လက်နက်ကိုင်အဖွဲ့များအားလုံးပါဝင်နိုင်ရေး ကျေနပ်လောက်သည့် လုပ်ဆောင်ချက်ရမှ NCA လက်မှတ်ထိုးမည်ဟု KNPP ဆုံးဖြတ်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်နက်ကိုင်အဖွဲ့အားလုံးပါဝင် နိုင်မှ (သို့မဟုတ်) အားလုံးပါဝင် ရေးအတွက် ကျေနပ်လောက် သည့် လုပ်ဆောင်မှုကို အစိုးရနှင့် တပ်မတော်က လုပ်ဆောင်ပြမှ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)အနေဖြင့် NCA ကို လက်မှတ်ရေးထိုးမည်ဟု ကေအင်န်ပီပီအရေးပေါ်အစည်း အဝေးက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။


စက်တင်ဘာ ၉ ရက်က နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့သူ ကေအင်န်ပီပီ ဥက္ကဋ္ဌ ခွန်းအေဘယ်တွဒ် ဦး ဆောင်သည့် ကေအင်န်ပီပီအရေး ပေါ်ဗဟိုကော်မတီအစည်းအဝေး ကို စက်တင်ဘာ စတုတ္ထပတ်အ တွင်းက ထိုင်း-ကယား(ကရင်နီ) နယ်စပ်ရှားတောရှိ ၎င်းတို့၏ဌာန ချုပ်တွင် ပြုလုပ်၍အကျေအလည် ဆွေးနွေးခဲ့ကြပြီးနောက် ယခုဆုံး ဖြတ်ချက်ကို ချမှတ်ခြင်းဟုဆို သည်။

‘‘တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးတွင် လက်နက်ကိုင်အဖွဲ့ များကို တစ်ပြိုင်နက် လက်မှတ် ရေးထိုးမှု မလုပ်နိုင်ပါက ပစ်ခတ် တိုက်ခိုက်မှုများသည် ရပ်ဆိုင်း သွားနိုင်ဖွယ်မရှိသည့်အပြင် စာ ချုပ်လက်မှတ်ရေးထိုးချိန်ရောက် သည့်တိုင်အောင် တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုများရပ်တန့် ပေးခြင်းမရှိသည့်အတွက် အစိုးရ နှင့် တပ်မတော်၏ မေးခွန်းထုတ် စရာ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ခိုင်မာမှုကို ယုံကြည်ရန် ခက်ခဲသည့်အလျောက် တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအားလုံးပါဝင်နိုင်မှ သို့တည်း မဟုတ် အားလုံးပါဝင်နိုင်ရေးအ တွက် ကျေနပ်လောက်သည့် လုပ် ဆောင်မှုကို အစိုးရနှင့်တပ်မတော် ဘက်မှ လုပ်ဆောင်ပြပါမှ လက် မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့ကြ ကြောင်း’’ဟူ၍ ကေအင်န်ပီပီ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကေအင်န်ပီပီသည် အစိုးရ နှင့် နှစ်ဖက်အပစ်ရပ်လက်မှတ် ရေးထိုးသော ဆယ်ဖွဲ့မြောက် လက်နက်ကိုင်အဖွဲ့အဖြစ် ၂၀၁၂ မတ်လက လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်သည့် အဆင့်၌ရှိနေသည်။ ၎င်းသည် တပ်ပေါင်းစုဖြစ်သည့် UNFC နှင့် NCCT တို့၏ အဖွဲ့ဝင်လည်း ဖြစ်သည်။

ကရင်နီတပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား ပဋိပက္ခများကြောင့် ကယားပြည်နယ်အတွင်းရှိ အရပ်သားထောင်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ကြရပြီးယင်းတို့အနက် ပြည်သူအများစုသည် ထိုင်းဒုက္ခသည်စခန်းများတွင် ခိုလှုံနေခဲ့ကြသည်မှာဆယ်စုနှစ်များ ချီလာခဲ့ကြပြီဖြစ်သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။