ရခိုင်အမျိုးသားပါတီမှ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဦးလှစောနှင့်တွေ့ဆုံခြင်း


၂၀၁၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ဝင်ရောင်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီမှ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဦးလှစောသည် ၁၉၆၉ ကျောင်းသားလှုပ်ရှားမှုတွင် စတင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ၁၉၇၄-၁၉၇၅ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်တွေမှာ ပါဝင်ဦးဆောင်ခဲ့သူတစ်ဦးဖြစ်၍ စစ်ခုံရုံးနှင့် ထောင်ဒဏ်ကိုးနှစ်ကျခံခဲ့ရကာ ၁၉၈ဝ တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ပြီး ရခိုင်တိုင်းရင်းသားတွေအပါအဝင် နိုင်ငံရေးအသိုင်းအဝိုင်းကလည်းလက်ခံတဲ့ နိုင်ငံရေးသမားကောင်းလို့ ဆိုနိုင်ပါတယ်။ ၁၉၈၈ လူထုအရေးတော်ပုံတွင် ရခိုင်အထွေထွေသပိတ်ကော်မတီအတွင်းရေးမှူး တာဝန်ထမ်းဆောင်ရင်း စစ်ခုံရုံးနှင့် ထောင်ဒဏ် ၁၄ နှစ် ကျခံခဲ့ရပြီး ၁၉၉၃ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကာ ၂ဝ၁ဝပြည့်နှစ်မှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဦးဆောင်ဖွဲ့စည်းရာ အထွေ ထွေအတွင်းရေးမှူး တာဝန်ယူခဲ့ပါတယ်။ မောင်ခိုင်အောင်(စစ်တွေ)အမည်နဲ့လည်း သုံးသပ်ချက်ဆောင်းပါးတွေများစွာ ရေးသားခဲ့တဲ့ စာရေးဆရာတစ် ယောက်လည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းဖို့အတွက် အဓိက ဆောင်ရွက်ပေးခဲ့သူ တစ်ဦးဖြစ်လာခဲ့ပြီး အခု ၂ဝ၁၅ ရွေးကောက်ပွဲမှာမှ လွှတ်တော်နိုင်ငံရေးကိုဝင်ရောက်ဖို့အတွက် မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ကနေ ရခိုင်အမျိုးသားပါတီကိုကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီမှ မြောက်ဦးမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဦးလှစောနှင့်တွေ့ဆုံခြင်း

သူတို့စိတ်ထဲမှာ မြန်မာပြည်ရဲ့နိုင်ငံရေးကို ငါတို့ပဲသိတယ်၊ ငါတို့ပဲ လုပ်နိုင်တယ်ဆိုတဲ့ အတွေးအမြင်တွေရှိတယ်
=====================================
စိုင်းအောင်၊ စည်သူကျော် တွေ့မေးသည်။

အန်ကယ်ရွေးကောက်ပွဲဝင်ဖြစ်ပုံလေး ပြောပြပေးပါဦး။

ငယ်ငယ်တုန်းကတော့ အစိုးရဆန့်ကျင်ရေး မြေ အောက်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်ပေါ့။ ၁၉၉ဝ ရွေး ကောက်ပွဲကာလမှာလည်း ကျွန်တော်က ထောင်ထဲရောက် နေတယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာ ပါတီတွေ ထောင်ခွင့်ပြုလာ တော့ ကျွန်တော်တို့တိုင်းရင်းသားပါတီတွေ နိုင်ငံရေးလှုပ် ရှားလို့ရတဲ့ Platform တစ်ခုလို့ ယူဆတယ်။ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို မကြိုက်ပေမယ့် Game တစ်ခု လို ကစားလို့ရတဲ့အတွက်ကြောင့် အဲဒီ Platform ပေါ် ကျွန်တော်တို့ တက်လာတယ်။ ပါတီတစ်ခု အခြေတည်ဖို့ လိုတယ်ဆိုတဲ့အတွက်ကြောင့် လွှတ်တော်ထဲမသွားခဲ့ဘူး။ ပါတီကို အခြေခံအုတ်မြစ်လေးရအောင် ကျွန်တော်တို့ နောက်မှနေပြီး ကျန်ခဲ့တယ်။ အခုတော့ ကျွန်တော်တို့လူ တွေလည်း လွှတ်တော်အတွေ့အကြုံလေး ရလာပြီ။ ကျွန် တော်တို့လည်း လွှတ်တော်ထဲ မရောက်ဖူးပေမယ့် အပြင် ကနေ လေ့လာပြီး လွှတ်တော်အကြောင်း နားလည်လာ ပြီ။ ဒီတစ်ခါမှာ လွှတ်တော်ထဲဝင်ပြီး လွှတ်တော်တွင်းလှုပ် ရှားမှုရယ်၊ အပြင်က လူထုလှုပ်ရှားမှုရယ် နှစ်ခုစလုံးမှာ ကျွန်တော်ပါချင်တယ်။ အဲဒါကြောင့် ကျွန်တော် လွှတ် တော်လမ်းကြောင်းကို ရွေးလိုက်တာပါ။

ရွေးကောက်ပွဲရလဒ်ကိုရော ကြီးကြီးမားမား မျှော်လင့်ထား တာရှိပါသလား။

ကျွန်တော်တို့ပါတီကလည်း အခုဆို လူထုထောက်ခံ မှု တော်တော်ရလာပြီ။ နိုင်ငံရေးပွင့်လင်းလာတဲ့အခါမှာ ကျွန်တော်တို့ပါတီရဲ့အခန်းကဏ္ဍက ပိုကြီးလာမယ်လို့ ယုံ ကြည်တယ်။ ၂ဝ၁ဝ ပြည့်နှစ်တုန်းကဆိုရင် ပါတီစထောင် ခါစဆိုတော့ ပါတီရဲ့မူဝါဒတွေမှာ ဖက်ဒရယ်မူဝါဒဆိုတာ တွေ ပြောလို့မရဘူး။ အခု မြန်မာပြည်မှာ ဖက်ဒရယ်ဆို တာ လူတိုင်းကြားထဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရ တဲ့ Issue တစ်ခုဖြစ်လာတယ်။ အစိုးရခေါင်းဆောင်တွေ ကိုယ်တိုင်ကလည်း ဖက်ဒရယ်ပြည်ထောင်စုဆိုတာ မြန်မာ ပြည်ရဲ့ လိုအပ်ချက်တစ်ခုဆိုတာ လက်ခံလာပြီဆိုရင် ဖက် ဒရယ်စနစ်ကို အကောင်အထည်ဖော်ဖို့၊ လူထုကြားထဲမှာ အသိÓဏ်တွေ ဖွံ့ဖြိုးလာဖို့ဆိုတာတွေ ကျွန်တော်တို့ တာ ဝန်ယူချင်တယ်။ ကျွန်တော့်အနေနဲ့ ပထမဆုံးပြိုင်တာ ဆိုပေမယ့် သိပ်ပြီးအခက်အခဲတော့ မရှိပါဘူး။ အရင် ငယ်ငယ်တုန်းကလို ထောင်ထဲရောက်၊ တောထဲရောက် လောက်အောင် စွန့်စားရတဲ့ဂိမ်းလည်း မဟုတ်ဘူး။

ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ လွှတ်တော်တွင်းလှုပ်ရှားမှုနဲ့ လွှတ် တော်ပြင်ပလှုပ်ရှားမှုမှာ ဘယ်ဟာက ပိုပြီးအကျိုးဖြစ်စေ တယ်လို့ အန်ကယ့်အနေနဲ့မြင်ပါသလဲ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို အဓိကချုပ်ကိုင်ထားတာ တပ်မတော်လို့ ကျွန်တော်မြင်တယ်။ ဖွဲ့စည်းပုံပြင်ရေးဆို တဲ့ကိစ္စမှာ ဖွဲ့စည်းပုံအရှေ့မှာပါတဲ့ ကာလုံဆိုတာရှိတယ်။ သူတို့ဟာ သူတို့အစဉ်အဆက်ထိန်းလာတဲ့ အကျိုးစီးပွား တွေကို ထိန်းဖို့ရှိတယ်။ တိုင်းပြည်ရဲ့ အမျိုးသားလုံခြုံရေး ပြဿနာတွေရှိတယ်။ နောက်တစ်ခု သူတို့စိတ်ထဲမှာကို က မြန်မာပြည်ရဲ့နိုင်ငံရေးကို ငါတို့ပဲသိတယ်။ ငါတို့ပဲလုပ် နိုင်တယ်ဆိုတဲ့ အတွေးအမြင်တွေ ရှိတယ်။ အဲဒီကြားထဲ မှာ ဖွဲ့စည်းပုံပြင်ရေးဆိုတာ တော်တော်လေးခက်ခဲပါတယ်။ သူတို့သဘောထားမကြီးဘဲနဲ့ ကျွန်တော်တို့ ဘယ်လောက် လုပ်လုပ်မရဘူး။ ဖွဲ့စည်းပုံပြင်ရေးဆိုတာ မြန်မာပြည် တိုင်းရင်းသားတွေ မျှော်လင့်သလိုပေါ့ဗျာ အချိန်တိုတို အတွင်းမှာ ရနိုင်မှာမဟုတ်ဘူး ရေရှည်စီမံကိန်းပါ။ ရေရှည် မှာ လွှတ်တော်ထဲမှာ နိုင်ငံရေးအင်အားစုတွေ အားကောင်း ဖို့လိုတယ်။ နောက်တစ်ခုက အပစ်အခတ်ရပ်စဲပြီးတော့ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့၊ နိုင်ငံရေးဆွေးနွေးမှုတွေ များ များဖြစ်ဖို့၊ လူထုကလည်း နိုင်ငံရေးရေချိန် မြင့်လာဖို့လို ပါတယ်။ အဲဒီတွန်းအားတွေအကုန်လုံး အချက်အလက် ပေါင်းစုံမယ်ဆိုလို့ရှိရင် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ တဖြည်း ဖြည်းရုပ်လုံးပေါ်လာပြီးတော့ ဖက်ဒရယ်ကို တဖြည်းဖြည်း နီးလာမယ်လို့ ယုံကြည်တယ်ဗျာ။

အန်ကယ့်အနေနဲ့ရွေးကောက်ပွဲနိုင်လို့ရှိရင် ရခိုင်ပြည်နယ် အတွက် ဘာတွေလုပ်ပေးဖို့ ရည်မှန်းထားသလဲ။

ကျွန်တော် ရခိုင်တိုင်းရင်းသားတစ်ယောက်ပေါ့။ တစ် ချိန်တည်းမှာပဲ ပြည်ထောင်စုသားတစ်ယောက်ပေါ့။ပြည် ထောင်စုသားတစ်ယောက်အနေနဲ့ ယုံကြည်တာကတော့ မြန်မာပြည်မှာ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ကြီး ပေါ်ထွန်းလာဖို့ကို တစိုက်မတ်မတ် ဆောင်ရွက်သွား မှာပေါ့။ တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊ ဖက်ဒရယ်စနစ် ပေါ်ထွန်းလာရေး အဲဒါက ယေ ဘုယျမူပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်နားလည်တာက လွှတ် တော်အမတ်ဆိုတာကတော့ ကိုယ့်ဒေသအတွက်ပေါ့ ကျွန် တော်ဆို မြောက်ဦးပေါ့။ မြောက်ဦးမှာ ဘာလုပ်နိုင်တယ်ဆို တဲ့ အပိုင်းလည်း ရှိတာပေါ့။ တကယ့်ထူးချွန်ထက်မြက်တဲ့ ရခိုင်လူငယ်မျိုးဆက်တွေ ကျွန်တော်တို့မှာလိုတယ်။ ခေတ် ပညာလည်း တတ်တယ်။ ဒီမိုကရေစီတန်ဖိုးတွေကိုလည်း နားလည်တယ်၊ သမိုင်းပေးတာဝန်ကိုလည်း နားလည်တယ် ဆိုတဲ့ လူငယ်မျိုးတွေပါ။ ဒါကတော့ အမတ်တစ်ယောက် အနေနဲ့ လုပ်နိုင်ပါတယ်။ နောက်တစ်ခုက တိုင်းရင်းသား ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အင်မတန် အားနည်းတယ်။ ဒါတွေလည်း အမတ်တစ်ယောက်အနေ နဲ့ တာဝန်ရှိပါတယ်လို့ ယူဆပါတယ်။

ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီမူဆလင်တွေရဲ့ ပြဿနာကိုရော ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့အကြံညဏ်တွေ၊ အစီအစဉ် တွေရော အန်ကယ်တို့အနေနဲ့ စဉ်းစားထားတာရှိပါသလား။

အဲဒါကတော့ အဓိကကတော့ အာဏာရနေတဲ့ ပါတီ နဲ့အစိုးရမှာ တိုက်ရိုက်တာဝန်ရှိတယ်။ သူတို့က ဒီပြဿနာ ကို သမိုင်းအမြင်မှန်မှန်နဲ့ တရားဥပဒေ နည်းလမ်းကျကျ နဲ့ ပြတ်ပြတ်သားသားကိုင်တွယ်ရမယ်။ ရခိုင်လူမျိုးတွေရဲ့ အရှိတရားကိုလည်း အစိုးရအနေနဲ့ နားလည်ရမယ်။ ဘင်္ဂါ လီတွေမှာ တရားမဝင် ခိုးဝင်ပြီးနေထိုင်တာတွေရှိတယ်။ ဒါက ဥပဒေကိစ္စပဲ။ အဲဒီလိုပဲ ကျွန်တော်တို့နိုင်ငံတော်က လည်း လက်မခံဘူး။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေဆို ကြား ကို မကြားချင်တဲ့ ရိုဟင်ဂျာဆိုတဲ့ဝေါဟာရကိစ္စ။ ဒါတွေကို အစိုးရက ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့လိုတယ်။ အဲဒီ ဘင်္ဂါလီတွေက ရိုဟင်ဂျာဆိုတဲ့ နာမည်သုံးပြီး ရခိုင်ပြည် နယ်အရေး၊ ရခိုင်နိုင်ငံရေးမှာ ဝင်စွက်ဖက်မှာကို စိုးရိမ်နေ တာ။ ဒါပေမဲ့ ဒီမှာရှိနေတဲ့ တရားဝင် မူဆလင်လူမျိုးတွေ ကိုတော့ ဘာမှပြောဖို့မရှိဘူး။ ဒါ လူသားတွေအချင်းချင်း ပဲ။ စိုးရိမ်တာက နိုင်ငံတကာက မြှောက်ပေးလို့ ရိုဟင်ဂျာ နာမည်ခံတဲ့ လူတွေကိုပဲ စိုးရိမ်တာ။

ဆိုတော့ တချို့ဆိုရင် နေတာကြာပြီ။ ၂ဝ၁၂ နောက်ပိုင်း အရေးအခင်းတွေကိစ္စကြောင့် ခွဲနေတာတွေရှိတယ်။ ရေ ရှည် ဒီလိုခွဲနေတာရော အဆင်ပြေနိုင်ပါ့မလား။

ဒါကတော့ အစိုးရရဲ့ကိုင်တွယ်မှုအပေါ်မှာ မူတည် တယ်။ ကျွန်တော်တို့ဟိုးအရင် ရခိုင်နဲ့မူဆလင် ပြဿနာ မဖြစ်ခင်ကလို ပြန်နေဖို့ဆိုရင် တော်တော်အချိန်ယူရမယ်။ အစိုးရအနေနဲ့ တကယ့်မှန်ကန်တဲ့ပေါ်လစီတွေ ရှိရမယ်။ မကောင်းရင် မကောင်းတဲ့သူကို ဥပဒေအရ ရှင်းလင်းအ ရေးယူရမယ်။ ရိုးသားတဲ့သူတွေကိုတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပေးရမှာပေါ့။

ပြီးခဲ့တဲ့နှစ်နှစ်လောက်က ပြည်နယ်ဝန်ကြီးချုပ်ပြဿနာ က တော်တော်လေးကြီးခဲ့တယ်ဆိုတော့ ရခိုင်တိုင်းရင်းသား တစ်ယောက်အနေနဲ့ လာမယ့်အစိုးရလက်ထက်မှာ ပြည်နယ် ဝန်ကြီးချုပ်ကို ဘယ်လိုအနေအထားမျိုးနဲ့ တွေ့မြင်ချင်ပါ သလဲ။

ရခိုင်ပြည်နယ်ရဲ့ ပထမဆုံးဝန်ကြီးချုပ် ဦးလှမောင် တင်ပါ။ သူဖယ်ရှားခံရတော့ သူ့နေရာမှာ ဝန်ကြီးချုပ်တစ် ယောက်အစားထိုးဖို့ လုပ်တဲ့အခါမှာ ကျွန်တော်တို့ ရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါတီက သဘောထားမှတ် ချက်တစ်ခု ပေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ဖြစ်ရမယ်၊ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ရမယ်၊ လွှတ်တော်ထဲမှာ အများစုနိုင် တဲ့ ပါတီက ဖြစ်ရပါမယ်လို့ မူသုံးချက်ချခဲ့တယ်။ ဒါပေမဲ့ ဦးမောင်မောင်အုန်းဟာ ဒီမူသုံးချက်နဲ့ တစ်ချက်မှမကိုက် ဘူး။ ကျွန်တော်တို့ကတော့ ဒီမူအတိုင်းပဲ ဖြစ်စေချင်တယ်။ သုံးခုစလုံးနဲ့ ပြည့်စုံရမယ်လို့ မဆိုလိုဘူးဗျာ။ ကြံ့ခိုင်ရေး က ဖြစ်ချင်ဖြစ်မယ်။ ရခိုင်ပါတီကဖြစ်ချင်ဖြစ်မယ်။ ပထမ အနေနဲ့ ရခိုင်ဖြစ်ရမယ်ဗျာ။ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ဗမာ မဖြစ်စေ ချင်ဘူး။

လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် အာဏာရပါတီနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့လို ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုတွေ ကိုရော ဘယ်လိုမြင်ပါသလဲ။

ကျွန်တော် တစ်ဦးချင်းအနေနဲ့ မပြောချင်ဘူး။ ဒါပေ မဲ့ ကျွန်တော်မကြိုက်တာ တစ်ခုတော့ရှိတယ်။ မြန်မာပြည် ရဲ့နိုင်ငံရေးမှာ ပုဂ္ဂလိကကိုးကွယ်မှု၊ ပုဂ္ဂလိကသြဇာထောင် မှုအရ သမိုင်းတစ်လျှောက်ဖြစ်လာခဲ့တယ်ပေါ့ဗျာ။ မြန်မာ ပြည်ရဲ့ နိုင်ငံရေးယဉ်ကျေးမှုလို ဖြစ်နေတယ်။ ဦးနေဝင်း ဆိုလည်း ဦးနေဝင်းပဲ၊ ဦးနုဆိုလည်း ဦးနု၊ ဦးအောင်ဆန်း ဆိုလည်း ဦးအောင်ဆန်းပဲ၊ ဒေါ်အောင်ဆန်းစုကြည် ဆို လည်း ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီစံနှုန်းတွေနဲ့တော့ မကိုက်ဘူးပေါ့။ ဒီမိုကရေစီ မရင့်ကျက်သေးတဲ့ကာလမှာ အဲဒါတွေကို ခေါင်းဆောင်တွေက စပြီးဖျက်ရမှာ။ မိမိအ ပေါ်မှာ ကိုးကွယ်မှုကို သာယာနေတယ်ဆိုရင် ကျွန်တော် ကတော့ သာယာနေတယ်လို့ထင်တယ်။ လွှတ်တော်တို့ ကြံ့ခိုင်ရေးကအစ တခြားအတိုက်အခံတွေ အပါအဝင်ပေါ့။ ကိုယ့်အပေါ်မှာ ကိုးကွယ်လေးစားလွန်းကြီးတာကို သာ ယာနေတယ်။ ဒီမိုကရေစီရဲ့ခေါင်းဆောင်ဆိုတာ အဲဒါတွေ ကို မသာယာဘူးဗျ။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်တယ်။ ဒါ ပုဂ္ဂိုလ်ရေးထူထောင်မှုပဲ။ ပုဂ္ဂိုလ်ရေးထူထောင်မှုက မြန် မာပြည်မှာ ပါတီကြီးတိုင်းလိုလိုရှိကြပါတယ်။ ကျွန်တော် တို့ကတော့ မကြိုက်ဘူးဗျ။

လက်ရှိ တိုင်းရင်းသားအရေးနဲ့ အပစ်ရပ်စာချုပ်ထိုးဖို့ကို ရော ဘယ်လိုမြင်ပါသလဲ။

အခုမြန်မာပြည်မှာ တိုင်းရင်းသားအားလုံးနီးပါးလို လို လက်နက်ကိုင်ထားကြတယ်။ ကျွန်တော်မြင်တာက တော့ သဘာဝကျပါတယ်။ လက်နက်ကိုင်တယ်ဆိုတာ တခြားရွေးချယ်စရာမရှိလို့ ဆုံးရှုံးနေတဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို ပြန်လည်ရရှိဖို့အတွက် လက်နက် ကိုင်ပြီး တိုက်ကြတယ်ပေါ့ဗျာ။ ဒီမိုကရေစီအရ ပွင့်လင်း လာတဲ့အခါကျတော့ ပါတီထောင်ပြီး ကိုယ်ရရှိတဲ့ အခွင့် အရေး လုပ်ကြတယ်ပေါ့ဗျာ။ ဒီမိုကရေစီခိုင်ခိုင်မာမာ တည်ဆောက်နိုင်တဲ့ အချိန်အထိ၊ ဖက်ဒရယ်စနစ်ကို ခိုင် ခိုင်မာမာ မတည်ဆောက်နိုင်သေးတဲ့အချိန်အထိ လက် နက်ကိုင်အင်အားစုတွေက တစ်စုံတစ်ရာအတွက် ရှိနေဦး မှာပဲ။
လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့ ဘယ်အချက်တွေက အရေးကြီးမလဲ။

ကျွန်တော်ထင်ပါတယ်။ အဓိကကတော့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးတစ်ခုကို ခိုင်ခိုင်မာမာ အုတ်မြစ်ချနိုင် ပြီ။ တိုင်းရင်းသား တန်းတူအခွင့်အရေးတွေကို တကယ် ခံစားခွင့်ရလာမယ်ဆိုရင် လက်နက်ကိုင်တာဟာ အပိုလုပ် ငန်းတစ်ခုလို ဖြစ်သွားလိမ့်မယ်။ အခုလည်း ရခိုင်တပ်မ တော် (AA) ကို NCA လက်မှတ်ထိုးဖို့ ခွင့်မပြုထားဘူးလို့ ကြားတယ်။ စိတ်တော့ မကောင်းဘူးပေါ့။ AA က လက် မှတ်ထိုးဖို့ဆန္ဒရှိတယ်ဆိုရင် အစိုးရဘက်က သဘောထား ကြီးကြီးနဲ့ ခွင့်ပြုသင့်တယ်လို့ ကျွန်တော်ထင်တယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

_____YangonTimesJournal
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။