ရုရှားစွက်ဖက်မှုကြောင့် ပိုမိုရှုပ်ထွေးလာမည့် ဆီးရီးယားပဋိပက္ခ


ဆီးရီးယား ပြည်တွင်းစစ်တွင် ရုရှား၏ ဝင်ရောက် စွက်ဖက်လာမှုက ခြေမြန်လက်မြန် ရှိလွန်း သဖြင့် တစ်ကမ္ဘာလုံးအတွက် အံ့ဩစရာဖြစ်ခဲ့သည်။ အထူးသဖြင့် ဆီးရီးယားရှိ အစ္စလာမ် မစ်နိုင်ငံတော် (အိုင်အက်စ်) စစ် သွေးကြွများကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အမေရိကန်အစိုးရအတွက် ရုရှား ၏ ခြေလှမ်းသည် အံ့ဩစရာရော၊ စိတ်အနှောင့်အယှက်ဖြစ်စရာပါ ကြုံလာသည်။


စက်တင်ဘာလအတွင်းတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မိမိတို့၏ မဟာမိတ်ဖြစ်သည့် ဆီးရီးယား သမ္မတ ဘာရှားအယ်လ် အာဆတ်ကို ကူညီရပ်တည်သွား မည်ဟု ကြေညာသည်။ ထို့နောက် ဆီးရီးယားသို့ ရုရှားတိုက်လေ ယာဉ်များ၊ စစ်လက်နက်များ လျင် လျင်မြန်မြန် အားဖြည့် ရောက်ရှိလာသည်။

စက်တင်ဘာ လကုန်ပိုင်းတွင် ရုရှားမောင်းသူမဲ့ လေယာဉ်များက ဆီးရီးယား လေပိုင်နက်တွင် စတင်ကင်းထောက် ပျံသန်းခဲ့ပြီး အောက်တိုဘာလဆန်းတွင် ရုရှားလေတပ်၏ ဗုံးကြဲတိုက်ခိုက် မှု အစီအစဉ် လက်တွေ့ အစပြု နေပြီ ဖြစ်သည်။

အိုဘားမားနှင့် ပူတင်တို့ သည် ကုလသမဂ္ဂ လုံခြုံရေးညီ လာခံတွင် တွေ့ဆုံရင်း ဆီးရီးယား စစ်ပွဲအရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ခေါင်းဆောင် နှစ်ဦးစလုံးက အိုင်အက်စ်တို့ကို လေကြောင်းမှ ထိုးစစ်ဆင်တိုက် ခိုက်မှုကို သဘောတူခဲ့သော်လည်း ဆီးရီးယား ပြည်တွင်းစစ်နှင့် ပတ် သက်၍ ရပ်တည်သော မူဝါဒ ပိုင်းတွင် သဘောထားကွဲလွဲခဲ့ သည်။ အမေရိကန်က အာဆတ် ကို ဆန့်ကျင်သည့် သူပုန်အဖွဲ့အ စည်း အချို့ကို လက်နက် တပ်ဆင် လေ့ကျင့်ပေးနေပြီး ရုရှားက အာ ဆတ်ကို စစ်ရေးအရ ကူညီလျက် ရှိသည်။

ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနက ဆီးရီးယားတွင် ရုရှားပါဝင် ပတ်သက်မှုသည် အိုင်အက်စ် အကြမ်းဖက် အဖွဲ့ကို ချေမှုန်းရန် အဓိက ရည်ရွယ်ကြောင်း ကြေ ညာခဲ့သည်။

‘‘ရုရှား လေတပ်ဟာ အ ဆင့်မြင့် နည်းပညာသုံး ပစ်မှတ်က ဒုံးကျည်တွေကို အသုံးပြုပြီး ဆီးရီးယားက အိုင်အက်စ်ရယ်၊ အိုင်အက်စ်ရဲ့ သစ္စာခံ တပ်ဖွဲ့တွေရယ် အသုံးပြုနေတဲ့ အခြေစိုက်စခန်း တွေကို တိုက်ခိုက်နေတာ ဖြစ်ပါ တယ်’’ ဟု သတင်းထုတ်ပြန်ခဲ့ သည်။

အောက်တိုဘာ ၄ ရက်တွင် ၂၄ နာရီအတွင်း ရုရှားတိုက်လေယာဉ်များက စစ်ဆင်ရေး (၁၈) ကြိမ် ဆင်နွှဲပြီးနောက် ရုရှားဘက်က ယခုကဲ့သို့ လေသံလွှင့်လာခြင်း ဖြစ်သည်။

ဆီးရီးယားသမ္မတအာဆတ် က ပြည်တွင်းစစ်တွင် ရုရှား၏ စွက်ဖက် ပါဝင်လာမှုကို လိုလိုလားလား ကြိုဆိုခဲ့သည်။

၎င်းက ရုရှားသာ ပါဝင်မလာပါက အိုင်အက်စ်တို့၏ ခြိမ်းခြောက်မှုကြောင့် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံး ထိခိုက်လာ စေနိုင်ကြောင်း ဆိုသည်။

‘‘ဆီးရီးယား၊ အီရတ်၊ အီရန် နဲ့ ရုရှားတို့ ပူးပေါင်းမဟာမိတ်ဖွဲ့မှုမျိုး မဖြစ်မနေ လိုအပ်ပါတယ်။ ရုရှားရဲ့ ပူးပေါင်းမှုကို ကြိုဆိုရပါမယ်။ ဒီမဟာမိတ် အသိုက်အဝန်းကို လက်တွေ့ အကောင်အထည်ဖော် ဖွဲ့စည်းနိုင်ပြီဆိုရင် အကြမ်းဖက်သမားတွေကို တိုက်ထုတ် နိုင်ဖို့ အခွင့်အလမ်းလည်း ပို ကျယ်ပြန့်လာလိမ့်မယ်’’ ဟု အာဆတ်က အင်တာဗျူး အစီအစဉ် တစ်ခုတွင် ပြောကြားခဲ့သည်။


ဆီးရီးယားတွင် ရုရှားစစ်လေယာဉ်များ ကြဲချသည့် ဗုံးတစ်လုံးပေါက်ကွဲနေစဉ် ရုရှားကာကွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်က ဖော်ပြသောပုံ/Russian Defense Ministry/AP

အီရတ်သည် ဆီးရီးယား နည်းတူ အိုင်အက်စ်တပ်ဖွဲ့များ ၏ ကျူးကျော်မှုကို ခံနေရပြီး အီရန်ကမူ အာဆတ်၏ သစ္စာ တော်ခံ တပ်များနှင့် ပူးပေါင်းတိုက် ခိုက်ရန် ခြေလျင်တပ်များကို ဆီး ရီးယားသို့ စေလွှတ်ထားသည်။  ဆီးရီးယားနှင့် အီရန်ပူးပေါင်းတပ် များသည် အိုင်အက်စ်တို့ကို ထိုး စစ်ဆင်ပြီး ရုရှားက လေကြောင်း မှ ပစ်ကူပေးဖွယ် ရှိနေကြောင်း အ မေရိကန် စစ်ဘက်က ခန့်မှန်းထား သည်။

မည်သို့ပင်ဖြစ်စေ ရုရှားပါဝင် လာမှုက ဆီးရီးယား ပဋိပက္ခတွင် ချိန်ခွင်လျှာ အပြောင်းအလဲ ကြီး ကြီးမားမား ဖြစ်လာစေဖွယ်ရှိနေ သည်။ အရှေ့အလယ်ပိုင်းရေး ရာ စောင့်ကြည့်နေသည့် သုတေသီ များက ရုရှားသာ ပါဝင်မလာပါက အာဆတ် အစိုးရ ပြုတ်ကျနှင့်ပြီး ဖြစ်နေလိမ့်မည်ဟု သုံးသပ်ခဲ့ သည်။ တစ်ဖက်တွင် အာဆတ်နှင့် ဆန့်ကျင်ဘက် ရပ်တည်သည့် အမေရိကန်နှင့် မဟာမိတ် အာရပ် နိုင်ငံများအတွက်မူ စိတ်ပျက်စရာ ဖြစ်လာသည်။

အာရပ်မဟာမိတ်များက ဆီးရီးယားတွင် အိုင်အက်စ်တို့ကို ရုရှားက လေကြောင်းမှ တိုက်ခိုက်လာသည့် အစီအစဉ်ကို လက်ခံခဲ့သော်လည်း အာဆတ်အစိုးရ ပြုတ်ကျမှသာ ပဋိပက္ခများ ချုပ် ငြိမ်းလိမ့်မည်ဟု အခိုင်အမာ ယူ ဆထားသည်။

‘‘ဆီးရီးယားနိုင်ငံ အခြေတ ကျ ပြန်ဖြစ်သွားဖို့ဆိုရင် ရွေးချယ် စရာ နှစ်ခုပဲရှိတယ်။ တစ်ခုက နိုင်ငံရေး နည်းလမ်းအရ ချဉ်းကပ် တာဖြစ်ပြီး အသွင်ကူးပြောင်းရေး ကောင်စီတစ်ခု ပေါ်ပေါက်လာ ဖို့ပါ။ နောက်တစ်နည်းကတော့ စစ်ရေးအရ အရေးယူဖို့ပဲ။ အဲဒီ အပိုင်းမှာတော့ အာဆတ်အစိုးရ ကို ဖယ်ရှားလိုက်မှ ဖြစ်လိမ့်မယ်’’ ဟု ဆော်ဒီအာရေးဗီးယား နိုင်ငံ ခြားရေးဝန်ကြီး အေဒယ်လ် အယ်လ် ဂျူဘီယာက ပွင့်ပွင့်လင်း လင်း ပြောဆိုခဲ့သည်။

ထို့ကြောင့် မူဝါဒအားဖြင့် အမေရိကန်နှင့် အာရပ်မဟာမိတ် များရော၊ ရုရှားနှင့် ဆီးရီးယားတို့ ကပါ အိုင်အက်စ်တို့ ချုပ်ငြိမ်းသွား မည်ကို လိုလားကြသော်လည်း ပြည်တွင်းစစ်တွင် ရပ်တည်မှုချင်း လုံးဝ ဆန့်ကျင်လျက် ရှိသည်။

ရုရှားက ဆီးရီးယားအရေး ကို ဖြေရှင်းရာတွင် အာဆတ်သည် အရေးပါသော အစိတ်အပိုင်း တစ်ရပ်အဖြစ် ရှိနေဆဲဟု ယုံ ကြည်ကြောင်း တွင်တွင်ပြောဆို နေပြီး အမေရိကန်ကမူ အာဆတ် အစိုးရ ပြုတ်သွားမှသာ ပြဿနာ အားလုံး ပြီးဆုံးသွားမည်ဟု အ ခိုင်အမာ ယူဆလျက်ရှိသည်။

ယင်းသည် ကမ္ဘာ့အင်အားကြီး လက်နက်နှစ်နိုင်ငံ အကြား တွင် အခြေခံ အကျဆုံး သဘောထား ကွဲလွဲမှုတစ်ရပ်လည်း ဖြစ် လာသည်။

ထို့အပြင် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ရုရှားလေတပ် ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရသည့် ဆီးရီးယား သူပုန်အဖွဲ့တစ်ခုက ၎င်းတို့သည် အမေရိကန် ထောက် လှမ်းရေးဌာန (စီအိုင်အေ)က လေ့ကျင့်ပေးထားသူများ ဖြစ် ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သည် အာဆတ်ကို တော်လှန်နေသည့် သူပုန်အဖွဲ့ များအနက် အချို့ကို လေ့ကျင့် သင်တန်းပေးကာ စစ်လက်နက် များ ထောက်ပံ့ပေးထားသည်။

ရုရှားအနေဖြင့် အာဆတ်ကို ကူညီကာ ၎င်း၏ ရန်သူများကို ချေမှုန်းသွားမည်ဟု ကြိုတင်ကြေ ညာထားသည့်အတိုင်း အိုင်အက်စ် များအပြင် အခြားသူပုန်များပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုအခြေအနေများက စစ် အေးခေတ် ကာလနောက်ပိုင်း အရှေ့အလယ်ပိုင်း ဒေသတွင် ရုရှားနှင့် အမေရိကန်တို့၏ မူဝါဒ ရေးရာ အားပြိုင်မှုများ ပထမဆုံး အကြိမ် ပြန်လည်ပေါ်ပေါက်လာ မည်ကို စိုးရိမ်မှုများလည်း ဖြစ် ပေါ်နေသည်။

ပူတင်ကမူ အာဆတ်ကို ထောက်ခံသည့် သဘောထား နှင့်ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အတိ အလင်း ပြောကြားသွားသည်။

‘‘လူတချို့က (အမေရိကန် ကို ဆိုလိုသည်) ဆီးရီးယား အပါ အဝင် တစ်ကမ္ဘာလုံးမှာ ဒီမိုကရေစီ ပုံစံခွက်ကို အတင်းအကျပ် သွတ် သွင်းဖို့ ကြိုးစားနေကြတယ်။ လို အပ်တဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒ တွေအစား ရန်လိုတဲ့ စွက်ဖက်မှု တွေက နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရ အဖွဲ့ ထူထောင်ထားတာတွေ၊ သက်ဆိုင်ရာ နိုင်ငံက ဒေသခံတွေ ရဲ့ နေထိုင်မှု ဓလေ့ထုံးစံတွေကို ဖျက်ဆီးနေသလိုပါပဲ။ ဒီတော့ ဆီးရီးယား အရေးကို အကောင်း ဆုံး ဖြေရှင်းဖို့ နည်းလမ်းကတော့ ပြဿနာတွေ မစတင်ခင်က မပျက်မစီးဘဲ ရှိခဲ့ဖူးတဲ့ နိုင်ငံရဲ့ ပုံရိပ်အတိုင်း ပြန်တည်ဆောက်ဖို့၊ ဆီးရီးယားရဲ့ တရားဝင် အစိုးရကို အကူအညီ ပေးဖို့ပါပဲ’’ ဟု ပူတင် က ဆိုသည်။


ဆီးရီးယားတောင်ပိုင်း အစ်ဒ်လစ်ဒေသတွင် ရုရှားလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရသော မီးခိုးများ/Khalil Ashawi/reuters

အာဆတ်မျိုးဆက် အစိုးရ သည် အရှေ့အလယ်ပိုင်းတွင် ရုရှား၏ အရေးပါဆုံး မဟာမိတ် အဖြစ် နှစ်ပေါင်း ၄၀ ကျော်မျှ ရပ် တည်ခဲ့သည်။ အာဆတ်၏ ဖခင် ဖြစ်သူ သမ္မတဟောင်း ဟာဖာ အာဆတ်သည် ဆိုဗီယက် ယူနီယံ ခေတ်က စစ်ရေးအထောက်အပံ့ များ တောင်းခံခဲ့သလို မြေထဲပင် လယ် ကမ်းခြေရှိ တာတက်စ်မြို့ တွင် ဆိုဗီယက် ရေတပ်စခန်းတစ် ခု ဖွင့်လှစ်ရန် ခွင့်ပြုခဲ့သည်။

၁၉၇၁ ခုနှစ်က အဆိုပါ ရေတပ်စခန်း ဆောက်လုပ်ချိန်တွင် လက်ရှိသမ္မတ အာဆတ်သည် ခြောက်နှစ်သားမျှသာ ရှိသေးသည်။

ထို့ကြောင့် အရှေ့အလယ် ပိုင်း ဒေသရှိ အဓိက မဟာမိတ် အစိုးရတစ်ရပ် တည်မြဲရေးကို ရုရှားက အရေးတကြီး အကောင် အထည်ဖော် ကူညီလာခြင်း ဖြစ် သည်။ အစောပိုင်းတွင် နောက် ကွယ်မှ လက်နက်ထောက်ပံ့ပေးရုံ သာ ရှိခဲ့သော်လည်း အာဆတ်၏ အရေးနိမ့်မှု လက္ခဏာများကြောင့် ပူတင်က ရုရှားတပ်ဖွဲ့များ ကိုယ် တိုင်ဝင်ပါရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်ဟန်တူပါသည်။

အင်အားကြီး နှစ်နိုင်ငံ၏ သီးခြား စစ်ဆင်ရေးများကြောင့် အိုင်အက်စ်တို့ ပိုမိုအကျပ်တွေ့ လာခြင်းက ကမ္ဘာ့ငြိမ်းချမ်းရေးအ တွက် ကောင်းကျိုးရှိနိုင်သော် လည်း ဆီးရီးယားမှာမူ ရုရှားနှင့် အမေရိကန်တို့၏ အားပြိုင်မှုတွင် မြေစာပင် ဖြစ်လာဖွယ် ရှိသည်။

ထို့အပြင် ပူတင်၏ လက် တွေ့ကျကျ စွက်ဖက်မှုနှင့် အိုဘား မား၏ တုံ့နှေးတွေဝေမှုများကြောင့် ဆီးရီးယား ပဋိပက္ခသည် နောက် ထပ် လပေါင်းများစွာ ဆက်လက် ရှည်ကြာနေမည့် အလားအလာသို့ ဦးတည်လျက်ရှိသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။