မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ

၁။ ဥက္ကဋ္ဌ - ဦးစံသာအောင်။

၂။ ပါတီဝင်အရေအတွက် - ၃၄,၅၀၀။

၃။ မဲဆန္ဒနယ်- ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဘူးသီးတောင်။

၎။ ပါတီမူဝါဒ- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး၊ ဒေသဖွံ့ဖြိုးရေး။

၅။ ပါတီဆောင်ပုဒ်- အများအကျိုးဆောင် ကိုယ့်အကျိုးအောင်။

၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - အများယုံကြည်လေးစားပြီး ပညာတတ်သူ မြို့တိုင်းရင်းသားများအား ရွေးချယ်သည်။

၇။ ပါတီရန်ပုံငွေ− ပါတီဝင်များ၏ ထည့်ဝင်ငွေနှင့် ပါတီသို့လှူဒါန်းငွေဖြင့် ရပ်တည်သည်။

၈။ ပါတီနောက်ခံသမိုင်း- ၁၉၈၈ နိုဝင်ဘာ ၁၄ ရက်တွင် မြို(ခေါ်) ခမီ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ တည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင်မဲဆန္ဒနယ်အချို့၌ အနိုင်ရခဲ့သည်။ ၂၀၁၀ တွင် ပါတီ မှတ်ပုံတင်ပြန်လည်လျှောက်ထားပြီး ရွေးကောက်ပွဲဝင်ကာ ၂၀၁၄ ဇူလိုင် ၁ ရက်တွင် မြို့တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီအဖြစ် အမည်ပြောင်းလဲခဲ့သည်။


ပါတီဥက္ကဋ္ဌနှင့်အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုး စွမ်း ဆောင်နိုင်မလဲ။
တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ပိုမိုရရှိဖို့ ပြင်ဆင်သွားမယ်။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး မှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးကို လိုလားတယ်။ပြည်တွင်း စစ်ကြောင့် ပြည်သူတွေမလုံခြုံတဲ့ဘ၀ကို ခံစားလာရတာ နှစ်ပေါင်း ၆၀ ကျော်ပြီ။ ဒါကြောင့် ငြိမ်းချမ်းရေးရဖို့ တိုက်တွန်းသွားမှာပါ။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
ဒါက အစိုးရနဲ့သက်ဆိုင်တယ်။  ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေ မျှအောင် ဆောင်ရွက်နိုင်ဖို့ အစိုးရကို တိုက်တွန်းသွားမယ်။

ပြည်သူတွေက မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီကို ဘာကြောင့် မဲပေး သင့်သလဲ။
ပါတီက ကိုယ့်အမျိုးသားဖွံ့ဖြိုးရေးအတွက် လုပ်နေတယ်လေ။ မူလတန်းကျောင်းမဖွင့်နိုင်တဲ့ ရွာတွေအများကြီးရှိသေးတယ်။ ဖွင့်နိုင် အောင် အစိုးရကို တိုက်တွန်းပေးမယ်။ ဒေသအခြေပြုစီးပွားရေးလုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
လက်ရှိသမ္မတကိုပဲ ရွေးချင်တယ်။

ဥက္ကဋ္ဌကိုယ်ရေးအကျဉ်း။

အသက်-(၇၅) နှစ်

ပညာအရည်အချင်း - High School (Final)

လက်ရှိအလုပ်အကိုင်- မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ။

နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၇၆ တွင် မြို့နယ်ကောင်စီအတွင်း ရေးမှူး၊ ၁၉၈၈ တွင် မြို(ခေါ်) ခမီအမျိုးသားစည်းလုံးညီညွတ်ရေး ပါတီ တည်ထောင်ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျောက်တော်ပြည်သူ့လွှတ် တော်မဲဆဆန္ဒနယ်(၂)၌အနိုင်ရခဲ့သည်။၁၉၉၃ မှစတင်သော အမျိုးသား ညီလာခံကို တောက်လျှောက်တက်ရောက်ခဲ့ပြီး မြိုတိုင်းရင်းသားဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ လက်ရှိအချိန်အထိ ဆောင်ရွက်လျက်ရှိ။

စံပြပုဂ္ဂိုလ်- ဗိုလ်ချုပ်အောင်ဆန်း။

ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် (၂၀၂)၊ စာတိုက်လမ်း၊ ပြည်တော်သာရပ်ကွက်၊ ကျောက်တော်မြို့၊ ၀၉-၄၂၁၇၃၄၅၀၈။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။