လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာညီအစ်ကိုနှစ်ဦးမှာ မှားယွင်းဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့ပြော

 

ထိုင်းကျောင်းသူတစ်ဦးကို သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထား ရသော မြန်မာညီအစ်ကိုနှစ်ဦး သည် လူသတ်မှုကျူးလွန်ခြင်းမရှိ ဘဲ ထိုင်းရဲတပ်ဖွဲ့က မှားယွင်းဖမ်း ဆီးထားခြင်းသာဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ကိုမင်းဦးက ပြောသည်။

စက်တင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် အသက် (၁၈)နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦးကို အ သက်(၁၅)နှစ်အရွယ် မိုးဇင် အောင်နှင့် (၁၆)နှစ်အရွယ် ကျော်ရဲဦးတို့ ညီအစ်ကိုနှစ်ဦးက ဓားဖြင့်၁၇ ချက် ထိုးသတ်ခဲ့သည်ဟူသော သံသယဖြင့် ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်၌ ဖမ်းဆီးထားခြင်းဖြစ်သည်။

အခင်းဖြစ်ပွားချိန်သည် ည ၇ နာရီ ၃၇ မိနစ်ဖြစ်ပြီး ယင်း အချိန်တွင် မြန်မာညီအစ်ကိုနှစ်ဦး မှာ လုပ်ငန်းခွင်၌ ရှိနေကြောင်း ၎င်းတို့၏အလုပ်ရှင်က ထိုင်းရဲတပ်ဖွဲ့ထံ ပြောကြားထားသည် ဟု သတင်းရရှိသည်။

‘‘ဒီညီအစ်ကိုနှစ်ယောက်က အပြစ်လုံးဝမရှိဘူး။ အခင်းဖြစ်တဲ့ အချိန်မှာ အလုပ်ထဲမှာပဲ ရှိနေ တယ်လို့ သူဌေးက ပြောတယ်။ သူတို့ရှိနေတဲ့အကြောင်းကို ရဲတွေကို CCTV ပြတယ်။ ရဲတွေက CCTV ကို ယူသွားပြီး ဖျက်လိုက် တာ။ ပြန်လာပေးတော့ CCTV မှာ ဘာမှမရှိဘူးလို့ ပြောတယ်။ နောက်ပြီး အငယ်ကောင်လေးရဲ့ ပါးမှာ အခြစ်ရာလေးရှိတယ်။ အဲ ဒါကို ရဲတွေက ကောင်မလေးက လက်သည်းနဲ့ ကုတ်ထားတယ်လို့ ယူဆနေတာ။ တကယ်တော့ အဲဒီ ကောင်လေးက အခင်းမဖြစ်မီ အရင်ရက်တွေက စက်ဘီးလဲထားတဲ့ ဒဏ်ရာပါ’’ဟု မြန်မာညီအစ် ကိုနှစ်ဦး၏ အမှုကို လိုက်လံစုံစမ်းနေသော ကိုမင်းဦးကပြောသည်။ ဖမ်းဆီးခံ ညီအစ်ကိုနှစ်ဦးသည် ထားဝယ်မြို့ဇာတိများဖြစ်ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသော ထိုင်း ကျောင်းသူ၏ မိခင်သည် မြန်မာ နိုင်ငံသားဖြစ်ပြီး ဖခင်မှာ ထိုင်း နိုင်ငံသားဖြစ်သည်။

ဖမ်းဆီးခံရသော မြန်မာရေ လုပ်သားနှစ်ဦးသည် ရနောင်းမြို့ တွင် နေထိုင်သူများဖြစ်ပြီး အခင်း ဖြစ်ပွားပြီး နောက်နေ့တွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ၎င်း တို့သည် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငရိုင်မှ ငါးဖမ်း၍ ပြန်အလာတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

‘‘သူတို့က ရနောင်းကနေ ပျောက်သွားတယ်လို့ ထိုင်းရဲတွေ က ထင်နေတာ။ တကယ်တော့ သူတို့ ပင်လယ်ထဲမှာ အလုပ်သွား လုပ်နေတာပါ။ ဖန်ငဘက်ကို ငါး ဖမ်းသွားကြတာပါ’’ဟု ကိုမင်းဦး က ပြောသည်။

မြန်မာညီအစ်ကိုနှစ်ဦး၏ အခင်းဖြစ်စဉ်များကို မြန်မာသံရုံးထံတင်ပြပြီး အမှုကို လိုက်လံဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။