မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးမှု အဖြစ်မှန်ပေါ်ရန် ဆေးစစ်ချက်များကို ဓာတုဗေဒ၀န်ရုံးသို့ ပေးပို့ထား

 အောက်တိုဘာ ၁၁ ရက်က မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဆေးထိုးပြီး ငါးမိနစ်ခန့်အကြာတွင် သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အဖြစ်မှန်ပေါ်ရန် လိုအပ်သော စစ်ဆေး ချက်များကို ဓာတုဗေဒ၀န်ရုံးသို့ ပေးပို့ထားကြောင်း မြောက်ဦးမြို့ နယ် ဆရာဝန်ကြီး ဒေါက်တာ ခွန် မောင်အိုးက ပြောသည်။

‘‘ပြည်သူကြားမှာ ထွက်ပေါ် နေတဲ့ သတင်းတွေလို ဆေးမှားပြီး သေဆုံးခြင်းလား၊ ကိုယ်ဝန် ဆောင်စဉ်မှာ ပြောင်းလဲတတ်တဲ့ ပဋိဇီဝအပြောင်းအလဲကြောင့် လားဆိုတာကို အဖြေမှန်ပေါ်ဖို့ အတွက် လိုအပ်တာတွေကို ဓာ တုဗေဒ၀န်ရုံးကို ပို့ထားပြီဖြစ်ပါ တယ်။ ပြီးတော့ လူမှုကွန်ရက်တွေ မှာ ပျံ့နှံ့နေသလို ကျွန်တော်က စစ်တပ်ကလာတဲ့ ဆရာဝန် မဟုတ်ပါ’’ ဟု ဒေါက်တာ ခွန် မောင်အိုးက ပြောသည်။

အောက်တိုဘာ ၁၅ ရက်က မြောက်ဦးဟိုတယ်တွင် ကိုယ်ဝန် ဆောင်အမျိုးသမီးဆေးထိုးအပြီး သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ သေဆုံးသူအမျိုးသမီး၏ မိသားစု ၀င်များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံရှင်းလင်းစဉ် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ခွန်မောင်အိုးက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

မြောက်ဦးမြို့ အောင်တပ် ရပ်ကွက်မှ ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦးသည် မွေးဖွားခါနီး နေမကောင်း၍ ဆရာဝန်ကြီး၏ ဆေးခန်းသို့ သွားရောက်ပြသစဉ် ဆေးရုံတက်ရန် ညွှန်ကြားခဲ့၍ ဆေးရုံသို့ တက်ရောက်ဆေး ကုသမှုခံယူစဉ် ဆရာဝန်ကြီး ညွှန် ကြားထားသည့်အတိုင်း တာဝန် ကျသူနာပြုဆရာမက ဆေးထိုးပေး ခဲ့ရာ ဆေးထိုးအပြီး ငါးမိနစ်ခန့် အကြာတွင် ကိုယ်ဝန်ဆောင်မိခင်  သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ‘‘သူနာပြုဆရာမက ဆေး ထိုးပြီးတာနဲ့ ဆေးပုလင်းကို ယူ သွားပါတယ်။ ဆေးထိုးလို့ ငါးမိနစ်လောက်အကြာမှာ မျက်နှာယားတယ်။ အသက်ရှူကျပ်လာတယ်ဆိုပြီး ပြောပါတယ်။ အဲဒီအချိန်မှာ ဆရာဝန်၊ သူနာပြုဆရာမကို သွားခေါ်တော့ လက်ထောက် ဆရာဝန်ရောက်လာပြီးတော့ နောက်ထပ်ဆေးကုသမှုတွေ လုပ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော့်မိန်းမအသက်မရှိတော့ပါဘူး’’ ဟု သေဆုံးသူ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ကိုဇော်ဖြိုးက ပြောသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မြောက်ဦးမြို့ခံများအနေဖြင့် အ ဖြစ်မှန်ပေါ်ပေါက်ရန် လိုလားနေ ကြပြီး နောက်ထပ်ယခုကဲ့သို့ အ ဖြစ်ဆိုးနှင့် မကြုံတွေ့ရအောင် သက်ဆိုင်ရာတာဝန်ရှိသူများက  ကြပ်ကြပ်မတ်မတ် ဆောင်ရွက် ပေးရန် လိုလားနေကြောင်း သ တင်းရရှိသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။