တပ်မတော်သား ၁ ဦး အဓမ္မကျင့်ခဲ့သည့် ရခိုင်မိန်းကလေးငယ် သဂြိုလ်ပြီးစီး

မုဒိမ်းကျင့် , တပ်မတော် , လူ့အခွင့်အရေး , မှုခင်း , တရားဥပဒေစိုးမိုးရေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဓည၀တီ က ရပ်ကွက်တွင် တပ်မတော်သား ၁ ဦးက အဓမ္မကျင့်ခဲ့သည့် အသက် ၈ နှစ် အရွယ် မိန်းကလေးငယ မဌေးဌေးစံသည် ရန်ကင်းကလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် အောက်တိုဘာလ ၂၁ ရက်နေ့က ကွယ်လွန်သွားပြီး အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ သဂြိုလ်ပြီးစီးသွားပြီဖြစ်ကြောင်း သတင်း ရရှိသည်။

စစ်တွေအခြေစိုက် အမှတ် ( ၃၅၄) ခြေမြန်တပ်ရင်းမှ ဒုတပ်ကြပ် နေ၀င်းအောင်သည် အားကစား တာဝန်ဖြင့် အမ်းမြို့
တွင် တာဝန်ထမ်း ဆောင်နေရင်း စစ်တွေမြို့သို့ ခေတ္တလာရောက်စဉ် ဓည၀တီ က ရပ်ကွက်ရှိ မိန်းကလေး ငယ်၏ မိဘနေ အိမ်၌ ယာယီတည်းခိုခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့ညပိုင်းတွင် မိန်းကလေးငယ် အိပ်ပျော်နေစဉ် အလို မတူဘဲ အဓမ္မပြုကျင့်ခဲခြင်းဖြစ်သည်။

မုဒိမ်းကျင့်ခံရသော အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် မဌေးဌေးစံသည် နဂိုရောဂါအခံဖြစ်သည့် အကြီးအကျယ် အာဟာရ ချို့တဲ့သည့် ရောဂါကြောင့် အောက်တိုဘာလ ၉ ရက်နေ့တွင်စစ်တွေ ပြည်သူ့ဆေးရုံကြီးမှ တဆင့် ရန်ကုန်မြို့ ရန်ကင်းကလေးအထူးကုဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုကို ခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။

မဌေးဌေးစံကို ကူညီဆောင်ရွက်ပေးနေသူ ဒေါ်အေးသီတာက “ ကလေးမလေးအတွက် သွေးလိုတယ်ဆိုလို့ ကျမတို့ ဘုန်းကြီးသွားပြီး သွေးရှာနေတုန်းမှာပဲ ၁ နာရီ ၅ မိနစ်မှာ သေဆုံးသွားတာပါ။ ဆရာဝန်ပြောတာတော့ သူ့မှာ
ကျောက်ကပ် ပျက်စီးနေတယ်။ ကိုယ်ခံအားနည်းတယ်လို့ပြောတယ်။ သေဆုံးသွားတာကတော့ နဂို အာဟာရ ချို့တဲ့ ရောဂါနဲ့ ဆုံးသွားတာပါ ” ဟုပြောသည်။

မဌေးဌေးစံ၏ ရုပ်အလောင်းကို အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန် ရေဝေးသုဿာန်တွင် သဂြိုလ်ပြီးစီးသွားပြီဖြစ်သည်။

မဌေးဌးစံကို အဓမ္မပြုကျင့်ခဲသော ဒုတပ်ကြပ် နေ၀င်းအောင်ကို တပ်မတော်က လွှဲပြောင်းရယူ စစ်ဆေးလျက်ရှိရာ အမှုနှင့်ပတ်သက်၍ ရခိုင်လူမှုအဖွဲ့အစည်းများက မျက်ခြေမပြတ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ရခိုင်လူမှု အဖွဲ့အစည်း များက ပြောဆိုကြသည်။

တရားခံဖြစ်သူ ဒုတပ်ကြပ် နေ၀င်းအောင်ကို စစ်တွေတပ်နယ် အတွင်း တပ်အချုပ်ခန်းထဲတွင် ချုပ်နှောင်ထားပြီး အရက်
သေစာ သောက်စားမူးယစ်မှု ၊ တာဝန်ကျနေသည့် အမ်းမြို့မှ စစ်တွေသို့ မိမိသဘော ဆန္ဒအ လျောက်ရောက်ရှိနေသည့် အတွက် ခွင့်မဲ့ပျက်ကွက်မှု ၊ တပ်မတော်၏ ဂုဏ်သိက္ခာကို ညိုးညွမ်း စေမှု စသည့် စစ်ဘက်ဆိုင်ရာ ဥပဒေများဖြင့် အရေး ယူနိုင် ရန် ဆောင်ရွက်နေကြောင်း၊ အဓမ္မကျင့်သည်ဆိုသည့် စွပ်စွဲချက်အတွက်မူ တပ်မတော်မှစစ်ဥပဒေဖြင့် အရေး ယူခြင်း မရှိသေးဘဲ ဓာတုဗေဒ ဆေးစစ်ချက် အဖြေကို စောင့် ဆိုင်နေကြောင်း တပ်မတော်မှ ရခိုင်လူမှုအဖွဲ့ အစည်းများသို့ အသိ ပေးထားကြောင်း သိရသည်။

ဒုတပ်ကြပ် နေ၀င်းအောင်ကို စစ်တွေမြို့ အမှတ် ( ၁ ) ရဲစခန်းမှ ပ / ၂၀၃ / ၂၀၁၅ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး စစ်ဥပဒေ ဖြင့် အရေးယူနိုင်ရန် စက်တင်ဘာလ ၂၅ ရက်နေ့က သက်ဆိုင်ရာတပ်မတော်သို့ လွှဲ ပြောင်း ပေးခဲ့ကြောင်း သိရှိရသည်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။