မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံခြင်း

‘‘အရေးကြီးဆုံးကတော့ နိုင်ငံကို သစ္စာရှိပါ။ အစိုးရကိုတော့ ထိုက်တန်မှ သစ္စာရှိပါ။ ကိုယ်လုပ်သမျှ ကိုယ်တာဝန်ယူနိုင်ပါစေ’’

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံခြင်း


ဓာတ်ပုံ− ကျော်ဇင်သန်း
၂၀၁၅ ရွေးကောက်ပွဲက မြန်မာ နိုင်ငံအတွက် ဘယ်လောက်အ ရေးပါနိုင်ပါသလဲဆရာ။

ရွေးကောက်ပွဲဆိုတာ ဒီမိုက ရေစီစနစ်အရ အပ်နှင်းထားတဲ့ ပြည်သူလူထုရဲ့ အင်အားအရှိဆုံး အခွင့်အရေးလက်နက်ပဲ။ ဒီအင် အားလက်နက်ကိုပိုင်ဆိုင်ထားတဲ့ ပြည်သူက တိုင်းပြည်နဲ့ လူမျိုးအ တွက် အကျိုးဆောင်ပေးမယ့် ကိုယ်စားလှယ်တွေကို ရွေးပေး ကြရတယ်။ တစ်နည်းပြောရရင် ရွေးကောက်ပွဲဆိုတာ ပြည်သူတွေ က ခုပေးမယ့် ခုံရှည်ရှည်ကြီးတွေ ပေါ်ကို တက်ထိုင်ခွင့်ရမယ့်သူ တွေကို ပြည်သူတွေရဲ့ စိတ်ကြိုက် ဆန္ဒအတိုင်း ရွေးချယ်ပေးခွင့်ရှိတဲ့ အခွင့်အရေးပဲ။ ဒီတော့ မိမိခုမယ့် ခုံရှည်ရှည်ပေါ်ကို ပညာအရည် အချင်း၊ ဗဟုသုတ၊ ပညာ၊ စိတ် ဓာတ်၊ ကိုယ်ကျင့်တရား၊ အမြော် အမြင် မပြည့်စုံ၊ ချို့တဲ့ကြတဲ့ ပေမမီ ဒေါက်မမီတွေ တက်မထိုင်မိစေဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ်ခုတဲ့ ခုံရှည်ရှည်ပေါ်ကို အရပ်ပုပုတွေ တက်ထိုင်မိမယ်ဆိုရင်တော့ သေချာတယ် အဲဒီဂျပုဟာ ခြေထောက်နဲ့ ကြမ်းပြင်ထိတော့မှာ မဟုတ်တော့ဘူး။

ဆရာ ၀န်ထမ်းဘ၀က ဖြတ်သန်းခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဘယ်လို အချက်တွေခြားနားမှု ရှိတယ်လို့ မြင်ပါသလဲ။

လက်ရှိရွေးကောက်ပွဲဟာ ငယ်ငယ်တုန်းက ဖဆပလခေတ် က သန့်ရှင်းနဲ့ တည်မြဲယှဉ်ပြိုင်ကြ တဲ့ ရွေးကောက်ပွဲနဲ့ အတော် တူတယ်လို့ ခံစားမိတယ်။ သန့် ရှင်းနဲ့ တည်မြဲယှဉ်ပြိုင်ရွေးကြ တုန်းကသန့်ရှင်းကဆိုတဲ့ မဲဆွယ် သီချင်းလေး အခုအထိမှတ်မိသေး တယ်။ ‘‘ပေးတာကိုယူ၊ ကျွေးတာ ကိုစား၊ ဖက်ဆစ်နဲ့ ဒီမိုကရေစီခွဲ ခြားသိသည်’’ တဲ့။ အဲဒီတုန်းက ဆရာ့ဇာတိဖြစ်တဲ့ မန္တလေးတိုင်း ငါန်းဇွန်မှာ ရွေးကောက်ပွဲနဲ့ပတ် သက်ပြီး ခြောက်လောင်းပြိုင် သတ်မှုဆိုတာ နာမည်ကြီးပေါ့။ ဒါပေမဲ့ အခုခေတ်မှာတော့ ပြည် သူတွေက တော်တော်ကွာခြား သွားပြီ။ ပြည်သူတွေရဲ့ အသိ ပညာ၊ နိုင်ငံတကာရဲ့ ပံ့ပိုးမှု၊ ဆက်သွယ်ရေး အိုင်တီနည်းပညာ ရဲ့ ပံ့ပိုးမှုတွေကတော့  ရွေး ကောက်ပွဲမှန်ကန်ဖို့အတွက် တော်တော်အထောက်အကူပြုနိုင်လိမ့် မယ်လို့ မျှော်လင့်မိပါတယ်။

ပြည်သူက ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုကော မိုးလေ၀သကဏ္ဍနဲ့ပတ်သက်လို့ ဘယ်လိုသတင်းစကားပါးချင်ပါသလဲ။

ကိုယ်စားလှယ်လောင်းတွေ ကို မိုးလေ၀သနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ (က) မြန်မာနိုင်ငံဟာ ရာသီဥတု ပြောင်းလဲမှု ဒဏ်ကို ကမ္ဘာမှာ ဒုတိယအဆိုး ရွားဆုံး ခံနေရတဲ့ နိုင်ငံဖြစ်တယ်။ (ခ) အဲဒီရာသီဥတုပြောင်းလဲမှုအ တွက် အရန်သင့်ပြင်ဆင်ထားမှု (Readiness) အပိုင်းမှာ ကမ္ဘာ့ နိုင်ငံပေါင်း ၁၈၄ နိုင်ငံမှာ အဆင့် (၁၇၉)ဖြစ်လို့ အဆိုးဆုံး ဆယ်နိုင်ငံ မှာ ပါနေတယ်။ (ဂ) အဲဒါကြောင့် မြန်မာနိုင်ငံမှာ ရာသီဥတုနဲ့ ပတ် သက်တဲ့ လုပ်ငန်းတွေ အများကြီး လုပ်ဖို့ ရှိတယ်။ ဒီအတွက် ရာသီ ဥတုအသိပညာတွေ လိုတယ်။ (ဃ) ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ တစ် ခုတည်းသော နည်းလမ်းဟာ လက်ပေါင်းစုံ ချဉ်းကပ်နည်း (Mu-ltidispleneary Approach) ဖြစ်တဲ့အတွက် အစိုးရရဲ့ ဦးဆောင်မှု (Political Support နဲ့ Gov-ernment Support) မဖြစ်မနေ လိုအပ်တယ်ဆိုတာကို သိ စေချင်ပါတယ်။ အရေးကြီးဆုံး ကတော့ နိုင်ငံကို သစ္စာရှိပါ။ အစိုးရကိုတော့ ထိုက်တန်မှ သစ္စာရှိပါ။ ကိုယ်လုပ်သမျှ ကိုယ်တာဝန်ယူနိုင်ပါစေ။

နောက်တက်လာမယ့် အစိုးရကကော မိုးလေ၀သနဲ့ သဘာဝဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာကဏ္ဍနဲ့ ပတ်သက်လို့ ဘာတွေ ပြင်ဆင်ထားသင့်သလဲ။

လုပ်စရာတွေ စနစ်တကျ ဖြစ်အောင် လုပ်စရာတွေ အများ ကြီးရှိပါတယ်။ အဓိကကတော့ တတ်ကျွမ်းနားလည်တဲ့ ပညာရှင် များ မွေးထုတ်ပြီး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများကို လေ့လာ ပြီး မိမိနိုင်ငံအတွက် အကောင်း ဆုံးသော ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဥပဒေတွေ၊ ရာသီဥတု ပြောင်းလဲမှုကို လျှော့ချရေး(Mitigation) နဲ့ လိုက်လျောညီထွေနေနိုင်ရေး (Adaptation) တွေကို နည်း စနစ် တကျ ဦးဆောင်ဦးရွက်ပြုသင့် တယ်။ အစိုးရကို ပညာရှင်များရဲ့ အကူအညီနဲ့ ဦးဆောင်မှုအခန်း (Leading Role) က နေရာယူစေ ချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။      ။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။