ရွေးကောက်ပွဲနေ့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော်သွားလာမှု ပိတ်၊ မပိတ်အတိအကျမသိရသေး

သက်ဆိုင်ရာအုပ်ချုပ် ရေးအဖွဲ့အစည်းများက တစ်စုံ တစ်ရာညွှန်ကြားမှုမရှိသေးသည့် အတွက် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲနေ့၌ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြတ်ကျော် သွားလာမှု ပိတ်၊ မပိတ်အတိအကျမသိရသေးကြောင်း သတင်းရရှိ သည်။

‘‘နယ်စပ်ဖြတ်ကျော် သွား လာခွင့် ပိတ်ထားရမယ်၊ မပိတ်ရ ဘူးဆိုတာတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက တိတိ ကျကျညွှန်ကြားတာ မရှိသေးတဲ့ အတွက် ပြောရခက်နေပါတယ်။ လက်ရှိမှာတော့ ပုံမှန်အတိုင်းသွားနေကြတာပါပဲ’’ဟု မောင်တော ခရိုင်လ၀က ဦးစီးဌာနမှူး ဦးစော နိုင်က ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်ဖြတ်ကျော်သွားလာမှုကို ခုနစ် ရက်ဗီဇာဖြင့် ခွင့်ပြုထားပြီး နေ့ ချင်းပြန်ဗီဇာဖြင့် သွားလာခွင့်ပြု ထားသည့် တစ်နိုင်တစ်ပိုင်ကုန် သွယ်သူများ ရှိနေသော်လည်း ဖြတ်သန်းသွားလာသူအများစုမှာ ဘင်္ဂါလီများဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘ကျွန်တော်တို့ကိုတော့ ဘာမှ အကြောင်းမကြားသေးပါဘူး။ လ၀ကဦးစီးဌာနက ခွင့်ပြုရင် တော့ ကျွန်တော်တို့ ကုန်သည်များအသင်းကလည်း ခွင့်ပြုရမှာဖြစ်ပါ  တယ်။ နယ်စပ်ဖြတ်ကျော်သွား လာနေသူတွေက ၀ှိုက်ကတ်ကိုင် ဆောင်ခဲ့သူတွေ များတာကြောင့် ရွေးကောက်ပွဲနဲ့တော့ သိပ်ပြီး မပတ်သက်ဘူးလို့ ထင်ပါတယ်’’ ဟု မောင်တောနယ်စပ်ကုန်သည် များအသင်း ဒုဥက္ကဋ္ဌ ဦးအောင်စံ သိန်းက ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်ဖြတ်ကျော်သွားလာမှုမှာ တစ် ရက်လျှင် ခုနစ်ရက်ဗီဇာဖြင့် သွား လာသူ မောင်တောဘက်မှ ၇၀ ဦးခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာသူ ၁၀ ဦးကျော် ရှိနေပြီး နေ့ချင်းပြန်တစ်ရက်ဗီဇာဖြင့် သွားလာနေသူ ၁၄၀ ဦးခန့်ရှိ ကြောင်း သိရသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။