ရှေးဟောင်းမြို့ ငါးမြို့တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် စီမံကိန်းရေးဆွဲနေ

မန္တလေးမြို့အပါအ၀င် ရှေးဟောင်းမြို့ ငါးမြို့တွင် ခရီး သွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုး တိုးတက်စေရန် အီတလီနိုင်ငံ ဖလောရင့်တက္ကသိုလ်မှ ပါမောက္ခများဦးဆောင်သော အဖွဲ့နှင့် မန္တ လေးမြို့ရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ ရှေးဟောင်းပေါင်းစည်းခရီးစဉ် ဒေသစီမံကိန်းရေးဆွဲနေကြောင်း သတင်းရရှိသည်။

မန္တလေး၊ အင်းဝ၊ အမရပူရ၊ စစ်ကိုင်းနှင့် မင်းကွန်းမြို့တို့တွင် ယဉ်ကျေးမှုအမွေအနှစ်များ မပျက်စီးစေဘဲ ထိန်သိမ်းနိုင်ရန် နှင့် ဒေသခံလူနေမှုဘ၀များ၊ အ လုပ်အကိုင်အခွင့်အလမ်းတိုး တက်စေရန် စီမံကိန်းရေးဆွဲရန် အဆိုပြုထားသည့် အီတလီနိုင်ငံမှ ပါမောက္ခမစ္စလိုဒါဦးဆောင်သည့် အဖွဲ့သည် စက်တင်ဘာ တတိယ ပတ်က လာရောက်ဆွေးနွေးခဲ့ ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လက်ထောက်ညွှန်ကြားရေး မှူး ဦးနောင်နောင်လင်းအောင်က ပြောသည်။

‘‘ဒီစီမံကိန်းနဲ့အတူ မြေပုံ ထည့်ဆွဲမယ့်အတွက် ခရီးအသွား အလာများတဲ့ နေရာတွေပေါ့။ မဟာမြတ်မုနိဘုရားတို့၊ မန္တလေး တောင်တို့၊ ဟိုတယ်ဇုန်တွေ၊ နောက်ပန်းဆယ်မျိုးနဲ့ လက်မှုအနုပညာလုပ်ငန်းတွေရှိမယ့် ယွန်းထည်လုပ်ငန်း၊ ရွှေဆိုင်းခတ်တဲ့လုပ်ငန်းတွေ ရှိမယ့်နေရာတွေ၊အမှတ်တရပစ္စည်းအရောင်းဆိုင် တွေ စသဖြင့်ပေါ့နော်။ ရှေးဟောင်းမြို့တော်ရဲ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေရဖို့ သက်ဆိုင်ရာဌာန တွေ နဲ့ အီတလီ နိုင်ငံ ပါမောက္ခက လာတွေ့တာ ဖြစ်ပါတယ်’’ ဟု ဦးနောင်နောင် လင်းအောင်က ရှင်းပြသည်။

အီတလီနိုင်ငံ ဖလောရင့် တက္ကသိုလ်မှ ပါမောက္ခများ ဦး ဆောင်သော အဖွဲ့သည် ပေါင်း စည်းခရီးစဉ်စီမံကိန်းရေးဆွဲထား သည့် မြေပုံအကြမ်းထည်ကို ၂၀၁၆ မတ်လတွင် သက်ဆိုင်ရာ ဌာနများသို့ တင်ပြမည်ဖြစ်ပြီး မန္တ လေးမြို့ ဟိုတယ်နှင့် ခရီးသွား လာရေးညွှန်ကြားမှုဦးစီးဌာနက အတည်ပြုချက်ထုတ်ပြန်မည်ဖြစ် သည်။

‘‘ဒီစီမံကိန်းပြီးသွားရင် လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး သင်တန်းတွေ ပေးဖို့လည်း စီစဉ် ထားတာရှိတယ်။ ဒီမံကိန်းကို ၂၀၁၅ မတ်လမှာ ရေးဆွဲဖို့ စတင် ခဲ့ပြီးတော့ ၂၀၁၆ မတ်လလောက် မှာ တင်ပြဖို့အတွက် လာခဲ့မယ်လို့ အီတလီနိုင်ငံ ပါမောက္ခတွေက ပြောထားပါတယ်။ ရှေးဟောင်း ခရီးစဉ်ဒေသခံတွေအတွက်နဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းဖို့ အတွက် ဘာတွေလုပ်ပေးမလဲဆို တဲ့ အသေးစိတ်ကတော့ စီမံကိန်း ရေးဆွဲပြီးမှပဲ သိလိမ့်မယ်ဗျာ’’ဟု ၎င်းက ပြောသည်။

ရှေးဟောင်းမြို့များ ပေါင်း စည်းထားသော ခရီးစဉ်ဒေသစီမံ ကိန်းနှင့် ပတ်သက်၍ သက်ဆိုင် ရာခရီးစဉ်အချက်အလက်များ အတွက် စီမံကိန်းရေးဆွဲရေးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာန၊ မန္တလေးတက္ကသိုလ်၊ မြို့တော် စည်ပင်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနအစရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆောင် ရွက်လျက်ရှိသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။