မဌေးဌေးစံ၏ နောက်ဆုံးခရီး ရခိုင်ရေးရာဝန်ကြီးနှင့် မျိုးချစ် အသင်းအဖွဲ့များ လိုက်ပါပို့ဆောင်

ရန်ကုန်၊ အောက်တိုဘာလ ၂၂



ရန်ကုန်မြို့ ရန်ကင်း ကလေးဆေးရုံတွင် ကွယ်လွန်သွားခဲ့သော မဌေးဌေးစံ (၈) နှစ်၏ အသုဘ နောက်ဆုံး ခရီးအား ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ရခိုင့်စာပေနှင်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့် အပါအ၀င် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရဟန်းရှင်လူ ၁၀၀ နီးပါးခန့် လိုက်ပါ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

သူမ၏ အသုဘအား ယနေ့နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ ရေဝေး သုသာန်တွင် ပြုလုပ်ခဲ့သည်။

ဝမ်းနည်း ကြေကွဲမှု အမှတ်တရ လွမ်းသူ ပန်းခွေများကိုလည်း အသီးသီး ချခဲ့ကြရာ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ လွမ်းသူ့ ပန်းခွေ ချခဲ့ပြီး တစ်ခြား လွမ်းသူ့ပန်းခွေချခဲ့ကြသော အဖွဲ့ အစည်းများမှာ ရခိုင် လူငယ်များအဖွဲ့၊ တောင်ဒဂုံ ရခိုင်သာရေနာရေး အသင်း၊ မြောက် ဥက္ကလာပ မြို့နယ် ရခိုင်မိသားစု သာရေး နာရေး အသင်း၊ ရခိုင်စည်းရုံးရေးနှင့် သာရေးနာရေးအသင်း သင်္ကန်းကျွန်းကြီး၊ သဇင်ဂုဏ်ရောင်၊ ရခိုင် မောင်မယ် တံမြတ်စည်းလှဲ အသင်း တို့  ဖြစ်ကြသည်။

မဌေးဌေးစံသည် နာတာရှည် ရောဂါကို ခံစားနေရသော ကလေးငယ် တစ်ဦး ဖြစ်ပြီး စစ်တွေမြို မင်းဂံရပ်ကွက် နေအိမ်ရှိ အိပ်ရာပေါ်မှ မထနိုင်ဘဲ ရှိနေစဉ် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေက အရက်သောက်စား မူးယစ်နေသည့် စစ်သား တစ်ဦး၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည်။

၎င်းနောက်ပိုင်း ရန်ကုန်မြို့ရှိ ရန်ကင်း ကလေးဆေးရုံသို့ ယူဆောင်လာစဉ် အောက်တိုဘာလ ၂၁ ရက် နေ့လယ် တစ်နာရီ ငါးမိနစ်တွင် ကွယ်လွန်သွားခဲ့သည်။

အသုဘ အခမ်းအနားသို့ တက်ရောက်လာသူများမှ ကောင်းရာ သုဂတိသို့ ရောက်ရှိရန် သူမအတွက် ဆုတောင်း မေတ္တာပို့သခဲ့ကြသည်ဟု သိရသည်။

_____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။