ပျောက်ဆုံးနေသော ကချင်တိုင်းရင်းသား တဦး ရုပ်အလောင်း ၃ လခန့်ကြာမှ ပြန်တွေ့

KIA, ကချင် , ဦးတူးဂျာ

ကချင်ပြည်နယ် ကာမိုင်းမြို့ ဇီးကုန်းရပ်ကွက်တွင် နေထိုင်သည့် ၃လ ခန့် ပျောက်ဆုံးနေသော ဦးတူးဂျာ၏အလောင်းကို ကာမိုင်း စစ်တပ်ကုန်း(မြန်မာ့အသံကုန်း)တွင် ယနေ့ တူးဖော်ရရှိကြောင်း ကာမိုင်းမြို့ ရဲစခန်းမှ ဒုရဲမှူးကျော်ညွန့် က ပြောသည်။

ဦးတူးဂျာသည် ဇွန် ၁၉ ရက်ညနေပိုင်း ကာမိုင်းမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ၂၅၀ မှ ဗိုလ်မှူး ရဲကျော်သူ တို့အဖွဲ့က ဦးတူးဂျာ နှင့် အတူ ဒေသခံ ၃ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒေသခံ ၃ဦး ကို ဇွန် ၂၀ ရက်တွင်ပြန်လွှတ်ပေးခဲ့သော်လည်း ဦးတူးဂျာကို ပြန် မလွှတ်ခဲ့ကြောင်း သိရသည်။

ဦးတူဂျာနှင့် အတူဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူများမှာ ဦးသန်းလွင်၊ ဦးဖိုးသေး နှင့် ဦးဇော်ထွန်း(ခ) မောင်ကြိုင်တို့ ဖြစ်ပြီး ဦးတူးဂျာသည် အစိုးရ ခြေလျင်တပ်ရင်း ၂၅၀ က ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးသွာသည်ဟု ပြန်လည် လွတ်မြောက်လာသူ ဦးသန်းလွင်က သြဂုတ်လ က ဧရာဝတီသို့ ပြောဆိုထားသည်။

ထိုအမှုကို ဆောင်ရွက်နေသည့် ကာမိုင်းရဲစခန်းမှ ဒုရဲမှူးကျော်ညွန့်က“ဒီနေ့မှ တူးဖော်တာပါ။ ကာမိုင်း မြန်မာ့အသံ ဝန်ထမ်းကုန်းမှာပါ။ ကာမိုင်းရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ သူ့မိသားစုက ဖွင့်ထားတယ်။ လူသတ်မှုနဲ့ ဖွင့်ထားတယ်။ ကာမိုင်း ဆေးရုံမှာ ရဲ လုပ် ထုံးနဲ့အညီ ရင်ခွဲ စစ်ဆေြး့ပီး မိသားစုကို ပြန်အပ်နေပါတယ်။ သူတို့ လိုအပ်တာ လုပ်ဖို့၊ သင်္ဂြိုဟ်ဖို့ ပြန်အပ်လိုက်ပါပြီ”ဟု ပြောပြ သည်။

ဦးတူးဂျာတို့ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားစဉ်က ကချင် လွတ်လပ်ရေး တပ်မတော် (KIA)နှင့် ပတ်သက်သည်ဟူသော သံသယ ဖြင့် အစိုးရစစ်တပ်က လာရောက် ဖမ်းဆီးခေါ်ဆောင်ခြင်း ဖြစ်သည်ဟု ဦးတူဂျာ၏ အမှုကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ဦးမာခါးက ဧရာဝတီသို့ ပြောသည်။

“သူတို့ စစ်ဆေးပြီးမှ ကျနော်တို့ တွေ့ရမယ်။ ကိုယ်လုံးကတော့ဘာမှ ကြည့်လို့မရတော့ဘူး။ ခေါင်းပိုင်းပဲကြည့်လို့ရတဲ့အတွက် သေ ချာ တယ်ဆိုတာ သိလိုက်ရပါတယ်။ ဆေးရုံ ရင်ခွဲမှာပဲ ထားခဲ့တယ်။ မနက်ဖြန် ၁၀နာရီလောက် သင်္ဂြိုဟ်မယ်”ဟု ဦးတူးဂျာ၏ ဆွေးမျိုးတော်စပ်သူ တဦးက ပြောသည်။

ဦးတူးဂျာ ၏အလောင်းကို ပြန်လည်တွေ့ရှိသည့်အတွက် ကျေနပ်မိကြောင်း၊ လက်ရှိတွင် ဦးတူးဂျာ၏ ဇနီးနှင့် သားသမီး ၆ ဦး ကျန် ရှိနေကြောင်းလည်း ၎င်းက ပြောဆိုသည်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။