မြန်မာ့တပ်မတော်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးလက်မှတ် ရေးထိုးရာတွင် ပါ ၀င်ခြင်းမရှိထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ် သော (SSPP/SSA) နှင့်ကေအိုင် အေတို့အကြား တိုက်ပွဲများဆက် လက်ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။
အောက်တိုဘာ ၂၁ ရက်က မိုင်းရှူးမြို့နယ်အတွင်း မြန်မာ့ တပ်မတော်နှင့် ရှမ်းပြည်တပ်မ တော် (မြောက်ပိုင်း) (SSPP/ SSA) တို့ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
၂၀၁၂ ဇန်န၀ါရီက ပြုလုပ် ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်များအရ SSPP/SSA တပ်များကို ၀မ်ဟိုင်း ဌာနချုပ်၌သာ အခြေပြုနေထိုင် ရန် သတ်မှတ်ထားခဲ့သော်လည်း SSA အင်အားစုအချို့သည်ဌာန ချုပ်မှ တောင်ဘက် ၁၀ မိုင်ခန့်အ ကွာ၌ အခိုင်အမာအခြေပြုနေ ထိုင်ကြောင်း စိစစ်တွေ့ရှိခဲ့သဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် လုံခြုံရေးမထိခိုက်စေရေးအ တွက် သတ်မှတ်နယ်မြေသို့ ပြန် လည်ဆုတ်ခွာရန် တပ်မတော်က အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း အစိုးရကထုတ်ပြန်ထားသည်။ သို့သော် SSA ကဆုတ်ခွာခြင်းမပြု ဘဲ ယင်းတပ်မတော်စစ်ကြောင်း များကို ပစ်ခတ်လာသဖြင့်နယ်မြေ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်အထိ ထိတွေ့တိုက်ပွဲ (၃၇)ကြိမ်ဖြစ်ပွား ခဲ့သည်ဟုဆိုသည်။
SSPP/SSA ကလည်း အောက်တိုဘာ ၂၀ ရက်စွဲဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပဏာမ သဘောတူညီချက် အပိုဒ် (၁) တွင် ‘‘ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်တပ်ဖွဲ့များ ကို ၀မ်ဟိုင်းတွင်အခြေပြု၍ လက် ရှိ ဖြန့်ခွဲထားသောနေရာများတွင် ယာယီအခြေပြုနေထိုင်ရန် သ ဘောတူသည်ဟုပါရှိသည်။ ၀မ် ဟိုင်းဌာနချုပ်၌သာ အခြေပြုနေ ထိုင်ရန် သဘောတူညီချက်လုံးဝ မပါရှိပါ’’ဟု ရှင်းလင်းထုတ်ပြန်ခဲ့ သည်။ တပ်မတော်စစ်ကြောင်း များက ထိုးစစ်ဆင်ဝင်ရောက် တိုက်ခိုက်ခြင်းသည် NCA စာချုပ် ကို လက်မှတ်ရေးထိုးရန် အဆင် သင့်မဖြစ်သေးသည့် SSPP/SSA ဗဟိုဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်သာဖြစ် ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အောက်တိုဘာ ၂၁ ရက်က မြန်မာ့တပ်မတော်နှင့် ကေအိုင် အေတို့ကြား ရှမ်းပြည်နယ်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ကချင်ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့ (PCG) မှ ဦးအင်ရှန် ဆန်အောင်က အဆိုပါ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေ ကြောင်း ကြားသိနေရပြီးတစ်နိုင်ငံ လုံးအတိုင်းအတာပါဝင်သည့် အ ပစ်အခတ်ရပ်စဲရေးကြန့်ကြာသွား နိုင်သည်ကို စိုးရိမ်ကြောင်းပြော ကြားသည်။
‘‘တိုက်ပွဲတွေများနေရင်တော့ ညှိနှိုင်းမယ့်ကိစ္စတွေကို ကြန့်ကြာ သွားနိုင်ပါတယ်။ အားလုံးပါဝင် နိုင်မယ့် အပစ်အခတ်ရပ်စဲရေး ကြန့်ကြာသွားနိုင်ပါတယ်’’ဟု အ ထက်ပါပုဂ္ဂိုလ်ကဆိုသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။