်ရာ အနိုင်ရရှိခဲ့သည်။ ယင်းကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်  ဗဟိုကော်မတီတွင် ပါဝင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီမှနေ၍ ပလက်ဝမြို့မှ ၀င်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ ၂၀၁၄ တွင်သီးခြားပါတီ ထောင်ခဲ့သည်။

စံပြပုဂ္ဂိုလ်- ဗိုလ်ချုပ်အောင်ဆန်း။

ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- ၀၉-၄၂၀၇၄၆၆၇၅။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။