၁။ ဥက္ကဋ္ဌ- ဦးစိုင်းဌေးအောင်။
၂။ ပါတီဝင်အရေအတွက်- သုံးသောင်းရှစ်ထောင်ကျော်။
၃။ မဲဆန္ဒနယ်- မဲဆန္ဒနယ် ၁၄ မြို့နယ်တွင် ၅၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး။
၅။ ပါတီဆောင်ပုဒ်- တန်းတူညီမျှရရှိဖို့ ရှမ်းနီပါတီကို မဲပေးစို့။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်- (၁) လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရည်အချင်းနှင့်ကိုက်ညီရမည်။ (၂) ပါတီဝင်ဖြစ်ရမည်။ (၃) မိမိနေထိုင်ရာဒေသ၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်သူဖြစ်ရမည်။ (၄) မိမိအမျိုးသားပေါ် သစ္စာစောင့်သိရိုသေသူဖြစ်ရ မည်။ (၅)မိမိနေထိုင်ရာဒေသအတွက် အများပြည်သူကြည်ညိုလေးစားသူဖြစ်ရမည်။ (၆)ရွေးကောက်ခံရပါက လွှတ်တော်ကိုယ်စားလှယ်လောင်းသက်တမ်းကာလ အတွင်း ပါတီမှခွင့်ပြုချက်မရရှိဘဲ မိမိဆန္ဒအလျောက်ပါတီမှ နုတ်ထွက်လျှင် ရွေးကောက်ပွဲကုန်ကျစရိတ်၏ ငါးဆကို ပါတီသို့ပေးလျော်ရမည်။ ရွေးကောက်ခံရပါက လွှတ် တော်ကိုယ်စားလှယ်သက်တမ်းအတွင်း သက်ဆိုင်ရာလွှတ်တော်များသို့ မေးမြန်းတင်ပြခြင်းကိစ္စတွင် ပါတီလွှတ်တော်ဆိုင်ရာ စိစစ်ရေးကော်မတီ၏ ခွင့်ပြုချက်နှင့်အညီလုပ်ဆောင်ရမည်။ (၇) ဒေသခံဖြစ်ရမည်။
၇။ ပါတီရန်ပုံငွေ− တိုင်းရင်းသားများလှူဒါန်းသည့်ငွေဖြင့် ရပ်တည်လှုပ်ရှားနေသည်။
၈။ ပါတီနောက်ခံသမိုင်း- လူမျိုးစုအတွက် နိုင်ငံရေးအနေဖြင့် ပြောဆိုပေးနိုင်မည့် အဖွဲ့အစည်းတစ်ရပ်လိုအပ်သောကြောင့် ပါတီတည်ထောင်လိုက်ခြင်းဖြစ်သည်။
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်း ဆောင်နိုင်မလဲ။
အခြေခံဥပဒေကပြင်ရမှာဖြစ်တယ်။ လွှတ်တော်ထဲမှာ အခြေခံ ဥပဒေပြုပြင်လိုသူတွေနဲ့ ပူးပေါင်းရမှာဖြစ်တယ်။ ပြည်သူတွေနဲ့ အပ်စပ် သော အခြေခံဥပဒေပေါ်ထွက်လာနိုင်ဖို့ အရေးကြီးတယ်။
အခြေခံဥပဒေကပြင်ရမှာဖြစ်တယ်။ လွှတ်တော်ထဲမှာ အခြေခံ ဥပဒေပြုပြင်လိုသူတွေနဲ့ ပူးပေါင်းရမှာဖြစ်တယ်။ ပြည်သူတွေနဲ့ အပ်စပ် သော အခြေခံဥပဒေပေါ်ထွက်လာနိုင်ဖို့ အရေးကြီးတယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါသလဲ။
အများကြီးကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ စစ်ပွဲကြားထဲမှာ ညပ်မိနေတာ ကျွန်တော်တို့လူမျိုးတွေပါ။ ကျွန်တော်တို့လူမျိုးတွေလို မခံစားရအောင် ငြိမ်းချမ်းရေးကို တစိုက်မတ်မတ်ဆောင်ရွက်သွားမယ်။ ကချင်ပြည်နယ်မှာဆိုရင်လည်း ရှမ်းတွေအများကြီးရှိတယ်။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
လူတွေမှာ အလုပ်လက်မဲ့တွေများနေတယ်။ အလုပ်အကိုင်အခွင့် အလမ်းတွေရရှိဖို့ ဆောင်ရွက်ပေးရမယ်။ ဘယ်လိုနည်းနဲ့ဆောင်ရွက်ကြ မလဲ။ နိုင်ငံတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ရစရာနေရာတွေ အများကြီးရှိတယ်။ အစိုးရတစ်ရပ်အနေနဲ့ စက်မှုစက်ရုံကြီးတွေလုပ်ပေး နိုင်မယ်ဆိုရင် အားလုံးပြေလည်သွားနိုင်ပါတယ်။

ပြည်သူတွေက တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) ကို ဘာကြောင့် မဲပေးသင့်သလဲ။
တန်းတူညီမျှရရှိဖို့အတွက် မဲပေးသင့်ပါတယ်။
တန်းတူညီမျှရရှိဖို့အတွက် မဲပေးသင့်ပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
ဘယ်အစိုးရတက်လာခဲ့ လာခဲ့ ပြည်သူကိုပြောပြီးမှ လက်တွေ့ သဘောအားဖြင့် အကောင်အထည် ဖော်မှုအားနည်းကြတယ်။ ပြည်သူ့ အကျိုးကို ဆတက်တိုးထမ်းဆောင်နိုင်ပြီး ပြည်သူတွေအားကိုးရတဲ့ သမ္မတကို ရွေးချယ်သွားပါမယ်။
ဘယ်အစိုးရတက်လာခဲ့ လာခဲ့ ပြည်သူကိုပြောပြီးမှ လက်တွေ့ သဘောအားဖြင့် အကောင်အထည် ဖော်မှုအားနည်းကြတယ်။ ပြည်သူ့ အကျိုးကို ဆတက်တိုးထမ်းဆောင်နိုင်ပြီး ပြည်သူတွေအားကိုးရတဲ့ သမ္မတကို ရွေးချယ်သွားပါမယ်။
ပါတီဥက္ကဋ္ဌ ကိုယ်ရေးအကျဉ်း
အသက်- (၄၄) နှစ်။
ပညာအရည်အချင်း- B.Sc (Chemistry)။
နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံ- ၂၀၁၀ တွင် ကျားဖြူပါတီ၌ မိုးညှင်းမြို့နယ်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
လက်ရှိအလုပ်အကိုင်- တောင်သူ။
စံပြပုဂ္ဂိုလ်- ဒေါ်အောင်ဆန်းစုကြည်။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- ဈေးကုန်ရပ်၊ ဘီလူးမြို့ကျေးရွာ၊ မိုးညှင်းမြို့နယ်။ ၀၉-၄၇၀၁၅၅၄၃။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။