ဒေါက်တာနေဇင်လတ်
အမျိုးသားတိုးတက် ရေးပါတီမှ လွှတ်တော်ကိုယ်စား လှယ်လောင်းများ ရွေးချယ်ခံရပါ က သံဃာတော်များမဲပေးခွင့်ရရှိ ရန် လွှတ်တော်တွင် အဆိုတင် သွင်းမည်ဖြစ်ကြောင်း ဒေါက်တာ နေဇင်လတ်ကပြောသည်။
မြန်မာနိုင်ငံအတွင်း နေထိုင် ကြသော အခြားဘာသာဝင်များ ၏ ခေါင်းဆောင်များသည် ရွေး ကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိပြီး ဗုဒ္ဓဘာသာသံဃာတော်များ မဲ ပေးခွင့်မရသဖြင့် မျှတမှုမရှိသော ကြောင့် လွှတ်တော်တွင် အဆို တင်သွင်းမည် ဖြစ်သော်လည်း ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ကိုမူ တင်သွင်းမည် မဟုတ်ကြောင်း ဒေါက်တာ နေဇင်လတ်က ပြော သည်။
‘‘တခြား ဘာသာရေး ခေါင်း ဆောင်တွေက မဲပေးလို့ရရင် သံဃာလည်း မဲပေးခွင့်ရှိရမယ်။ ဒီမိုကရေစီလို့ပြောရရင် မျှတမှု ရှိရမယ်လေ။ မျှတမှုမရှိရင် ဒီမို ကရေစီမဟုတ်ဘူး။ သံဃာတွေ ရွေးချယ်ခံခွင့်တော့ မတင်ပါဘူး။ မဲပေးခွင့်တော့ လွှတ်တော်ထဲမှာ အဆိုတင်မယ်’’ဟု ဒေါက်တာ နေဇင်လတ်ကပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၉)၊ ရွေးကောက်တင် မြှောက်ခြင်းအခန်း ပုဒ်မ-၃၉၂ အရ ဆန္ဒမဲပေးပိုင်ခွင့်မရှိသူ ငါး မျိုးတွင် သာသနာ့ဝန်ထမ်းများ မဲ ပေးခွင့်မရှိကြောင်း ဖော်ပြထား သည်။
‘‘ခရစ်ယာန်နိုင်ငံတွေမှာ တောင် အိမ်ထောင်မပြုတဲ့ သာ သနာ့ဝန်ထမ်းတွေက နိုင်ငံရေး ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်မ ရှိဘူး။ အခုကိစ္စဆို အခြေခံဥပဒေ ကို ပြင်ရမယ့် သဘောပဲ။ ပြင်ဖို့ ရာလည်း လွှတ်တော်ကိုယ်စား လှယ်အများစုက ထောက်ခံမှရ မှာ’’ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးကပြောသည်။
ထိုသို့အဆိုတင်သွင်းခြင်းကို အတည်ပြုနိုင်ရန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၏ အဆုံးအ ဖြတ်ပေါ်မူတည်ပြီး ယင်းအဆိုကို လက်ခံ၊ မခံမှာလည်း ပြည်သူ များ၏ ဆုံးဖြတ်ချက်ပေါ်မူတည် နေကြောင်း ဒေါက်တာနေဇင် လတ်ကပြောသည်။ ထိုသို့ အမျိုး ဘာသာသာသနာအတွက် အမျိုး သားတိုးတက်ရေးပါတီက ပြတ် ပြတ်သားသား ထောက်ခံနေခြင်း သည် အခြားပါတီများထက် ထူး ခြားပြီး ဆောင်ရွက်နေခြင်းမဟုတ် ဘဲ အမျိုးသားအကျိုးစီးပွားအ တွက် ဆောင်ရွက်နေခြင်းဖြစ် ကြောင်း ဒေါက်တာနေဇင်လတ် ကပြောသည်။
ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံ လေလုံ အားကစားကွင်းတွင် အောက်တိုဘာ ၄ ရက် မွန်းလွဲ ၂ နာရီမှညနေ ၆ နာရီခွဲအထိ မျိုး စောင့်ဥပဒေ ပေါ်ပေါက်လာခြင်း ဂုဏ်ပြုကြိုဆိုပွဲကျင်းပခဲ့သည်။ ယင်းပွဲသို့ ရဟန်းရှင်လူပြည်သူ တစ်သိန်းခန့် တက်ရောက်ခဲ့ရာ အမျိုးသားတိုးတက်ရေးပါတီ ၀င် တစ်ထောင်ကျော် ချီတက်ထောက် ခံခဲ့သည်။
‘‘သူများနိုင်ငံတွေက သူတို့ အမျိုးသားအကျိုးစီးပွားအပေါ် ရပ်တည်သလိုပဲ ကျွန်တော်တို့က လည်း ကျွန်တော်တို့အမျိုးသား အကျိုးစီးပွားပေါ်မှာ ပြတ်ပြတ် သားသား ရပ်တည်ရမှာပဲ။ရန်ကုန် တိုင်းအပါအ၀င် အနယ်နယ် အ ရပ်ရပ်ကလာတဲ့ ကျွန်တော်တို့ အမျိုးသားတိုးတက်ရေးပါတီဝင် တစ်ထောင်ကျော်နဲ့ ပြတ်ပြတ် သားသား သွားထောက်ခံလိုက် တယ်’’ဟု ဒေါက်တာနေဇင်လတ် ကပြောသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။