အမေရိကန် ခရီးသည်တင် လေယာဉ်တစ်စီး ပျံသန်းနေစဉ် လေယာဉ်မှူး သေဆုံး


အမေရိကန် ခရီးသည်တင် လေယာဉ်တစ်စီးသည် ပျံသန်းနေစဉ် လေယာဉ်မှူး သေဆုံးသွားခြင်းကြောင့် တွဲဖက် လေယာဉ်မှူးက လေယာဉ်ကို ထိန်းသိမ်းကာ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။

အောက်တိုဘာ ၅ ရက်တွင် ဖီးနစ်မှ ဘော်စတွန်သို့ ပျံသန်းသည့် အမေရိကန် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၅၅၀ ပေါ်တွင် အဆိုပါဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဟု သိရသည်။ “ကံမကောင်းစွာနဲ့ပဲ လေယာဉ်မှူး ကွယ်လွန်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် အရမ်းကို စိတ်မကောင်း ဖြစ်မိပါတယ်။ လေယာဉ်မှူးရဲ့ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်”ဟု အမေရိကန် လေကြောင်းလိုင်းက ကြေညာခဲ့သည်။

လေယာဉ်မှူး ရုတ်တရက် နာမကျန်း ဖြစ်လာသည့်နောက် တွဲဖက် လေယာဉ်မှူးက Airbus A320ကို လွှဲပြောင်း တာဝန်ယူကာ ဆိုင်ရာကူဆေးဟန်းကော့ခ် လေဆိပ်သို့ လမ်းကြောင်းပြောင်း ပျံသန်းပြီး ဘေးရန်ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၁၄၇ ဦးနှင့် အမှုထမ်း ၅ ဦးတို့ လိုက်ပါလာကြောင်းလည်း သိရသည်။

လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး အန်ဒရီရာ ဟူဂူလီက အစားထိုး ဝန်ထမ်းများ ပေးပို့ခဲ့သည့်နောက် လေယာဉ်သည် မူလခရီးစဉ်ကို ဆက်လက် ပျံသန်း ထွက်ခွာသွားခဲ့ကြောင်းလည်း ဆိုသည်။ ဆိုင်ရာကူဆေးဟန်းကော့ခ် လေဆိပ်သို့ လေယာဉ် မဆင်းသက်မီတွင် တွဲဖက် လေယာဉ်မှူးက “အမေရိကန် လေကြောင်းလိုင်း အမှတ် ၅၅၀ က ဆက်သွယ်ပါတယ်။ လေယာဉ်မှူး ဒုက္ခတွေ့နေပါတယ်။ အရေးပေါ် ဆေးဝါးကုသမှု အကူအညီ လိုအပ်ပါတယ်”ဟု လေကြောင်း ထိန်းသိမ်းရေး မျှော်စင်သို့ တည်တည်ငြိမ်ငြိမ် ဆက်သွယ် အကြောင်းကြားခဲ့သည်။

လေယာဉ် ဆင်းသက်ချိန်တွင် လေဆိပ်မှ လူနာတင်ယာဉ်တစ်စီး အရေးပေါ် သွားရောက်ပြီး ကြက်ခြေနီ အဖွဲ့များက လေယာဉ်ပေါ် တက်သွားခဲ့သည်။ အစောပိုင်းတွင် လေယာဉ်မှူး၏ အခြေအနေကို အတိအကျ မသိရသော်လည်း နောက်ပိုင်းတွင် ၎င်းကွယ်လွန်ကြောင်း လေကြောင်းလိုင်းက ကြေညာခဲ့သည်။ လေယာဉ်မှူး၏ အမည်နှင့် မည်သည့် အကြောင်းရင်းကြောင့် ကျန်းမာရေး ဖောက်ပြန်ရခြင်းကို သတင်း မထုတ်ပြန်သေးသော်လည်း ရုတ်တရက် နှလုံးထဖောက်ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။

လေကြောင်းလိုင်းက ၎င်းတို့၏ လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ကြား အရည်အချင်း မကွာသောကြောင့် ခရီးသည်များအတွက် မည်သည့် အန္တရာယ်မျှ ကြုံနိုင်ခြေ မရှိကြောင်းလည်း ကြေညာသွားသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။