သူရဦးရွှေမန်း၏ ပထမဆုံးမဲဆွယ်ပွဲ အချက်ခုနစ်ချက်ကတိပြု၍ မဲဆွယ်

သူရဦးရွှေမန်းက ၎င်း၏ပထမဆုံးမဲဆွယ်ဟောပြောမှုအဖြစ် စက်တင်ဘာ ၁၁ ရက်တွင် ဖြူးမြို့နယ်မှ ပြည်သူများအား ဟောပြောနေစဉ် (ဓာတ်ပုံ − Thura U Shwe Mann's FB)
ဖြူးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ၀င် ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦး ရွှေမန်းက ၎င်း၏ မဲဆွယ်စည်းရုံး ရေးခရီးစဉ်တွင် ပညာရေး၊ကျန်း မာရေး၊ လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်ရေး၊ တောင်သူလယ် သမား၊ အလုပ်သမားအရေးတို့ကို ပိုမိုကောင်းမွန်အောင်ဆောင် ရွက်မည်ဟု ကတိပြု၍မဲဆွယ်ခဲ့ သည်။
ဖြူးမြို့နယ်ရှိ မဲဆန္ဒရှင်များ သည် မိမိအတွက် သိက္ခာမကျစေရန်နှင့် ဒုက္ခမရောက်စေရန် ကတိပြုချက်အပါအ၀င် အချက်ခုနစ်ချက်ဖြင့် မဲဆွယ်ခဲ့ခြင်းဖြစ်သည်။
ဦးရွှေမန်းသည် စက်တင် ဘာ ၁၁ရက် နံနက် ၈နာရီမှ ညနေ ၃နာရီအထိ စုစုပေါင်း ခုနစ်နာရီ ကျော်ကြာ ကျေးရွာပေါင်းရှစ်ရွာ သို့ တစ်ရက်တည်းလှည့်လည်၍ မဲဆွယ်စည်းရုံးခဲ့ခြင်းဖြစ်ပြီး ‘‘သီးခြားမဲဆွယ်စည်းရုံးရန် မလိုဘဲ ရွေးကောက်ပွဲအောင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်’’ ဟု သူရဦးရွှေမန်းက ဆိုသည်။
ဇာတိမြို့နယ်ဖြစ်၍မဲဆွယ်စရာမလိုဘဲ ရွေးကော က်ပွဲအောင်နိုင်သော်လည်း သြဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် အဖြစ်အပျက်အချို့ကြောင့် ဒေသခံများ၏ တောင်းဆိုချက်ဖြင့် လာရောက်တွေ့ဆုံခြင်းဖြစ်သည်ဟု သူရဦးရွှေမန်းက ပြောသည်။
သြဂုတ်လ ၁၂ရက်ညတွင် ပြည်ခိုင်ဖြိုးပါတီ၏ ပူးတွဲဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသော သူရ ဦးရွှေမန်းအပါအ၀င် ဗဟိုအလုပ် အမှုဆောင် ၁၂ ဦးကို ဖယ်ရှား လိုက်သည့် ကိစ္စကို ရည်ညွှန်း၍ ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
သူရဦးရွှေမန်း၏ ပထမဆုံးအကြိမ်မဲ ဆွယ်စည်းရုံးရေးတွင် နေရာတစ်ခုလျှင် ဒေသခံတစ်ရာကျော် လာရောက်ကြည့်ရှုခဲ့ပြီး ဒိုင်းတစ်ရာရွာမှ စတင်သည်။ သူရဦးရွှေမန်းက ကားပေါ်မှနေ၍ မဲဆွယ်စည်းရုံး ဟောပြောခြင်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လာရောက်နားထောင်သော ဒေသခံများအနက် 7Day သတင်း စာက လူဆယ်ဦးအားလိုက်လံမေး မြန်းရာ ခုနစ်ဦးကသူရဦးရွှေမန်း ကို တီဗီတွင်သာတွေ့ဖူး၍ အပြင် တွင်လာရောက်ကြည့်ရှုခြင်းဖြစ် သည်ဟုဖြေကြားခဲ့ပြီး ကျန်သုံးဦး မှာမူ ၎င်းကိုသဘောကျ၍ တွေ့ဆုံ ခြင်းဖြစ်သည်ဟု ပြန်လည်ဖြေ ကြားခဲ့သည်။
‘‘အဘတို့က ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းနဲ့ လမ်းတွေ၊ မီးတွေ ဆောင်ရွက်ပေးတာလိုချင်တယ်။ အဲဒါတွေလုပ်ပေးနိုင်မယ့် ကိုယ် စားလှယ်မျိုးပေါ့။ ဦးရွှေမန်းက ဒေသခံဆိုတော့ နိုင်ဖို့အတွက် အ လားအလာကောင်းတော့ပိုရှိနိုင် ပါတယ်’’ဟု စမ်းချောင်းကျေးရွာ၊ ကြူအင်းရွာမှ ဦးတင်ဦးက ဆို သည်။
ဖြူးမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးများကို သမ္မတ ဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့ဖူးသော တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းဦးကို ကျော်ပြီးနောက် သူရဦးရွှေမန်းသည် ဒုတိယအကြိမ်လာရောက် မဲဆွယ်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါမဲဆန္ဒနယ်တွင် သူရဦးရွှေမန်း၊ ဦးကိုကိုကျော်၊ ဒီချုပ် မှ ဦးသန်းညွန့်တို့ အပါအ၀င် ကိုယ်စားလှယ်လောင်း ခုနစ်ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။
သူရဦးရွှေမန်းသည်လာမည့် ရွေးကောက်ပွဲအနိုင်ရလျှင် သမ္မ တနေရာရည်မှန်းချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီးလွှတ်တော်နှင့် ပြည်သူအဆုံးအဖြတ်ကသာ အဓိ ကကျကြောင်း၎င်းကဆိုသည်။
ထို့အပြင်နိုင်ငံနှင့်နိုင်ငံသား များအတွက် အကျိုးပြုနိုင်မည့် မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းဆောင်ရွက်မည်ဖြစ် သည်ဟု သူရဦးရွှေမန်းက ဆို သည်။
‘‘ငါနဲ့မတူ ငါ့ရန်သူ။ အပြုတ် တိုက်မယ်၊ အပြတ်ရှင်းမယ်၊ ငါပဲ နေရာယူမယ်၊ နေရာကို ပုံအမျိုး မျိုးသွင်းပြီးတော့ငါပဲယူမယ်ဆို တဲ့ အနေအထားမျိုးဆိုရင်တော့ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ လိုချင်တဲ့ ငြိမ်းချမ်းရေးရမှာမဟုတ်ဘူး’’ဟု  သူရဦးရွှေမန်းကပြောသည်။
‘‘ရွာတွေဘက်မှာက ဖွံ့ဖြိုး ရေးအရမ်းလုပ်ပေးတော့ တော သူတောင်သားတွေက ဦးရွှေမန်း ကို သဘောကျကြတယ်။ ဒါပေမဲ့ လည်း သူနိုင်မယ်လို့တော့ သေချာ ပြောလို့မရပါဘူး’’ဟု ဖြူးမြို့နယ် ရှိ နိုင်ငံရေးစိတ်ဝင်စားသည့်ဒေသ ခံကိုကျော်စွာကပြောသည်။
သူရဦးရွှေမန်းအနေဖြင့် မဲ ဆွယ်စည်းရုံးရေးဆင်းရာတွင် ပုံ မှန်လုံခြုံရေးအပြင်လက်ပတ်အ စိမ်းများ ၀တ်ဆင်ထားပြီး အင်္ကျီမီးခိုးရောင်ဆင်တူဝတ်ထားသည့် (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၀တ်စုံအ ရောင်) သာမန်အရပ်သားလုံခြုံ ရေးများလည်း ပါဝင်ခဲ့သည်။
အဆိုပါပုဂ္ဂိုလ်များကို 7Day မှ သွားရောက်မေးမြန်းရာဖြူးမြို့ နယ်မှ ဒေသခံများက လုံခြုံရေး ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြန် လည်ဖြေကြားခဲ့သည်။
ထို့အပြင် အဖွဲ့အစည်း လူ ပုဂ္ဂိုလ်အတွက်မဟုတ်ဘဲနှင့်နိုင်ငံ နှင့်နိုင်ငံသားများအတွက်အကျိုး ပြုမည့် ကိုယ်စားလှယ်လောင်း များကိုသာ ရွေးချယ်ရန်ဖြူးမြို့ နယ်ရှိ ဒေသခံများအား သူရဦးရွှေ မန်းက တိုက်တွန်းပြောသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။