စံမောင်သန်း
စစ်တွေ၊ အောက်တိုဘာ ၃

Miss Universe Myanmar 2015 နောက်ဆုံးပြိုင်ပွဲကို ရန်ကုန်မြို့Gandamar Grand Ball Room ၌ အောက်တိုဘာလ ၃ ရက်နေ့ညက ပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်ကို ကိုယ်စားပြုပြီးယှဉ်ပြိုင်ခဲ့သည့် Miss Universe Sittwe ခါးနံပါတ် ၁၄ ချိုချိုထွန်းသည် Second Runner ဆုနှင့် Title ဆုတစ်ခုဖြစ်သော Miss Famous ဆုကို ရရှိခဲ့သည်ဟု သိရသည်။
Second Runner ဆုအတွက် ဆုငွေ ၂၅ သိန်းကျပ် ရရှိမည်ဖြစ်ပြီး Miss Famous ဆုအတွက် ၁၀ သိန်းကျပ် ရရှိမည်ဖြစ်သည်။
မချိုချိုထွန်းသည် နောက်ဆုံး ၅ ဦးဆန်ခါတင်ရွေးချယ်ခံရသူများ အထဲတွင် ပါဝင်ခဲ့ပြီး ၎င်း ၅ ဦးမှာ ခါးနံပါတ် ၁၄ ချိုချိုထွန်း၊ ခါးနံပါတ် ၇ မေဘရဏီသော်၊ ခါးနံပါတ် ၁၆ ထက်ထက်ထွန်း၊ ခါးနံပါတ် ၂၀ ဟန်းလေးနှင့် ခါးနံပါတ် ၁၀ အိဖြိုးသွယ်တို့ ဖြစ်ကြသည်။
Miss Universe Myanmar 2015 သရဖူကို ခါးနံပါတ် ၇ မေဘရဏီသော်က ရရှိခဲ့ပြီး Miss Universe Myanmar 2016 သရဖူကို ခါးနံပါတ် ၁၆ ထက်ထက်ထွန်းကရရှိခဲ့ကာ First Runner ဆုကို ခါးနံပါတ် ၂၀ ဟန်လေးက ရရှိခဲ့သည်ဟု သိရသည်။ အထူးဆုကို အိဖြိုးသွယ်ရရှိသွားသည်ဟု သိရသည်။
Miss Universe Sittwe ချိုချိုထွန်းသည် Top 2 နှစ်ဦး ထဲတွင် မေဘရဏီသော်နှင့်အတူ ရွေးချယ် ခံခဲ့ရသော်လည်း Miss Universe Myanmar ၂၀၁၅ နှင့် လွဲခဲ့ရပြီး Second Runner ဆုနှင့် Miss Famous ဆုတို့ကို ရရှိခဲ့ကြောင်း သိရသည်။
Miss Universe Myanmar 2015 သရဖူကို ရရှိသူသည် ၂၀၁၅ ခုနှစ်တွင်ပြုလုပ်မည့် Miss Universe ပြိုင်ပွဲတွင် မြန်မာကို ကိုယ်စားပြု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ Miss Universe Myanmar 2016 သရဖူကို
ရရှိသူသည် ၂၀၁၆ နှစ်တွင်ပြုလုပ်မည့် Miss Universe ပြိုင်ပွဲတွင် မြန်မာကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရမည်ဟု သိရသည်။
Miss Universe Myanmar 2015 နှင့် Miss Universe Myanmar 2016 သရဖူကို ဆွတ်ခူးရရှိသူ အလှမယ်များသည် သရဖူအပြင် ဆုငွေ သိန်း ၁၀၀ ကျပ်နှင့် နောက်ထပ် ၁၀ သိန်းကျပ်စီ ရရှိမည်ဖြစ်ပြီး First Runner ဆု ရရှိသူသည် ဆုငွေ သိန်း ၅၀ ကျပ်ရရှိမည်ဖြစ်သည်။
Title ဆုရှင်များမှာ Miss Beautiful Hair နှင့် Miss Healthy Skin ဆုများကို ခါးနံပါတ် ၂၀ ဟန်လေးကလည်းကောင်း၊ Miss Body Perfect ဆု၊ Miss Photogenic ဆုနှင့် Miss Gorgeous များကို ခါးနံပါတ် ၁၆ ထက်ထက်ထွန်းကလည်းကောင်း၊ Miss Famous ဆုကို ခါးနံပါတ် ၁၄ ချိုချိုထွန်းကလည်းကောင်း၊ Miss Congeniality ဆုကို ခါးနံပါတ် ၁၂ ထက်ထက်ဝင်း တို့ကရရှိသွားသည်။
နောက်ဆုံး ၁၀ ဦးဆန်ခါတင် ရွေးချယ်ခံရသူများမှာ ခါးနံပါတ် ၈ ပိုးပိုးရွှေရည် (ရန်ကုန်)၊ ခါးနံပါတ် ၁၀ အိဖြိုးသွယ် (မော်လမြိုင်)၊ ခါးနံပါတ် ၁၆ ထက်ထက်ထွန်း (ရန်ကုန်)၊ ခါးနံပါတ် ၄ ရွှေယွန်းလွှာ
(တောင်ကြီး)၊ ခါးနံပါတ် ၉ မွှေးသက်လွှင် (ရန်ကုန်)၊ ခါးနံပါတ် ၂၀ ဟန်းလေး (မန္တလေး)၊ ခါးနံပါတ် ၆ ငွေနှင်းမှုန်(လားရှိုး)၊ ခါးနံပါတ် ၁၂ ထက်ထက်ဝင်း (ရန်ကုန်)၊ ခါးနံပါတ် ၇ မေဘရဏီသော် (ရန်ကုန်) နှင့် ခါးနံပါတ် ၁၄ ချိုချိုထွန်း (စစ်တွေ) ဖြစ်ကြောင်း သိရသည်။
____Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။