ရခိုင်ပြည်နယ် အမ်း မြို့နယ်တွင် ရခိုင်အမျိုးသားပါတီ မဲဆွယ်ဆိုင်းဘုတ်များ မကြာခဏ ဖျက်ဆီးခံနေရကြောင်း အမ်းမြို့ နယ် ရခိုင်အမျိုးသားပါတီမှ သတင်းရရှိသည်။
‘‘မဲဆွယ်စည်းရုံးရေး စတင် ကတည်းက ပါတီဆိုင်းဘုတ်တွေ မကြာခဏဖျက်ဆီးခံနေရတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၁ ရက်ကပဲ အမ်းမြို့နယ် ပဒေကြော ကျေးရွာနဲ့ ဒါးလက်ချောင်းကျေး ရွာက ပါတီဆိုင်းဘုတ်တွေ ဖျက် ဆီးခံရပါတယ်’’ဟု အမ်းမြို့နယ် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးခင် မောင်ဌေးက ပြောသည်။
အမ်းမြို့နယ်တွင် ရခိုင်အမျိုး သားပါတီဆိုင်းဘုတ်များ ဖျက်ဆီး ခံရခြင်းနှင့် ပတ်သက်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြား ထားသော်လည်း တစ်စုံတစ်ရာ အကြောင်းမထူးသေးကြောင်း ဦးခင်မောင်ဌေးက ဆိုသည်။
နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲတွင် အမ်းမဲဆန္ဒနယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအပါအ၀င် ပါတီ ကိုးပါတီမှ ကိုယ်စားလှယ်လောင်းများ ၀င် ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည်။
မြောက်ဦး မြို့နယ်တွင် လည်း တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော် သိန်း၏ ဆိုင်းဘုတ် အောက်တိုဘာ ၉ ရက်က ဖျက်ဆီးခံခဲ့ရ ကြောင်း သတင်းရရှိသည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။