ကမ္ဘာကျော် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးမှု နိုဝင်ဘာလတွင် ရုံးတင်စစ်ဆေးမည်

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက်


ဇေကမ္ဘာဝင်းအတွင်းမှာ ဇူလိုင်လက ဖမ်းဆီးရမိခဲ့တဲ့ ကမ္ဘာ့စံချိန်တင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများကိစ္စနဲ့ ပတ်သက်ပြီးတော့ ရေလုပ်ငန်းအမည်ခံ ကုလားတန်မြစ်ဝှမ်းကုမ္ပဏီ (Kaladan Delta Development Co.,Ltd) မှ မန်နေးဂျင်းဒါရိုက်တာ ကိုမင်းဦးခိုင်ပါ ၁၂ ဦးကို နိုဝင်ဘာလအတွင်းမှာ ရုံးတင်စစ်ဆေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ရဲမှူးကြီး မြင့်သိန်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

မန်နေဂျင်းဒါရိုက်တာ ကိုမင်းဦးခိုင်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ မြ၀တီမြို့မှ ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးတိမ်ရှောင်နေသူ ၂၆ ဦးမှာ တချို့ဟာ မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်တွေမှာ ရှိနိုင်တယ်လို့ ထွက်ဆိုချက်တွေအရ ရှောင်တခင် စစ်ဆေးရှာဖွေခဲ့ရာမှာ စစ်တွေမြို့ အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ ဂိတ်မှူးတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လကနေ အောက်တိုဘာလအထိ ကုလားတန်မြစ်ဝှမ်းပိုင် ကုမ္ပဏီနှင့် မြောက်ဒဂုံမြို့နယ်အတွင်းမှာ ရှိတဲ့ ဆောက်လုပ်ရေးအမည်ခံ Arakan Bay ကုမ္ပဏီပိုင် စိတ်ကြွဆေးပြားများ ၃၄ သန်းအထိ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုနှင့် ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပ မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာ ကပါ စိတ်ဝင်စားမှုများပြားနေတာကြောင့် စစ်ဆေးမှုတွေကို အရှိန်မြင့်တင်ဆောင်ရွက်နေပေမယ့်လည်း ရခိုင်ပြည်နယ်အတွင်းက ပါဝင်ပတ်သက်သူတချို့ရဲ့ ကွင်းဆက်ဟာ ပျောက်နေကြောင်း မူးယစ်ဌာနများက သတင်းထုတ်ပြန်ထားပါတယ်။
ရုံးတင်စစ်ဆေးမယ့် ၁၂ ဦးထဲမှာ ကုလားတန်မြစ်ဝှမ်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ကိုမင်းဦးခိုင် အပါအ၀င်၊ ဇေကမ္ဘာဝင်းအတွင်းမှာ တွေ့ရှိခဲ့တဲ့ ကွန်တိန်နာ ယာဉ်ပိုင်ရှင် ဦးလှမောင် (ခ) အောင်လင်း (ခ) ပြည့်စိုး နှင့် ငွေလွှဲငွေသွင်းပြုလုပ်သူ ကိုရန်ရှောင်ဟွာ (ခ) ကိုစိုးရှင် အပြင် မူးယစ်ဆေးဝါးကူးသန်းမှုရဲ့ အဓိက တရားခံများလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ဟာ ဇူလိုင်လ ၂၆ ရက်နေ့မှာ ဇေကမ္ဘာဝင်းအတွင်း စိတ်ကြွဆေးပြား ၂၆ သန်းကျော်၊ သြဂုတ် ၃ ရက်နေ့မှာ မြောက်ဒဂုံမြို့နယ်အတွင်း ဆေးပြား ၁၅ သိန်း၊ သြဂုတ် ၁၂ ရက်နေ့မှာ သာကေတမြို့နယ်အတွင်း ဆေးပြား ၅၉၉၀၀၀ နှင့် ဘိန်းဖြူဘလောက်တုံးအချို့၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ အရှေ့ဒဂုံအတွင်း ဆေးပြား ၁၉ သိန်းကျော်နှင့် ဖင်ဆီဒိုင်းပုလင်း ၅၀၀ ခန့်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှာ မရမ်းကုန်း ရိုးချောင်းအတွင်း ဆေးပြား ၆ သောင်းခန့်နှင့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ အရှေ့ဒဂုံအတွင်း ဆေးပြား ၃၈ သိန်းကျော် အသီးသီးကို ၃ လ အတွင်း ဖမ်းဆီးရရှိခဲ့ပြီး အဆိုပါ အမှုတစ်ခုလုံးရဲ့ ပါဝင်သူများအဖြစ် ကုလားတန်မြစ်ဝှမ်းကုမ္ပဏီနှင့် Arakan Bay တို့ကို စွပ်စွဲခဲ့ပြီး အဆိုပါ ကုမ္ပဏီပိုင်ရှင်များနှင့် ပါဝင်ပတ်သက်သူများ၊ အတွင်းကျကျ သိသူများကို ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုနှင့် ပတ်သက်ပြီး ဒီမိုကရစ်တစ်မြန်မာ့အသံ (DVB) သတင်းထောက် ကိုညီငယ်လေးမှာ အမှုကို တောက်လျှောက် စုံစမ်းဖော်ထုတ်နေသူဖြစ်ပြီး သူ့ရဲ့ အောက်တိုဘာလ ၈ ရက်နေ့ Facebook စာမျက်နှာတွင် “အခြေအနေတွေက ဆက်လက်ရှုပ်ထွေးဆဲ။ တထောင့်တညကနေ အကုန်ပေါ်ပြီ။ WY မင်းဘယ်ပြေးမလဲ ဖြေဆည်စရာ ဆွေမျိုးတသိုက် အမျိုးအရင်းမို့ သစ္စာမဖောက်ပေမဲ့ အစုလိုက်အပြုံလိုက် ဓါးစာခံရပြီလား လက်ဝယ်ဖြန့်ဖြူး သုံးစွဲတွေကပ် ဆယ်သက်ဆယ်ကျွန်းဆိုက်” ဖော်ပြထားချက်အရ အမှုကွင်းဆက်တစ်ခုလုံးရဲ့ တရားခံဟု မြန်မာနိုင်ငံမူးယစ်အဖွဲ့က ထုတ်ပြန်ထားသူတွေဟာ ဆွေမျိုးညီအစ်ကိုတော်စပ်သူတွေဖြစ်ပြီး လွတ်မြောက်နေသူများရဲ့ အကျိုးစီးပွားကို ကာကွယ်လိုတာကြောင့် ဖော်ထုတ်ဝန်ခံမှုတွေ မပြုလုပ်ကြတဲ့အတွက် ပါဝင်ပတ်သက်သူ အစစ်အမှန်မဟုတ်သူတချို့ဟာ ဓားစာခံတွေအဖြစ် ကြိုးပေးခံရတော့မှာ ဖြစ်ကြောင်း ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

Ref:
RIA
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။